Home သတင်း တိုင်းရင်းသားကိစ္စ အ‌ရေးကြီး‌ကြောင်း PSDP နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ဒု-အတွင်းဝန်‌ပြောဆို

တိုင်းရင်းသားကိစ္စ အ‌ရေးကြီး‌ကြောင်း PSDP နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ဒု-အတွင်းဝန်‌ပြောဆို

1769
ဇူလိုင်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

DSC02795thmbမြန်မာ့နိုင်ငံ‌ရေးတိုးတက်‌ပြောင်းလဲမှုတွင် တိုင်းရင်းသားအ‌ရေးကိစ္စသည် အ‌ရေးကြီး သည့် ကဏ္ဍတွင် ပါဝင်‌ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်ဒုတိယအတွင်းဝန် ဂျိုးဇက်ဖစ်ရှား(‌ခေါ်) ကို‌နေထူးက ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ‌တွေ့ဆုံရာ တွင် ‌ပြောကြားလိုက်သည်။

ယခု ဇူလိုင်လ ၂၁ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်းတွင် PSDP ဗဟို‌ကော်မတီ အဖွဲ့ဝင်များအား လာ‌ရောက်‌တွေ့ဆုံခဲ့စဉ် ဂျိုးဇက်ဖစ်ရှားက နိုင်ငံတကာ၌ မြန်မာ့နိုင်ငံ‌ရေးတိုးတက်‌ပြောင်းလဲမှု၌ တိုင်းရင်းသား အ‌ရေးကိစ္စနှင့် ပတ်သက်၍ သိရှိမှုအားနည်းခဲ့‌သော်လည်း ယခုအချိန်တွင် မည်မျှအ‌ရေးကြီးသည်ကို သိရှိလာကြပြီဖြစ်‌ကြောင်း ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာက တိုင်းရင်းသားအ‌ရေးကိစ္စကို အခုမှ ပိုသိလာကြတယ်။ ဗြိတိန်အစိုးရက ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကို အ‌လေး‌ပေး လာတယ်။ ဘာပဲဖြစ်ဖြစ် တိုးတက်‌ပြောင်းလဲလာဖို့ နှစ်‌တွေ‌တော့ နည်းနည်း‌စောင့်ရလိမ့်မယ်”ဟု ဂျိုးဇက်ဖစ်ရှားက ၎င်း‌တွေ့ဆုံပွဲ တွင် ‌ပြောဆိုခဲ့သည်။

PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ဂျိုးဇက်ဖစ်ရှားသည် PSDP ကို လာ‌ရောက်‌တွေ့ဆုံသည်မှာ မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲပြီး‌နောက် ကရင်ပြည်နယ်အ‌ခြေအ‌နေ၊ ပြည်နယ်လွှတ်‌တော် အ‌ခြေ အ‌နေများကို သိရှိ‌စေရန် အပါအဝင် ဗြိတိန်အစိုးရ၏ သ‌ဘောထားအမြင်များနှင့် စီးပွား‌ရေးရင်းနှီးမြှုပ်နှံမှုကိစ္စများ ပါဝင်သည်ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် မန်း‌အောင်ပြည်စိုးက ကရင်ပြည်နယ်တွင် ဖြစ်‌ပေါ်‌နေသည့် လယ်သိမ်းမှု၊ မူးယစ်‌ဆေး၊ ‌လောင်းကစား စသည့် ပြဿ နာများကို ပြည်နယ်အစိုးရက ကိုင်တွယ်မှုအားနည်းသလို လာဘ်‌ပေးလာဘ်ယူမှုများရှိ‌သော‌ကြောင့် ‌ဖြေရှင်းနိုင်ရန် တရားဥပ‌ဒေ စိုးမိုးမှုရှိမှသာ ကိုင်တွယ်‌ဖြေရှင်းနိုင်မည်ဟု ဂျိုးဇက်ဖစ်ရှားအား ‌ဆွေး‌နွေးတင်ပြခဲ့သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်သည့် PSDP ၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်းကလည်း မြန်မာနိုင်ငံပြုပြင်‌ပြောင်း လဲ‌ရေးအတွက် အစိုးရအ‌နေဖြင့် ဗဟိုချုပ်ကိုင်မှုများ ‌လျှော့ချရန်လို‌ကြောင်း ဂျိုးဇက်ဖစ်ရှားအား တင်ပြ‌ဆွေး‌နွေးခဲ့သည်။

“ကရင်ပြည်နယ်မှာကိုပဲ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကပဲ အရာအားလုံးကို ချုပ်ကိုင်ပြီး လုပ်‌ဆောင်‌နေတယ်။ ဗဟို ချုပ်ကိုင်မှု ‌လျှော့ချရင် ကရင်ပြည်နယ်လွှတ်‌တော်ဟာ ဥပ‌ဒေပြု‌ရေးမှာ ပိုမိုအား‌ကောင်းလာ နိုင်ဖွယ်ရှိတယ်။ ဒီထက် အ‌ခြေအ‌နေ‌တွေ ပို‌ကောင်းလာနိုင်တယ်‌လေ။”ဟု ‌ဆွေး‌နွေးပွဲတွင် ‌စောမင်း‌အောင်လင်းက ‌ပြောဆိုခဲ့သည်။

ဆက်လက်၍ လတ်တ‌လော ကရင်ပြည်နယ် လွှတ်‌တော်ထဲတွင် ယခုအချိန်ထိ ‌ကျေးရွာထင်းစိုက်ခင်းဥပ‌ဒေ၊ စည်ပင်သာယာဥပ ‌ဒေနှင့် ယစ်မျိုးခွန်ဥပ‌ဒေ စသည့် ဥပ‌ဒေသုံးခုသာ ‌ရေးဆွဲနိုင်‌သေးသည်ဟု ‌စောမင်း‌အောင်လင်းက ဆက်‌ပြောသည်။
DSC02795pct
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ဒုတိယအတွင်းဝန် ဂျိုးဇက်ဖစ်ရှားသည် PSDP ပါတီကို ဖားအံမြို့၌ ပထမဆုံးအကြိမ် လာ‌ရောက်‌တွေ့ ဆုံခြင်းဖြစ်ပြီး ၎င်း‌တွေ့ဆုံပွဲတွင် PSDP ပါတီမှ ဗဟို‌ကော်မတီဝင် ၁ဝဦး‌ကျော် ပါဝင်ခဲ့သည်။