Home ရွေးကောက်ပွဲသတင်း လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၂စု၏ မဲရုံများတွင် မဲထည့်သူဦး‌ရေ နည်းပါး

လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၂စု၏ မဲရုံများတွင် မဲထည့်သူဦး‌ရေ နည်းပါး

2158

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌စော‌လော‌ကျေးရွာအုပ်စု မဲရုံအမှတ်(၁)နှင့် ပိုးပ‌လေ‌ကျေးရွာအုပ်စု မဲရုံအ မှတ်(၁)တွင် မဲထည့်သူဦး‌ရေနည်းသည်ဟု ‌ကျေးရွာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ‌ပြောသည်။

‌စော‌လော‌ကျေးရွာအုပ်စုတွင် မဲထည့်နိုင်သည့် မဲဆန္ဒရှင် ဦး‌ရေ ၆၀၀‌ကျော်ရှိ‌သော်လည်း မဲထည့်သူဦး‌ရေ ၁၀၀‌ကျော်သာ ရှိသကဲ့သို့ ပိုးပ‌လေ‌ကျေးရွာအုပ်စုတွင်လည်း မဲထည့်သူဦး‌ရေ ၈၀၀‌ကျော်ရှိသည့်အနက် အ‌ယောက် ၄၀၀‌ကျော်အထိသာ မဲထည့်သည်ဟု သိရသည်။

ယင်းသို့ မဲထည့်သူ နည်းပါးသည့်အ‌ကြောင်းရင်းမှာ ‌ကျေးရွာတစ်ရွာနှင့်တစ်ရွာ အကွာအ‌ဝေးရှိပြီး လမ်းပမ်းဆက်သွယ် ‌ရေး ခက်ခဲသည့်အတွက်‌ကြောင့်ဖြစ်သလို ယခုအချိန်တွင်လည်း ‌တောင်ယာစပါး ရိတ်သိမ်းချိန်ဖြစ်သည့်အတွက် မဲထည့်သူအ‌ရေအတွက် နည်းရခြင်းဖြစ်သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌စော‌လော‌ကျေးရွာအုပ်စု ‌ကျေးရွာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ‌စော‌လေးဖိုးက “ကျ‌နော်တို့က မဲလာထည့်ဖို့အ တွက် လိုက်‌ပြောတာပဲ။ ဒါ‌ပေမယ့် သူတို့မှ စိတ်မဝင်စား‌တော့ ဘယ်လိုမှလုပ်လို့မရဘူး။ ကျ‌နော်တို့‌ကျေးရွာအုပ်စုက ပြီးခဲ့တဲ့ ၂၀၁၅တုန်းကလည်း မဲထည့်ရတယ်။ ဒါ‌ပေမယ့် ဒီနှစ်က အရင်တစ်‌ခေါက်ထက်‌တောင် မဲလာထည့်တာ နည်း တယ်လို့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ‌ဒေသတွင် မဲအသိပညာ‌ပေး ဝင်‌ရောက်‌ပေးခြင်း အားနည်းသလို ပါတီများ စည်းရုံး‌ရေးဆင်းခြင်း အား နည်းသည့်အတွက် ပြည်သူလူထုများ မဲထည့်ရန် စိတ်ဝင်စားမှု အားနည်းသွားရခြင်းဖြစ်‌ကြောင်းလည်း ‌ဒေသခံရွာသားများက ‌ပြောဆိုသည်။

ခ‌လော့‌ဒေး‌ကျေးရွာအတွင်း‌ရေးမှူး တီးချဲ‌ဖောက “ဒီအချိန်မှာ ကပ်‌ရောဂါ‌ကြောင့် တစ်ခြား‌နေရာမှာ အလုပ်သွားလုပ်တဲ့ သူ‌တွေကလည်း သူတို့မဲပြန်လာထည့်လို့ မရတဲ့အ‌ခြေအ‌နေလည်း ရှိတာ‌ပေါ့။ ပြီး‌တော့ ဒီကလူ‌တွေက မဲထည့်ပါ ‌ပြော ‌ပေမယ့်လည်း သူတို့က သိပ်မစားတာ‌တွေ့ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ကျေးရွာအုပ်စု ၂စုသည် ၂၀၁၅ခုနှစ်ကတည်းက မဲ‌ပေးခွင့်ရသ့ည့် ‌ကျေးရွာအုပ်စုများဖြစ်ကြပြီး KNU-ကရင်အမျိုး သားအစည်းအရုံး ထိန်းချုပ်နယ်‌မြေဖြစ်‌သော‌ကြောင့် မဲဆန္ဒရှင်ပြည်သူများ မဲ‌ပေးရာတွင် လုံခြုံစိတ်ချ‌စေရန်အတွက် KNU ဘက်မှ လုံခြုံ‌ရေးကင်း‌စောင့်‌ပေးခြင်းများလည်း ရှိသည်ဟု သိရသည်။