အမြင်သဘောထား (၁)
ကျနော်တို့က အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ သဘောတူထားခဲ့တဲ့ သဘောတူညီချက်တွေကို လေးစား တန်ဖိုးထားတယ်။ ကျနော်တို့ အလေးအနက် လေးစားတန်ဖိုးထားသလိုပဲ လိုင်ဇာညီလာခံကြီးမှာ တိုင်းရင်းသားတွေ အတူတူ လက်မှတ်ရေးထိုးထားတဲ့ လိုင်ဇာသဘောတူညီချက်ကိုလည်း ကျနော်တို့ တန်ဖိုးထားပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောတူ ညီမှု နှစ်ရပ်ပေါ်မှာ အခြေခံပြီးတော့ တစ်ပြည်လုံးအတွက် ကောင်းမယ့် သဘောတူညီချက်ရရေးကို ကျနော်တို့ ကြိုးစားဆောင် ရွက်နေပါတယ်။
PNLO အနေနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူသဘောထားကတော့ ကျနော်တို့ ဒီလိုင်ဇာညီလာခံမှာ သဘောတူ ညီခဲ့တဲ့ အချက် ၁၁ချက်ကိုပဲ အခြေခံပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ စကားလုံးအကျအန၊ အသုံးအစွဲတွေကို ကျနော်တို့ ဆွေးနွေးကြတာရှိပေမယ့်လို့ NCCT ကနေပြီးတော့ ရေးဆွဲထားတဲ့ အခြေခံမူတွေအပေါ်မှာတော့ ဘာမှထွေထွေထူးထူး ကွဲလွဲမှု မရှိပါဘူး။ အဲဒီအတွက် ကျနော် အားရပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်လုပ်ပြီးရင်တော့ ကျနော်တို့ ဆက်ဆွေးနွေးရမှာက ကျနော်တို့ အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာ နိုင်ငံရေးဆွေးနွေး ဖို့ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ရေးနဲ့ နောက် နိုင်ငံရေးဆွေးနွေးဖို့အတွက် မူဘောင်တွေ ချမှတ်ရေးအတွက် ဆက်လက် ဆွေးနွေးသွားရမှာဖြစ်ပါတယ်။
နော်ကညောဖော (အထွေထွေ အတွင်းရေးမှူး – ကရင်အမျိုးသမီးအစည်းအရုံး KWO)
အခုလုပ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ ့ဒုတိယအကြိမ် ညီလာခံမှာ ကျမကတော့ လူမှုအဖွဲ့အစည်းအနေနဲ့ လာတက် ခွင့်ရတယ်ပေါ့နော်။ ဒါပေမဲ့ ဝင်ရောက်ဆွေးနွေးခွင့်တော့ မရပေမဲ့လို့ လူကြီးတွေ ဆွေးနွေးနေတာကိုတော့ နားထောင်ရပါတယ်။ ဒီက ဆွေးနွေးပွဲ သဘောတူညီချက် ရပြီးသွားရင် သူတို့အစိုးရနဲ ့သွားတွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ ့တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် လက်မှတ်ထိုးမယ်။ ဒီနေရာမှာ လက်မှတ်ထိုးတယ်ဆိုတာ စာရွက် ပေါ်မှာပဲလေ။ တစ်ကယ် အာမခံချက်က လက်တွေ့ဖြစ်လာဖို့ အဓိကကျတယ်။ တစ်ကယ် တိုင်းရင်းသားတွေ လိုချင်နေတဲ့ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ ဒါတွေက လက်တွေ့ဖြစ်လာဖို့ လက် တွေ့ကို ဦးစားပေးလုပ်ဖို့က စာရွက်ပေါ် လက်မှတ်ထိုးတာထက် ပိုအရေးကြီးတယ်လို့တော့ မြင်ပါတယ်။ လာမဲ့လမှာ ဒီသဘော တူညီချက်နဲ့ အစိုးရကို သွားဆွေးနွေးဦးမယ်ဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောမရသေးဘူး။ ဘာလို့လဲဆိုတော့ အပစ် ရပ်စာချုပ်မှာ ပါမဲ့ဟာတွေကို အစိုးရနဲ့ ပြန်ဆွေးနွေးရမယ်လို့ထင်တယ်။ ပြီးတော့ တိုင်းရင်းသားအားလုံး လိုချင်တဲ့ ဖက်ဒရယ်ဖြစ် ဖို့ ဖွဲ့စည်းပုံပြင်တာတွေလည်းရှိသေးတော့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သတိထား လုပ်ဆောင်သင့်သလို အားလုံး စေတနာ မှန်နဲ့ ဖြစ်စေချင်ပါတယ်။
