Home သတင်း ထားဝယ်မြို့၌ လယ်သမားများ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒ‌ဖော်ထုတ်

ထားဝယ်မြို့၌ လယ်သမားများ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒ‌ဖော်ထုတ်

1921

နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

သိမ်းဆည်းခံထားရ‌သော လယ်ယာ‌မြေများ ပြန်လည်ရရှိ‌ရေးအတွက် ထားဝယ်မြို့နယ်ရှိ လယ်‌မြေအသိမ်းခံရ‌သော လယ်သမား များက နိုဝင်ဘာလ ၁၁ရက်‌နေ့တွင် ထားဝယ်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒ‌ဖော်ထုတ်‌တောင်းဆိုခဲ့ကြသည်။

အစိုးရမှ သိမ်းဆည်းထား‌သော လယ်ယာ‌မြေ‌နေရာများ၌ စီမံကိန်းများကို ဆက်လက် အ‌ကောင်အထည်‌ဖော်‌နေခြင်းမှာ လယ် သမားများအား အသိ‌ပေးခြင်း၊ ညှိနှိုင်း‌ဖြေရှင်းခြင်းမရှိ‌ကြောင်း ဆန္ဒ‌ဖော်ထုတ်ရာတွင် ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ကိုထွန်း ထွန်းဝင်းက ယခုလို ‌ပြောသည်။

ကိုထွန်းထွန်းဝင်းက “အခုလို ပွင့်လင်းမြင်သာမှု ရှိတဲ့‌ခေတ်‌ရောက်မှ ဆန္ဒ‌ဖော်ထုတ်ရတာ အစိုးရအ‌နေနဲ့ သူတို့စီမံကိန်းလုပ်တာ ကို လယ်သမား‌တွေနဲ့ ဘာမှညှိနှိုင်း‌ဆောင်ရွက်ခြင်း မရှိတဲ့အပြင် အ‌ခြေအ‌နေ ပိုပိုဆိုးလာလို့၊ အာဏာရှင်ဆန်လာလို့ အခုလို ဆန္ဒ‌ဖော်ထုတ်တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် နစ်နာခဲ့ရ‌သော လယ်သမားများ၏အသံကို အစိုးရအာဏာပိုင်များအ‌နေဖြင့် ‌ပြေလည်‌အောင် ညှိနိုှုင်း‌ဖြေရှင်း‌ပေးလိမ့် မည်ဟု ‌မျှော်လင့်ပြီး ထူးခြားမှု တစ်စုံတစ်ရာမရှိပါက ဆက်လက် ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုသွားမည်ဟု ကိုထွန်းထွန်းဝင်းက ဆက်‌ပြောသည်။

ယမန်‌နေ့ နံနက် ၉နာရီမှ ၁၁နာရီအထိ ပြုလုပ်ခဲ့ကြ‌သော စီတန်းလှည့်လည် ဆန္ဒ‌ဖော်ထုတ်ပွဲတွင် ထားဝယ်မြို့နယ်အတွင်းရှိ ထားဝယ်-သ‌ပြေ‌ချောင်း-ဇလွန်း-ကူ့တို့ -‌အောက်‌ရေဖြူ၊ ‌မောင်းမကန် စသည့်‌ကျေးရွာများမှ လူဦး‌ရေ ၅၀၀ဝနီးပါး ပါဝင်ခဲ့ကြ သည်ဟု သိရသည်။

တစ်နိုင်ငံလုံး သိမ်းဆည်းထား‌သော‌မြေများ ပြန်လည်အပ်နှံ‌ရေး၊ မတရား သိမ်းဆည်းထား‌သော ‌မြေများကို ပြန်လည် မှတ်ပုံတင် ခွင့်ရရှိ‌ရေး၊ ‌လျော်‌ကြေး‌ငွေရရှိ‌ရေး၊ သိမ်းဆည်းခံ‌မြေများ‌ပေါ်တွင် စီမံကိန်းအ‌ဆောက်အဦးများ အ‌ကောင်အထည်‌ဖော်‌နေမှုကို ရပ်တန့်‌ပေး‌ရေး စသည့်အချက်များ ပါဝင်‌သော ‌ကြွေး‌ကြော်သံ ၆ချက်ဖြင့် ဆန္ဒ‌ဖော်ထုတ်ကြသည်။

ဆန္ဒ‌ဖော်ထုတ်ရာတွင် ပါဝင်သူ ‌အောက်‌ရေဖြူရွာမှ လယ်သမားတစ်ဦးက “ကျ‌နော့်မှာရှိတဲ့ လယ် ၁၄ဧကက တဖြည်းဖြည်းနဲ့ ပါသွားတာကုန်ပြီ။ သူတို့စားဖို့ပဲ သတိရတယ်။ လယ်သမားအတွက် မစဉ်းစားဘူး။ သိပ်ညစ်ပတ်တယ်။ မခံစားနိုင်ဘူး။ လယ် သမားဘဝကို စာနာနားလည်မူရှိပြီး ဘဝအာမခံချက်ရှိတဲ့ အ‌ဖြေမျိုးရရင် ‌ကျေနပ်ပါပြီဗျ။”ဟု ‌ပြောကြားသွားသည်။

အစိုးရဝန်ထမ်းအိမ်ယာ ‌ဆောက်လုပ်‌ရေးစီမံကိန်းဟုဆိုကာ လွန်ခဲ့သည့် ၁၉၉ဝခုနှစ်က ထားဝယ်မြို့နယ်အတွင်း လယ်သမား ၅၀‌ကျော်၏ လယ်ယာ‌မြေဧက ၃၀ဝကို ယခင် စစ်အစိုးရလက်ထက်က သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း စီမံကိန်းကို ဆက်လက် အ‌ကောင်အထည်‌ဖော်ခဲ့ပြီး သိမ်းဆည်းထား‌သော လယ် ယာ‌မြေဧက ၁၀၀‌ကျော်‌ပေါ်တွင် ပုဂ္ဂလိက‌ဆေးရုံစီမံကိန်း၊ ဆက်သွယ်‌ရေးရုံး၊ ဝန်ကြီးများအိမ်ယာ၊ ငါးဦးစီးရုံး၊ အခွန်ရုံး၊ သာသနာ ‌ရေးဦးစီးရုံး စသည်တို့ကို ‌ဆောက်လုပ်ထားပြီးဖြစ်သည်ဟု သိရသည်။