အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) ဝင်းရေးမြို့နယ် ပုလိန်ရွာတွင် အောက်တိုဘာလ(၁၂)ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသား(၁)ဦးကို စစ်ကြောင်းထိုးလာသည့်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်၍ ရွာသားအချို့ကိုဖမ်းဆီးထားကြောင်း ထိုရွာခံများကပြောသည်။
အင်အား(၂၀၀)ဝန်းကျင်ပါရှိသည့် စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်စခန်းမှတစ်ဆင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာရာ ပုလိန်ရွာဘက်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့်...