Home ရွေးကောက်ပွဲသတင်း ပြည်နယ်လွှတ်‌တော်အစား တိုင်းရင်းသားလွှတ်‌တော်မဲပုံးသို့ ၆၇မဲ မှားယွင်းထည့်မိ

ပြည်နယ်လွှတ်‌တော်အစား တိုင်းရင်းသားလွှတ်‌တော်မဲပုံးသို့ ၆၇မဲ မှားယွင်းထည့်မိ

2680

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

ဖားအံမဲဆန္ဒနယ်အမှတ်(၂)ရှိ လှာကာ‌ကျေးရွာ မဲရုံအမှတ်(၂)တွင် ပြည်နယ်လွှတ်‌တော်မဲပုံးကို ထည့်ရမည့် ၆၇မဲကို တိုင်းရင်းသားလွှတ်‌တော် မဲပုံးတွင် ထည့်မိသည့် ဖြစ်စဉ်တစ်ခု ယ‌နေ့ နိုဝင်ဘာလ ၈ရက်‌နေ့တွင် ဖြစ်ပွားခဲ့‌ကြောင်း ပြည်နယ်လွှတ်‌တော်၏ တစ်သီးပုဂ္ဂလကိုယ်စားလှယ်‌လောင်း ‌ဒေါက်တာ‌နော်ယုဇနဝင်းက မွန်းလွဲ ၂း၃ဝနာရီအချိန် တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“မဲလာထုတဲ့အချိန်မှာ ပြည်နယ်လွှတ်‌တော်အတွက် ဆန္ဒမဲမဟုတ်ဘဲနဲ့ တိုင်းရင်းသားအတွက် မဲဖြစ်‌နေတယ်။ တိုင်းရင်း သားစာအုပ်နဲ့ သူတို့(မဲရုံ)က ဖြတ်ပြီး‌တော့ ‌ပေးမိတယ်။ ဆို‌တော့ တိုင်းရင်းသားမဲက ပယ်မဲဖြစ်တာ‌ပေါ့။ ကျမသ‌ဘော က‌တော့ ပယ်မဲဖြစ်‌နေတယ်ဆိုလို့ရှိရင် နှစ်ခုလုံး ‌ပေးပယ်လိုက်‌ပေါ့။”ဟု ‌နော်ယုဇနဝင်းက ‌ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များကို မှန်ကန်စွာ ထပ်မံ မဲပြန်‌ပေးနိုင်ရန် ပြည်နယ်‌ရွေး‌ကောက် ပွဲ‌ကော်မရှင်နှင့် ဆက်လက် ညှိနှိုင်းသွား‌နေဆဲဖြစ်‌ကြောင်း လတ်တ‌လော အ‌ခြေအ‌နေအရ သိရသည်။