ဖေဖော်ဝါရီလ ၈ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လေးဝါးနေရာ တွင် ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO ၏ (၆)ကြိမ်မြောက် ညီလာခံသည် ယနေ့ ပြီးစီးပြီဖြစ်ရာ KWO ဥက္ကဌသစ်အဖြစ် နန်းဒါးအဲ့ကလယ် ဖြစ်လာကြောင်း သိရသည်။
တဆက်တည်းမှာပင် – ဒုဥက္ကဌအဖြစ် နော်ဖောဒေးတိုး၊ အထွေထွေအတွင်းအရေးမှူးချုပ်အဖြစ် နော်ကညောဖော၊ တွဲဘက် အတွင်းရေးမှူး(၁)အဖြစ် နော်တာမလာစောနှင့် တွဲဘက် အတွင်းရေးမှူး(၂)အဖြစ် နော်စေးယိုဖော တို့အသီးသီး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။


















