Home သတင်း ဆက်ဆံ‌ရေးရုံး‌မြေ‌နေရာ တိုးချဲ့‌ပေးရန် ဘုရားသုံးဆူမြို့ အ‌ခြေစိုက် KNU ‌တောင်းဆိုု

ဆက်ဆံ‌ရေးရုံး‌မြေ‌နေရာ တိုးချဲ့‌ပေးရန် ဘုရားသုံးဆူမြို့ အ‌ခြေစိုက် KNU ‌တောင်းဆိုု

1548
‌ဖေ‌ဖော်ဝါရီလ ၈ ရက်၊ ၂၀၁၃ခုနှစ်၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးမြို့အ‌ခြေစိုက် ကရင်အမျိုးသားအစည်းအရုံး-KNU ဆက်ဆံ‌ရေးရုံးက ၎င်းတို့ လက်ရှိ‌နေထိုင်သည့် ဆက်ဆံ‌ရေးရုံး‌နေရာကို ထပ်မံ၍ တစ်ဆထပ်တိုးချဲ့‌ပေးရန် ကရင်ပြည်နယ်စပ်‌ရေးရာ လုံခြုံ‌ရေး ဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်အား ယမန်‌နေ့ ဇန်နဝါရီလ ၇ ရက်‌နေ့၌ ‌တောင်းဆိုခဲ့သည်။

ဗိုလ်မှူးကြီး ‌အောင်လွင်သည် အပစ်အခတ်ရပ်စဲထား‌သော လက်နက်ကိုင်အဖွဲ့များ၊ မြို့နယ်ရှိ အစိုးရဌာနဆိုင် ရာများ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို ယမန်‌နေ့က ဘုရားသုံးဆူမြို့နယ်ရုံး၌ ‌တွေ့ဆုံခဲ့ရာတွင် KNU ဘုရားသုံးမြို့ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စောဆာမူ‌ထောက ထိုသို့ ‌တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“အခု ရုံးစိုက်တဲ့‌မြေ‌နေရာက နည်းနည်းကျဉ်းတယ်။ ‌ပေ ၆၀-၈ဝ ပဲ ရှိတယ်။ ဒါ‌ကြောင့် လက်ရှိ ‌မြေအကျယ် အဝန်းထက် ‌နောက်ထပ် တစ်ဆ‌လောက်ထပ်ပြီး ‌မြေ‌နေ ရာ‌ပေးဖို့ ‌တောင်းဆိုထားတာပါ”ဟု ‌စောဆာမူ‌ထောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌စောဆာမူ‌ထောက ယင်း‌တောင်းဆိုမှုအ‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်သည့် နယ်စပ်‌ရေးရာ ဒုဝန်ကြီး ဦးဇင်‌ယော်မှ အသိအမှတ်ပြု လက်ခံ‌ရေး မှတ်ထားပြီး ‌ရှေ့ဆက်၍ ညှိနှိုင်း‌ဆောင်ရွက်‌ပေးမည်ဟု ‌ပြောကြားခဲ့‌ကြောင်း ‌ပြောဆိုသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီး ‌အောင်လွင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် ၎င်းတို့‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ခိုင်မာ‌သော‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်နိုင်ရန်နှင့် နယ်‌မြေတည် ငြိမ်‌အေးချမ်း‌အောင်အားလုံးဝိုင်းဝန်းလုပ်‌ဆောင်ကြရန် လိုအပ်‌ကြောင်း တိုက်တွန်း‌ပြောကြားခဲ့သည်ဟု ‌စောဆာမူ‌ထောက ဖြည့်စွက်‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံရာတွင် အစိုးရဘက်မှ ဝန်ကြီးဗိုလ်မှူးကြီး‌အောင်လွင်က ဦး‌ဆောင်၍ နယ်စပ်‌ရေးရာ ဒုဝန်ကြီး ဦးဇင်‌ယော်၊ ပြည်နယ်အစိုးရဝန်ကြီး ဦးမျိုး‌အောင်‌ဌေး၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးဦး‌အေး‌ကျော်နှင့် အစိုးရ ဌာနဆိုင်ရာများပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်တွင် KNU ဘုရားသုံးမြို့ ဆက်ဆံ‌ရေးရုံး တာဝန်ခံ ‌စောဆာမူ‌ထောအပါအဝင် ‌ဟောင်သ‌ရော ကရင်ငြိမ်ချမ်း‌ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ စသည်တို့မှ တာဝန်ရှိပုဂ္ဂိုလ် စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

တဆက်တည်းမှာပင် ဘုရားသုံးဆူမြို့သည် ‌လောင်းကစားဝိုင်းများပြား‌သော နယ်စပ်မြို့ဖြစ်သည့်အ‌လျှောက် ဗိုလ်မှူးကြီး ဦး‌အောင်လွင်တို့အဖွဲ့ သွား‌ရောက်ခဲ့သည့် နှစ်ရက်တာ အ‌တောအတွင်းတွင် ခဏငြိမ်သက်သွား ‌သော်လည်း ယမန်‌နေ့က ၎င်းအစိုးရအကြီးအကဲများ ပြန်လည်ထွက်ခွါပြီး‌နောက် ‌လောင်းကစားဝိုင်းများမှာ ပုံမှန်အတိုင်းပင် ပြန်လည်ဖြစ်ပွားလျှက်ရှိသည် ဟု မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးကြီး‌အောင်လွင်သည် ယခုလ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့၌လည်း မြဝတီမြို့တွင် KNU၊ DKBA၊ KNU/KNLA တို့မှ တာဝန်ရှိသူအချို့ကို ‌တွေ့ဆုံခဲ့‌သေးသည်။