Home သတင်း ငြိမ်းချမ်း‌ရေးကို ‌ရှေ့ရှုသည့် အစိုးရတစ်ရပ်‌ပေါ်‌ပေါက်လာရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ‌မျှော်လင့်

ငြိမ်းချမ်း‌ရေးကို ‌ရှေ့ရှုသည့် အစိုးရတစ်ရပ်‌ပေါ်‌ပေါက်လာရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ‌မျှော်လင့်

1816

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ယ‌နေ့ နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရ‌စေီ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲအလွန်တွင် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးကို ‌ရှေ့ရှု‌သော မူဝါဒများ ချမှတ်သည့် အစိုးရသစ်တစ်ရပ် ‌ပေါ်‌ပေါက် လာရန် ‌မျှော်လင့်‌ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က သ‌ဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ ကြသည်။

‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်ပြီး နိုဝင်ဘာလ(၇)ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ငြိမ်းချမ်း‌ရေးရရှိရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ‌ရှေ့ရှုသည့် အစိုးရတစ်ရပ်ကို ‌ရွေး‌ကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းပြီး အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မည့်မူဝါဒကို ချမှတ် ‌ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် အစိုးရသစ်အ‌နေဖြင့် အဆိုပါချမှတ်ထားသည့် ငြိမ်းချမ်း‌ရေးမူဝါဒများကို အ‌ခြေခံလျှက် ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုများတွင် ငြိမ်းချမ်း‌ရေးဆန္ဒ၊ နိုင်ငံ‌ရေးဆန္ဒရှိရှိဖြင့် အားလုံးပါဝင်‌ရေးမူဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ‌ဖော်‌ဆောင်သွားရန်လည်း ဆက်လက် ‌တောင်းဆိုထားသည်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO) အ‌နေဖြင့် လက်ရှိကြုံ‌တွေ့ရ‌သော တိုင်းပြည်၏ ပြဿ နာများကို ‌ဖြေရှင်းရန် ဒီမိုက‌ရေစီဖက်ဒရယ် တည်‌ဆောက်‌ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေး၊ အမျိုးသားညီ ညွှတ်‌ရေးသည် မရှိမဖြစ် လိုအပ်‌ကြောင်း ယမန်‌နေ့က ထုတ်ပြန်သည့် ၎င်းတို့၏ ‌ရွေး‌ကောက်ပွဲဆိုင်ရာ သ‌ဘောထား ထုတ်ပြန်ချက်၌ ‌ဖော်ပြပါရှိသည်။

၎င်းတို့အ‌နေဖြင့် ၂၀၂၀‌ရွေး‌ကောက်ပွဲအလွန်တွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးလုပ်ငန်းစဉ်များ ‌အောင်မြင်‌စေ‌ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးကို အ‌ခြေခံသည့် အမျိုး သားညီညွှတ်‌ရေးအစိုးရ (National Unity Government) ‌ပေါ်‌ပေါက်လာရန် ကြိုးပမ်း‌စေလို‌ကြောင်း တိုက်တွန်းထားခဲ့ သည်။

၂၀၁၅‌ရွေး‌ကောက်ပွဲအပြီး တက်လာသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ အမျိုးသား ပြန်လည်သင့် မြတ်‌ရေး ကြိုးပမ်း‌ဆောင်ရွက်မှုများရှိခဲ့‌သော်လည်း တပ်မ‌တော်နှင့် အစိုးရကြားဦးတည်သည့် အမျိုးသားပြန်လည်သင့် မြတ်‌ရေး သ‌ဘောထားများသာ ‌တွေ့ရပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်မှုများအ‌ပေါ် သ‌ဘော ‌ပေါက် နားလည်မှု အားနည်းခဲ့‌ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က ‌ဝေဖန်‌ထောက်ပြမှုများ ရှိခဲ့သည်။

သို့‌သော် ပြီးခဲ့သည့် ဩဂုတ်လ (၁၉)မှ (၂၁)ရက်‌နေ့တွင် ၂၀၂ဝ အလွန် တက်လာမည့် အစိုးရနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်များ ‌ရှေ့ဆက်သွားနိုင်ရန် လက်ရှိ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့တို့အကြား စတုတ္ထအကြိမ်‌မြောက် ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံအစည်းအ‌ဝေးကို ကျင်းပခဲ့ပြီး အစိတ်အပိုင်းသုံးခု ပါဝင်သည့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အပိုင်း (၃)ကို ချုပ်ဆိုထားခဲ့ကြသည်။

အဆိုပါ သ‌ဘောတူညီချက်များအရ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ရှေ့ဆက်သွားနိုင်မည့် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင် ရာ မူ‌ဘောင် သ‌ဘောတူညီချက် (၁၅)ချက်နှင့် ၂၀၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အ‌ကောင် အထည်‌ဖော်မှုများအပြင် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အ‌ခြေခံသည့် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ လမ်းညွှန်အ‌ခြေခံမူ သ‌ဘောတူညီချက် (၅)ချက်တို့ကိုလည်း ‌ဆွေး‌နွေး သ‌ဘောတူထားခဲ့သည်။

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO) အဖွဲ့များသည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)တွင် ကနဦး လက်မှတ်‌ရေးထိုးခဲ့ကြသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တွင် ပါဝင်သည်။