အခုဆွေးနွေးပွဲမှာ သဘောတူချက်ရပြီး အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးတော့မယ်ဆိုတာ ကောင်းပါတယ်။ ဒီနေရာ မှာပြောချင်တာက အမျိုးသမီးတွေရဲ ့ကဏ္ဍကိုလည်း မေ့ထားဖို ့မသင့်ဘူး။ ဘာလို့လဲဆို ဒီဒုတိယအကြိမ်ကွန်ဖရင့်မှာ ဝင်ရောက် ဆွေးနွေးနိုင်တဲ့သူက သုံးယောက်ပဲပါတာ တွေ့တယ်။ ကျန်တဲ့အမျိုးသမီးတွေက လေ့လာသူအနေနဲ့ပဲ ရှိတယ်။ တကယ်တော့ တော်လှန်ရေးနယ်မြေတွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ဒုက္ခရောက်တယ်ဆိုတာ အားလုံးအသိပါ။ ဒီတော့ တိုင်းရင်းသားအ ဖွဲ့တွေကို နောက် ဘယ်လိုဆွေးနွေးပွဲမျိုးပဲဖြစ်ဖြစ် အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးပြီး သူတို့အသံကိုလည်း နားထောင်စေချင်ပါ တယ်။
ဗိုလ်မှူးကြီးစိုင်းလ (အတွင်းရေးမှူး ၂ – သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS)
ပဏာမအနေနဲ့ ကျနော်တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးပြီ။ အခု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆို တော့ NCCT က ရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေး မူတွေဟာ ဒီကွန်ဖရင့်မှာ လေ့လာကြည့်မိသလောက် ကျနော်တို့မူတွေနဲ့ နီးစပ်တယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ အားလုံးနဲ့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ဖော်ဆောင် နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဓိကကတော့ အစိုးရအပေါ်မှာ မူတည်ပါတယ်။ အစကတည်းက တစ် နိုင်ငံလုံး တောင်းဆိုနေတာကတော့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ နောက်ပြီးတော့ နို်င်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် ပြည်ထောင်စု သဘောတူညီချက်တွေရရှိဖို့ အဲဒါ အဓိကကျပါတယ်။
လိုင်ဇာဘုံသဘောတူညီချက်က မူအားဖြင့် ကွာခြားမှု မရှိပေမယ့် လုပ်နည်းလုပ်ဟန်အဆင့်တွေက ကွာခြားတယ်ဆိုတော့ ဒီ frame work ကို အရင်ဆုံး ဆွေးနွေးပြီးမှ သဘောတူညီချက်တွေ ရရှိတယ်ဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဒုတိ ယအဆင့်မှာ ထပ်လုပ်ဖို့ မူတွေချမှတ်ထားတော့ ကျနော်တို့ဖော်ဆောင်လိုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စမှာ နည်း နည်း ကွာခြားမှုရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ NCCT Team ထဲမှာ မပါတာ ဖြစ်ပါတယ်။ မူအားဖြင့် ကွာခြားမှု မရှိပါဘူး။ လုပ်နည်းလုပ်ဟန်သာ ကွာခြားသွားတာပါ။ ကျနော်တို့အနေနဲ့က လက်မှတ်ထိုးဖို့၊ မထိုးဖို့ဆိုတာက အဓိက မကျပါဘူး။ အခု လက်ရှိ NCCT Team နဲ့လည်း ကျနော်တို့ ဆွေးနွေးထားတာရှိပါတယ်။ NCCT Team ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးမူက အစိုးရနဲ့ညှိပြီး အစိုးရက သဘောတူတယ်ဆိုရင် ကျနော်တို့ တစ်ခါတည်း လက်မှတ်ထိုးဖို့လည်း အဆင့်ဖြစ်ပါ တယ်ဆိုတဲ့အကြောင်း ကျနော်တို့ ပြောထားပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် NCCT ရေးဆွဲထားတဲ့ အခြေခံမူ ၉ချက် ရှိပါတယ်။ အဲဒါတွေရဲ့ အဓိကကတော့ တန်းတူရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ဆွေးနွေးဖို့ အဓိကကျတယ်လို့ ကျနော်တို့မြင်ပါတယ်။
