Home သတင်း အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်‌လေ့ကျင့်မှု‌ကြောင့် ‌ဒေသခံများထိတ်လန့်

အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်‌လေ့ကျင့်မှု‌ကြောင့် ‌ဒေသခံများထိတ်လန့်

4273

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ သဖန်း‌ချောင်း‌ဒေသ၌ ‌အောက်တိုဘာလ ၆ရက်‌နေ့မှစ၍ ယမန်‌နေ့အထိ အစိုးရစစ်တပ် တပ်မ(၉၉)မှ လက်နက်ကြီး ‌လေ့ကျင့်ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်ထိတ်လန့်‌နေကြသည်ဟု အနီးဝန်းကျင်ရှိ ရွာသားများ ၏ ‌ပြောပြချက်အရ သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက “ဒီလို အပစ်အခတ်ရပ်စဲ‌ရေးလုပ်ထားတဲ့ ကာလမှာ ဒီလိုလက်နက်ကြီးသံ တခြိမ်း ခြိမ်းနဲ့ဆို‌တော့ ရွာသူရွာသား အပါအဝင် ကျ‌နော်တို့‌ဒေသခံ‌တွေက ‌ကြောက်လန့်‌နေရတာ‌ပေါ့။ စိုးရိမ်စိတ်‌တွေ များလာတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ လက်နက်ကြီးများဖြင့် ယင်း‌လေ့ကျင့်ပစ်ခတ်သည့်အတွက် ယင်း‌ဒေသရှိ သဖန်း‌ချောင်း၊ အုန်းကျွန်း၊ ‌ရေ‌ကျော်၊ ပဲပုပ်၊ ကရင်နီကုန်းနှင့် ကျွန်းသုံးပင် စသည့်‌ကျေးရွာများမှ ‌ဒေသခံရွာသူရွာသားများက စိုးရိမ်ထိတ်လန့်‌နေကြခြင်းဖြစ်သည်။

လက်ရှိ အစိုးရစစ်တပ်တို့၏ လက်နက်ကြီး ပစ်ခတ်‌လေ့ကျင့်သည်‌နေရာမှာ သစ်‌တောကြိုးဝို်င်းများ၊ ‌ဒေသခံများ၏ လယ်များ၊ ပဲခင်းများ စိုက်ပျိုးထားသည့် ‌နေရာများဖြစ်ကြပြီး ‌လေ့ကျင့်‌ရေးအတွက် တဲများနှင့် ပစ်မှတ်များကို လာ‌ရောက်‌ဆောက်လုပ် ထား‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထန်းတပင်မြို့နယ်တွင် အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၂၀)က လှုပ်ရှားလျက်ရှိပြီး ယခု ‌လေ့ကျင့်‌ရေးလုပ်‌နေသည့် တပ်မ(၉၉)သည် အထက်မြန်မာပြည်ဘက်မှ ‌ရောက်ရှီလာ‌သော အစိုးရစစ်တပ်ဖြစ်‌ကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း လာ‌ရောက် ‌လေ့ ကျင့်မှုများပြုလုပ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ပြောသည်။

ယင်းကိစ္စအ‌ပေါ် ‌ကေအဲန်ယူ လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီကလည်း “သူတို့က လက်ရှိအစိုးရဆို‌တော့ သူတို့လုပ်ချင်တာ သူတို့လုပ်မယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကြိုတင်အ‌ကြောင်းကြားဖို့ ‌ပြောထားတယ်။ အခုဟာက ဘာမှမသိရဘူး။ ကျ‌နော်တို့ဆီမှာ မြို့နယ်၊ ခရိုင်‌တွေက တပ်‌တွေလည်း ဘာမှအ‌ကြောင်းမကြားဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်းရှိ အချို့‌ဒေသတွင် အစိုးရစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး‌နောက် ထန်းတပင်မြို့နယ်တွင် ယခုလို အစိုးရ စစ်တပ်က စစ်‌ရေး‌လေ့ကျင့်မှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။