Home သတင်း ဗဟန်းမြို့နယ်တွင် ပဋိပက္ခ ဂရုပြုသတင်း‌ရေးသားနည်း ပညာသင်တန်း ပြုလုပ်

ဗဟန်းမြို့နယ်တွင် ပဋိပက္ခ ဂရုပြုသတင်း‌ရေးသားနည်း ပညာသင်တန်း ပြုလုပ်

1705
ဇွန်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

IMG_20130625_110726
မြန်မာမီဒီယာများ၏ စွမ်း‌ဆောင်ရည်မြှင့်တက် ရန်နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဆက်စပ်‌နေသူများအကြား ‌ပေါင်းကူးအဖြစ် လုပ်‌ဆောင်‌ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပဋိပက္ခဂရုပြုသတင်း‌ရေးသားနည်းပညာသင် တန်း(Training on Conflict Sensitive Journalism)တစ်ခုကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ Crystal Jade Restaurant တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ သုံးရက်ကြာ ရက်တိုသင်တန်းကို မြန်မာငြိမ်းချမ်း‌ရေးစင်တာ (Myanmar Peace Center-MPC) နှင့် နိုင်ငံတကာ မီဒီယာပံ့ပိုး‌ရေးအဖွဲ့ (International Media Support)တို့ ပူး‌ပေါင်းစီစဉ်ကာ ဇွန်လ ၂၄ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းစီမံကိန်းမန်‌နေဂျာ ‌ဒေါ်သင်းသင်း‌အောင်က “အခုလို မီဒီယာလွှတ်လပ်ခွင့်ရှိလာတဲ့အခါမှာ သတင်း သမားများအ‌နေနဲ့ ပညာရှင်ဆန်‌သော သတင်း‌ရေးသားမှုများ ဖြစ်လာ‌စေချင်ပါတယ်။ ပဋိပက္ခသတင်း‌ရေးသား တဲ့ အခါမှာလည်း ဓမ္မဓိဌါန်ကျကျ ‌ရေးသားတတ်ဖို့ အ‌ရေးကြီးတဲ့အတွက် ဒီသင်တန်းကို လုပ်တာပါ”ဟု ၎င်းသင်တန်းတွင် ‌ပြောကြားခဲ့သည်။

ပဋိပက္ခဂရုပြုသတင်း‌ရေးသားနည်းပညာ သင်တန်းတွင် ပြည်‌ထောင်စု‌နေ့စဉ်၊ Eleven Media၊ Chin World Media၊ Mizzma၊ Karen Information Center၊ မြဝတီ၊ လူထုပုံရိပ် စသည့် မြန်မာ့သတင်းမီဒီယာများမှ သတင်း‌ထောက်‌ပေါင်း ၂၂ဦး တက်‌ရောက်ခဲ့သည်။


သင်တန်းတွင် ပဋိပက္ခကို နားလည်သ‌ဘော‌ပေါက်ခြင်း၊ စာနယ်ဇင်းများအတွက် ပဋိပက္ခဆန်းစစ် အကဲဖြတ် ခြင်း၊ မီဒီယာလွှမ်းမိုးမှု၊ ပဋိပက္ခဝန်းကျင်တွင် သတင်းခန်းစီမံခန့်ခွဲခြင်း စသည့် ဘာသာရပ်များကို သင်ကြား‌ပေး ခဲ့သည်ဟု သင်တန်း‌ရောက်ခဲ့သည့် သတင်း‌ထောက်များက ဆိုသည်။

Chin World Media မှ သတင်း‌ထောက်တစ်ဦးက “နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ ဒီသင်တန်းက အကျိုးသက် ‌ရောက်မှု ရှိပါတယ်။ သတင်းသမား‌တွေရဲ့ ‌ရေးသားချက်‌တွေက ပြည်သူ‌တွေရဲ့ အမြင်‌တွေကို ‌ပြောင်းလဲ‌စေနိုင် တယ်ဆိုတာ သိလာခဲ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၂၀၁၂ ဒီဇင်ဘာလ ၁ရက်‌နေ့မှစ၍ ရန်ကုန်၊ ‌တောင်ကြီး၊ မန္တ‌လေး စသည့်‌နေရာ‌ဒေသများသို့ ပဋိပက္ခဂရုပြု သတင်း‌ရေးသားနည်းပညာသင်တန်းကို နိုင်ငံတကာ မီဒီယာပံ့ပိုး‌ရေးအဖွဲ့က လိုက်လံကျင်းပ‌ပေးခဲ့ပြီး လာမည့် ဇွန်လ ၂၈ရက်‌နေ့၌ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ဆက်လက်ကျင်းပသွားရန် ရှိသည်ဟု သိရသည်။