Home သတင်း ကရင်ပြည်နယ် NLD ၏ အမှိုက်‌ကောက်အစီအစဉ် ပြည်သူပါဝင်မည်ဟုဆို

ကရင်ပြည်နယ် NLD ၏ အမှိုက်‌ကောက်အစီအစဉ် ပြည်သူပါဝင်မည်ဟုဆို

1923

နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က ဒီဇင်ဘာ ၁၂ရက်‌နေ့တွင် စတင်လုပ်‌ဆောင်မည့် အမှိုက်‌ကောက် လှုပ်ရှားမှုတွင် ‌ဒေ သခံပြည်သူအချို့လည်း ပူး‌ပေါင်းပါဝင်သွားမည်ဖြစ်‌ကြောင်း ၎င်းပါတီ၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

နန်းခင်‌ထွေးမြင့်က “ကရင်ပြည်နယ်အတွင်းက NLD ပါတီ တာဝန်ရှိသူ‌တွေကို ဒီဇင်ဘာ ၁ရက်‌နေ့မှာ အစည်းအ‌ဝေး‌ခေါ်ဆိုထား ပါတယ်။ အမှိုက်‌ကောက်ဖို့ လုပ်‌ဆောင်သွားရမဲ့ လုပ်ငန်းအ‌သေးစိပ်ကို တိုင်ပင်‌ဆွေး‌နွေးသွားကြမယ်။ ဒီလုပ်‌ဆောင်ချက်အ‌ပေါ် မှာ ပြည်သူတချို့က ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ ‌ပြောဆိုလာတာ‌တွေလည်း ရှိတယ်”ဟု ယမန်‌နေ့က ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၏ မြို့‌ပေါ်ရပ်ကွက်များတွင် ညစ်ညမ်းအမှိုက်‌ပေါများခြင်းသည် NLD၏ အမှိုက်‌ကောက် လှုပ်ရှားမည့် အစီအစဉ်အတွက် အခက်အခဲဖြစ်‌နေသည်ဟုလည်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ယခု လို ဆက်လက် ‌ပြောဆိုသည်။

“ကျမတို့အတွက် အခက်အခဲက ကျမတို့ဆီမှာ အမှိုက်လု့ိ‌ပြောရင် နည်းတဲ့အမှိုက်‌တွေမှ မဟုတ်တာ။ ကျမတို့ပါတီဝင်‌တွေ‌ရော ကျမတို့ကိုယ်၌‌ရော ဆင်းပြီးမ‌ကောက်ရဲတဲ့ ‌တော်‌တော်ရွံစရာ‌ကောင်းတဲ့ အမှိုက်‌တွေရှိတယ်။ သိပ်ညစ်ညမ်း‌နေ‌တော့ ဒါကြီး‌တွေ ကို ဆယ်ပစ်ဖို့ဆိုတာက သုံးရမဲ့ကိရိယာက ကျမတို့မှာ အလွန်ဆုံးရှိရင် မီးညှပ်နဲ့ တံမြက်စည်း‌လောက်ပဲရှိမယ်״ဟု သူမက ‌ပြော သည်။

NLD ၏ အမှိုက်‌ကောက်ခြင်း လုပ်‌ဆောင်ချက်ကို ကရင်ပြည်နယ်၊ မြို့နယ် ၇မြို့နယ်မှ အနိုင်ရ လွှတ်‌တော်ကိုယ်စားလှယ်များ အပါအဝင် NLD ပါတီဝင်အားလုံးက လာမည့် ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်‌နေ့မှ စတင်ကာ လစဉ် ပုံမှန်လုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ဖားအံမြို့ခံတစ်ဦးဖြစ်သူ ‌စော‌ကျော်နိုင်က “သူတို့ရဲ့အခုလိုအမှိုက်‌ကောက်ဖို့ လုပ်‌ဆောင်မဲ့အ‌ပေါ်မှာ‌တော့ ကျ‌နော့်အ‌နေနဲ့ အသိ အမှတ်ပြုတယ်။ ဒါကလည်း အ‌ခြေခံကျတဲ့ လှုပ်ရှားမှုတစ်ခုပဲ‌လေ။ သူတို့ကိုယ်တိုင်ကိုယ်ကျ ‌ကောက်မယ်ဆို‌တော့ လူထု‌တွေ အသိအမြင်၊ အတိုင်းအတာတစ်ခုအထိ ပွင့်လင်းလာတာ‌ပေါ့״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အမှိုက်များ‌ကောက်ယူမှုကို ကိုယ်ပိုင်အသိဖြင့် လုပ်‌ဆောင်ရန်လိုအပ်သလို NLD ပါတီ ဦး‌ဆောင်မည့် အမှိုက်‌ကောက် ခြင်း လှုပ်ရှားမှုတွင်လည်း ပြည်သူများအ‌နေဖြင့် ပူး‌ပေါင်းပါဝင်သည်မှာ ဖြစ်သင့်သည်ဟု ဖြည့်စွက်‌ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ၂၈ရက်‌နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ‌တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့‌သော NLD ၏ ‌ရွေး‌ကောက်ပွဲအနိုင်ရ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ ‌တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်မှ အနိုင်ရလွှတ်‌တော်ကိုယ်စားလှယ်အားလုံး တက်‌ရောက်ခဲ့ ကြရာ ထို‌တွေ့ဆုံမှု၌ အမှိုက်‌ကောက်မည့် အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြုလုပ်ကြရန် လိုအပ်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောကြားခဲ့သည်။