ဗိုလ်မှူးကြီးဆန်းအောင် (ဗျူဟာမှူး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် – DKBA)
တိုင်းရင်းသားခေါင်းဆောင်တွေဟာ တော်လှန်ရေးထမင်းစားပြီးတော့ တော်လှန်ရေးမြေပေါ်မှာ ကြီးပြင်းခဲ့ကြတယ်။ ဒီလိုဟာကို ဖျောက်ဖျက်ပစ်မယ်ဆိုရင် ကျနော်တို့ ဖြတ်သန်းခဲ့တဲ့သမိုင်း ပျောက်သလို ခံစားရတယ်။ ကျနော်တို့တော်လှန်ရေးထဲမှာ ပါနေတဲ့ ခေါင်းဆောင်တွေ၊ စစ်သည်တွေဟာ အသက်သွေးတွေ အများကြီး စတေးခဲ့တယ်။ ခြေပြတ်လက်ပြတ်တွေလည်း အများကြီး ရှိခဲ့တယ်။ တကယ်တမ်း အသက်ပေးဆပ်ခဲ့တဲ့ တော်လှန်ရေးသမားတွေကို တွက်လိုက်ရင် ထောင်သောင်းချီ ရှိခဲ့တယ်။ ဒီတော့ ဒီတော်လှန်ရေး အသုံးအနှုန်းကို ဖျောက်လိုက်မယ်ဆိုရင် အသက်ပေးသွားခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေက ကျနော်တို့ကို ဒီလူတွေဟာ သစ္စာမဲ့တယ်။ ငါတို့အသက်ပေးခဲ့ရတဲ့ တော်လှန်ရေးနာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ ဖျောက်ဖျက်ပစ်တယ်ဆို ပြီး ကျိန်ဆဲနေမယ်။ ကျနော်တို့ကတော့ ဒီတော်လှန်ရေးနာမည်ကို အပျောက်မခံနိုင်ဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမှာ ကျနော်တို့ လက်မှတ်ထိုးမယ်ဆိုတာက မျက်စိမှိတ်ပြီးထိုးမှာတော့ မဟုတ် ပါဘူး။ တိုင်းရင်းသားတွေ လိုအပ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ခိုင်မာတဲ့ နိုင်ငံရေး အာမခံချက်ရှိရင်ထိုးမှာပါ။ ဘာမဟုတ်တဲ့ ဒီ ၂၀၀၈ တည်ဆဲဥပဒေအောက်မှာ ကျနော်တို့လည်း ယောင်ရမ်းပြီးတော့ လက်မှတ်မထိုးပါဘူး။ ဒါက ကျနော် တို့ရဲ့ ဒီကေဘီအေအဖွဲ့အစည်းနေနဲ့ ပြောတာပါ။ လက်မှတ်ထိုးတယ်ဆိုတာ ထိုးခဲ့တဲ့လက်မှတ်တွေလည်း ပျက်ပြယ်ပြီးတော့ ဘာမှအရာမရောက်ခဲ့ဘူး။ ဆိုလိုချင်တာက ကျနော်တို့အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိမယ်ဆိုရင် လက်မှတ်ထိုးဖို့ ဝန်မလေးပါဘူး။ လက်မှတ်ထိုးနိုင်မယ့် အနေအထားက အစိုးရဘက်က ကျနော်တို့တိုင်းရင်းသားတွေကို နိုင်ငံရေး အာမခံချက် ဘာပေးမလဲ၊ ပြန်ကြည့်ရမယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ကို ပေးပြီးဆိုရင်တော့ မြန်မြန်ဆန်ဆန်ပဲ တက် လှမ်းနိုင်မယ်လို့ ထင်တယ်။ အခုတောင် ပုဒ်မ ၁၈တို့၊ ၂၀၀၈ ဖွဲ့စည်းပုံတို့ကို ဖျက်သိမ်းပေးဖို့ ပြည်သူတွေ တောင်းဆိုတာတောင် မှ မရသေးဘူး။ အဲဒါကို ကျနော်တို့က လွယ်လွယ်နဲ့ လက်မှတ်ထိုးမယ်ဆိုရင် ကျနော်တို့ အဖိုးအဖွားတွေတုန်းက အလိမ်ခံ ထိပြီးပြီ။ ကျနော်တို့ လက်ထက်ကျတော့ ထပ်ပြီး အလိမ်မခံချင်တော့ပါဘူး။ ကျနော်တို့ နှစ်ခါမမိုက်တော့ပါဘူး။ အဲဒါပဲ ပြောချင် ပါတယ်ခင်ဗျား။
ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြနိုင် (ရခိုင်တပ်မတော် – AA)
ဒီညီလာခံကတော့ တိုင်းရင်းသားတွေအတွက် အလွန်အရေးကြီးတဲ့ ညီလာခံတစ်ရပ်ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ လိုင်ဇာမှာ ကျင်းပ တဲ့ တိုင်းရင်းသားလက်နက်ကိုင်ညီလာခံမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (၁၁)ချက်ကနေ တစ်နို်င်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နိုင်ငံရေးမူဘောင်ကို အခြေခံပြီး သဘောတူညီမှုတွေ၊ လိုအပ်ချက်တွေကနေ ကျနော်တို့ သတိကြီးကြီးနဲ့၊ စိုးရိမ်စွာနဲ့ လက်ခံဖို့ ပြန်ပြီးဆွေးနွေးတာဆိုတော့ ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ပေါ့။ ကျနော် တို့ တိုင်းရင်းသားတွေဖက်က ငြိမ်းချမ်းရေးကို လိုလားတယ်။ ပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ တကယ်တမ်းပြောရရင် ကျနော်တို့ရခိုင်အဖွဲ့အစည်းက ယခုလက်ရှိအစိုးရနဲ့ နိုင်ငံရေးစကား တစ်စုံတစ်ရာပြောခဲ့တာ တခါမှမရှိခဲ့ ပေမဲ့ ပြောသည်၊ မပြောသည်ထက် တိုင်းရင်းသားညီနောင်တွေနဲ့ လက်တွဲပြီး လုပ်ဆောင်ဖို့ ခံယူချက်ရှိတယ်။ အဲဒီသဘောထား အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အလုပ်လုပ်နေခြင်း ဖြစ်ပါတယ်။
လူမျိုးတစ်ခုချင်းစီမှာလည်း မတူညီတဲ့ အဖွဲ့အစည်းတွေရှိတော့ ဥပမာ ရခိုင်ဆိုရင် အဖွဲ့အစည်းသုံးခု အတူတူထိုင်ပြီး အမျိုးသား ရေးအတွက် ဆွေးနွေးကြတယ်။ ကရင်အဖွဲ့အစည်းဆိုရင် အင်မတန်မှ ချစ်စရာကောင်းတယ်။ လူမျိုးတစ်ခုအတွက် ကောင်း သောလက္ခဏာတွေ၊ ငြိမ်းချမ်းရေးအရိပ်အယောင်တွေပေါ့။ ပြီးရင် ရှမ်းပြည်က လူမျိုးစုလေးခုကနေ တစ်ခုထဲအနေနဲ့ ပူးပေါင်း လုပ်ဆောင်ကြတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာတွေ အများကြီးတိုးတက်တာကို တွေ့ရတယ်။ တကယ်လို့ လက်မှတ်ရေးထိုးပြီးခဲ့ရင် ကျနော်တို့တိုင်းရင်းသားတွေအတွက် ပြီးတော့ တခြား အဖိနှိပ်ခံရတဲ့ လူမျိုးတွေအတွက် လုပ်စရာတွေ ပိုပြီးမှ ပေါ်လာအုံးမယ်။ သူတို့(အစိုးရ)ဘက်က ကျနော်တို့ကို ဂုဏ်သိက္ခာရှိရှိနဲ့ ကမ်းလှမ်းပြောဆိုရင်တော့ အတူတူ လုပ်လို့ရ တာပေါ့လေ။ တကယ်လို့ မပြောလာခဲ့ဘူးဆိုရင်တော့ ပြန်တိုက်တာပေါ့။ ကျနော်တို့တိုင်းပြည်မှာ လုပ်စရာတွေများတယ်။ ဥပမာ ကရင်ပြည်မှာ ဒုက္ခသည် ပြန်လည်နေရာချထားရေးတွေ၊ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးတွေ၊ ပြီးတော့ နှစ်ဖက်တပ်တွေ စောင့်ကြည့်ရေးလုပ်ငန်းတွေ အများကြီးရှိသေးတယ်။ ကျနော်တို့မှာလည်း ရခိုင်ဒေသဖွံ့ဖြိုးရေးပြီးရင် ရခိုင်ဒေသမှာရှိတဲ့ (conflict)တွေကို စနစ်တကျ ကိုင်တွယ်ရေး၊ ကာကွယ်ရေး အဲလို လုပ်စရာ အများကြီး။ ပြီးတော့ ကျနော်တို့လူမျိုးရဲ့ လူငယ်မျိုး ဆက်တွေ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်စရာတွေ အများကြီး ရှိပါသေးတယ်။