Home သတင်း ဇွဲကပင်‌တောင်‌ပေါ်မှ ခုန်ချသည့် လူငယ်ရုပ်အ‌လောင်းရှာ‌တွေ့ ၁၅ ရက်အတွင်း ဒုတိယ‌မြောက်ဖြစ်

ဇွဲကပင်‌တောင်‌ပေါ်မှ ခုန်ချသည့် လူငယ်ရုပ်အ‌လောင်းရှာ‌တွေ့ ၁၅ ရက်အတွင်း ဒုတိယ‌မြောက်ဖြစ်

3836
Photo: မီးသတ်ဦးစီးဌာန fb

ဇူလိုင် ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ဇွဲကပင်‌တောင်‌ပေါ်မှ ယ‌နေ့ မွန်းလွဲပိုင်းတွင် ခုန်ချသတ်‌သေသည့် လူငယ်ရုပ်အ‌လောင်းကို ည‌နေ ၅ နာရီ ‌ကျော်တွင် ပြန်လည်‌တွေ့ရှိခဲ့ပြီး ၁၅ရက်အတွင်း ဒုတိယ‌မြောက်ခုန်ချသတ်‌သေမှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ အ‌လောင်းကိုု‌တော့ ဒရုန်းနဲ့လည်း ‌တွေ့တယ်။ ဒါ‌ပေမယ့် မသဲကွဲဘူး‌ပေါ့၊ မသဲကွဲ‌တော့ ‌မြေပြင်တစ်ဖွဲ့က‌နေပြီး ပတ်ရှာတဲ့အခါမှာ သွား‌တွေ့ပါတယ်။ပြုတ်ကျတဲ့‌နေရာက ‌မြေပြင်က‌နေ ၆၂၃ ‌ပေပါ။ ‌တောင်‌ပေါ်က‌နေ ဆို ရင်‌တော့ ‌ပေ ၂,၇၀ဝ ‌လောက်ရှိမယ်ထင်တယ်။ မြန်မြန်‌တွေ့‌တော့ အ‌လောင်းကို သယ်လာဖို့ အဆင်‌ပြေသွား တာ‌ပေါ့” ဟု ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းက ‌ကေအိုုင်စီသို့‌ပြောသည်။

အဆိုပါ ကိုယ့်ကိုယ်ကို သတ်‌သေသည့် လူငယ်သည် ဖားအံတက္ကသိုလ် ဘူမိ‌ဗေဒ ပထမနှစ်‌ကျောင်းသားဖြစ်ပြီး ယ‌နေ့ နံနက် ၇နာရီ ဝန်းကျင်ခန့်တွင် ‌တောင်‌ပေါ်သို့တက်ကာ ကိုယ့်ကိုယ်ကို ‌သေ‌ကြောင်းကြံစည်ပြီး ယခုလို ခုန်ချသွားခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကိုယ့်ကိုယ်ကို‌သေ‌ကြောင်းကြံသွားသည့် လူငယ်သည် သူ၏ မိဘများကို စာတစ်‌စောင်ချန် ထားခဲ့ သလို ဆိုင်ကယ်နှင့် အိတ်တစ်လုံးလည်း ဇွဲကပင်‌တောင် အ‌ရှေ့ဘက် ခ‌လောက်နို့ဘက်ခြမ်းတွင် ချန်ထား သည်ဟု သိရသည်။

ပြီးခဲ့သည့်လ ဇွန် ၂၅ ရက်‌နေ့တွင်လည်း ဖားအံတက္ကသိုလ်‌ကျောင်းသူတစ်ဦးလည်း ဇွဲကပင်‌တောင်‌ပေါ်တက်ပြီး ခုန်ချ‌သေဆုံးမှုဖြစ်ပွားခဲ့‌သေးသလို ‌ပျောက်ဆုံးပြီး ၁ရက်‌ကျော်မှ ပြန်လည်ရှာ‌ဖွေ‌တွေ့ရှိခဲ့သည်။