Home သတင်း မြဝတီနယ်စပ်မှတဆင့်ပုံမှန်တင်သွင်း ‌နေကျ ထိုင်းစား‌သောက်ကုန်ပစ္စည်း ၅ မျိုးအား တင်သွင်းခွင့်ယာယီရပ်ဆိုင်း

မြဝတီနယ်စပ်မှတဆင့်ပုံမှန်တင်သွင်း ‌နေကျ ထိုင်းစား‌သောက်ကုန်ပစ္စည်း ၅ မျိုးအား တင်သွင်းခွင့်ယာယီရပ်ဆိုင်း

1581

ဧပြီလ ၁၈ ရက် ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှတဆင့် ပုံမှန်တင်သွင်း‌နေကျ ထိုင်းစား‌သောက်ကုန်ပစ္စည်း ၅ မျိုးအား ‌မေလ ၁ ရက်‌နေ့မှစ၍ တင်သွင်းခွင့်ယာယီရပ်ဆိုင်း လိုက်‌ကြောင်း သိရသည်။

ယခင်က သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ‌ထောက်ခံချက်များဖြင့် တင်သွင်းလျက်ရှိသည့် အချိုရည်မျိုးစုံ၊ ‌ကော်ဖီမစ်မျိုးစုံနှင့် တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ နှင့် နို့စိမ်း စသည့် ထိုင်းစား‌သောက်ကုန်ပစ္စည်း ၅ မျိုးကို လာမည့်‌မေလ ၁ ရက်‌နေ့မှစ၍ နယ်စပ်‌ဒေသများမှတဆင့် တင်သွင်းခွင့်မပြု‌တော့‌ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို ပင်လယ်‌ရေ‌ကြောင်းမှသာ တင်သွင်းခွင့်ပြုသွားမည်ဟု စီးပွား‌ရေးနှင့်ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာနလက်‌အောက်ရှိ ကုန်သွယ်‌ရေးဦးစီဌာန မှ မြဝတီနယ်စပ်ကုန်သည်များသို့ ယ‌နေ့ ဧပြီလ ၁၈ ရက် ‌နေ့စွဲဖြင့် အသိ‌ပေးအ‌ကြောင်းကြားစာ ‌ပေးပို့ထားသည်ဟု မြဝတီ နယ်စပ် ကုန်သည်တစ်ဦးက ‌ပြောသည်။