အောက်တိုဘာ ၂၁ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပမည့် ၂၇၅၉ ခု ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်များအတွက် ဘတ်ဂျက် သိန်း ၁,၀၀ဝ ကျပ် သုံးစွဲမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် နှစ်သစ်ကူးပွဲ တော်ကို တောင်ပိုင်းခရိုင် တွံတေးမြို့နယ်၊ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ၃၅ဝ ဦးခန့် တက်ရောက်သည့် အစည်းအဝေးကို အောက်တိုဘာ ၂ဝ ရက်နေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့ နယ်၊ ပန်းဝါလမ်း၊ ခြံအမှတ် ၂၆ ရှိ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေအိမ်ဝန်းအတွင်း၌ ကျင်းပခဲ့ပြီး အစည်းအဝေး၌ ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးနော်ပန်းသဉ်ဇာမျိုးက “ရန်ကုန်တိုင်းဒေသကြီးအဆင့် နှစ်သစ်ကူးပွဲတော်ကို တွံတေးမြို့နယ်၊ ဘောလုံး ကွင်းမှာ ကျင်းပသွားမယ်။ ၅ ရက်ကြာ ကျင်းပဖို့ ရည်ရွယ်ထားတယ်။ လာမဲ့ နှစ်သစ်ကူးပွဲတော်တွေ အတွက် သိန်း ၁, ဝ၀ဝ သုံးစွဲသွားမယ်၊ တိုင်းအဆင့် ပွဲတော်တွက် ဘတ်ဂျက် သိန်း ၅၀ဝ သုံးမယ်။ ကျန်သိန်း ၅၀ဝ ကို မြို့နယ်တွေကို ခွဲဝေပေးသွားမယ်” ဟု အစည်းအဝေးအပြီးတွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အစည်းအဝေးတွင် တွံတေးတွင်ပြုလုပ်မည့် တိုင်းအဆင့် နှစ်သစ်ကူးပွဲတော်အတွက် ကဏ္ဍအသီးသီး ပြင်ဆင်ရေးလုပ်ငန်းများကို ချမှတ်ခဲ့သလို ပွဲတော်တွင် ပိုး-စကော ရိုးရာ နေအိမ်များဆောက်လုပ်ကာ ကရင် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သမိုင်းဆိုင်ရာပြခန်းများ ထည့်သွင်းပြသရန်၊ အားကစားပြိုင် ပွဲများကျင်းပရန် နို်င်ငံတော်အဆင့် အကြီးအကဲများနှင့် ကရင့်အမျိုးသား ခေါင်းဆောင်များကို ဖိတ်ကြားရန်လျာ ထားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၂၇၅၉ ခု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ တော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က အစဉ်အလာမပျက် အင်းစိန်မြို့နယ်၊ မဟာဆေးဝကင်္ဘာ၊ အာလိန်ငါးဆင့် ကျောင်းဝန်း၌ ကျင်းပသွားမည်ဖြစ်သလို ရန်ကုန်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းခရိုင်တို့ ရှိမြို့နယ် ၁ဝ ခုကျော်တို့တွင်လည်း အသီးသီးကျင်းပသွားရန်ရှိသည်ဟု ဆိုင်ရာမြို့နယ်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူများက အသီးသီး ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး အနေဖြင့် ယခု ၂၀၁၉-၂ဝ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ကျပ်သိန်း ၂,၅၀ဝ သုံးစွဲသွားမည်ဖြစ်ကာ နှစ်သစ်ကူးပွဲတော်များအတွက် ကျပ်သိန်း ၁,၀၀၀၊ လာမည့်နှစ် ချည်ဖြူဖွဲ့မဂင်္လာပွဲအတွက် ကျပ်သိန်း ၅၀၀၊ ကရင်အမျိုးသားသမိုင်း၊ ကရင်-ဗမာ-အဂင်္လိပ် အဘိဓာန်ထုတ်ဝေရေးအတွက် ကျပ်သိန်း ၁၅ဝနှင့် နွေရာသီ ကရင်စာသင်ဆရာဆရာမများ မွမ်းမံ သင်တန်းများအတွက် ကျပ်သိန်း ၅၅ဝ သုံးစွဲရန် လျာထားကြောင်း ရေးရာဝန်ကြီးထံမှ သိရသည်။



















