Home သတင်း KNU အဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ပါးရိုက်

KNU အဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ပါးရိုက်

2144
ဇူလိုင်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

P1000884
တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ ‌မေတ္တာ မြို့နယ်ခွဲရှိ ဝါး‌တောရွာ အ‌ခြေစိုက် မြန်မာအစိုးရ စစ်တပ် စစ်ကွပ်ကဲ ‌ရေးဌာနချုပ်(စကခ-၁၉) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၅၈၈)တပ်ရင်းမှ ဗိုလ်မှူး ‌အောင်ဝင်းထူးက ၎င်း‌ဒေသရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့ဝင်တစ်ဦးကို ပါးရိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ရက်၊ ‌နေ့လည် ၁၂နာရီ‌ကျော်က ‌တောင်ထန်းဖက် တင်‌ဆောင်လာသည့် KNU ကားတစ်စီး ကို ဝါး‌တောရွာအ‌ရောက်တွင် ဗိုလ်မှူး ‌အောင်ဝင်းထူးက တားမြစ်ခဲ့ပြီး ကား‌မောင်း‌နေသည့် KNU အဖွဲ့ဝင် ‌စော‌ကျော်ထွန်းဝင်းကို ‌ခေါ်ဆင်းကာ ပါးတစ်ချက် ရိုက်ခဲ့သည်ဟု ‌မေတ္တာမြို့နယ်ခွဲရှိ KNU ၏ ထီးမိုပွာမြို့နယ်မှူး ပဒို‌စောကြည်နိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဝါး‌တောမှာ ကား‌ခေါ်ရပ်‌တော့ ကား‌ပေါ်က‌နေ ဆင်းလာတဲ့ ကား‌မောင်းသူ ‌စော‌ကျော်ထွန်းဝင်းကို ဘယ်ကလဲ လို့ ဗိုလ်မှူး‌အောင်ဝင်းထူးက ‌မေး‌တော့ KNU လို့ ပြန်‌ပြောလိုက်တဲ့အခါ ပါးရိုက်လိုက်တယ်။ အရိုက်ခံရတဲ့ အချိန် မှာ အရပ်ဝတ် ဝတ်ထားတယ်။ ဘာ‌ကြောင့် ရိုက်လဲဆိုတာ‌တော့ မသိဘူး”ဟု ပဒို‌စောကြည်နိုက ‌ပြောဆိုသည်။

လက်ရှိ ‌စော‌ကျော်ထွန်းဝင်း အရိုက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ယ‌နေ့မနက်တွင် KNU တပ်မဟာ(၄)၊ ဘိတ်/ ထားဝယ်ခရိုင်ဌာနချုပ်သို့ အ‌ကြောင်းကြားစာ တင်ထားပြီးဟုလည်း ပဒို‌စောကြည်နိုက ဖြည့်စွက်‌ပြောသည်။

‌မေတ္တာမြို့နယ်ခွဲရှိ ယခင် KNU တပ်မဟာ(၄) ဌာနချုပ်‌ဟောင်း‌နေရာ မဲတနီခီးတွင် ကားထားရှိရန်ရုံ ‌ခေါင်းမိုး မိုးရန်အတွက် ကားဖြင့် ‌တောင်ထန်းဖက် တင်‌ဆောင်လာသည့် ‌စော‌ကျော်ထွန်းဝင်းအပါအဝင် KNU တပ်မဟာ (၄)ဌာနချုပ်မှ လုံခြုံ‌ရေး တပ်စုမှူး ဗိုလ်သိန်း‌ငွေနှင့် အမျိုးသမီးတစ်ဦး(ဗိုလ်မှူး ‌စော‌ကျော်ဒါး၏ ဇနီး)ကို ခမရ-၅၈၈ က တားမြစ်ခဲ့ပြီး တစ်ဦးအား ယင်းသို့ ပါးရိုက်ခဲ့ခြင်းဖြစ်သည်။

‌မေတ္တာမြို့နယ်ခွဲရှိ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “KNU က လူဆို‌တော့ အဲလို အစိုးရစစ်တပ်က ပါးရိုက် မယ်လို့ ကျ‌နော်တို့ ဘယ်ထင်မလဲ။ သူ(‌စော‌ကျော်ထွန်းဝင်း) ပါးရိုက်ခံရတဲ့အချိန်မှာ ဖြတ်သန်းသွားလာ‌နေတဲ့ ‌ဒေသခံရွာသား‌တွေ အားလုံးက ကြည့်‌နေကြတယ်။ ဘာမှ မ‌ပြောရဲကြဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄နှင့် ၅ရက်‌နေ့ကလည်း ဗိုလ်မှူး ‌အောင်ဝင်းထူးဦးသည် ဝါး‌တောရွာသားအချို့ကို ရိုက်နှက်ခဲ့ သဖြင့် သက်ဆိုင်ရာ နည်းဗျူဟာ(၂) နှင့် စစ်ဗျူးဟာ(၂)သို့ ရွာသားများက တိုင်ကြားခံခဲ့ရ‌သော်လည်း ‌ခေါ်ယူ စစ်‌ဆေးမှုကိုသာ ခံခဲ့ရသည်။

ဗိုလ်မှူး ‌အောင်ဝင်းထူး ဦး‌ဆောင်သည့် ခမရ-၅၈၈ တပ်ရင်းသည် ဝါး‌တော‌ဒေသ၌ ပြီးခဲ့သည့် ‌မေလကုန်ပိုင်းက လာ‌ရောက်တာဝန်ယူခဲ့သည့် တပ်ရင်းဖြစ်ပြီး ၎င်းတပ်ရင်း မ‌ရောက်မီကာလတွင် ယခင် တာဝန်ထမ်း‌ဆောင်ခဲ့ သည့် ခမရ-၂၉၉ တပ်ရင်းနှင့် ဝါး‌တော‌ဒေသခံတို့သည် ဆက်ဆံ‌ရေး အဆင်‌ပြေလျှက်ရှိ‌ကြောင်း သိရသည်။