Home သတင်း ၂၀၁၃ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခ သည်များ ‌ခေါ်ယူ‌ရေး အ‌မေရိကန် ရပ်ဆိုင်းမည်

၂၀၁၃ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခ သည်များ ‌ခေါ်ယူ‌ရေး အ‌မေရိကန် ရပ်ဆိုင်းမည်

1387
ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်‌နေ့တွင် မြန်မာဒုက္ခသည်များ ‌ခေါ်ယူ‌ရေးကိစ္စ ရပ်ဆိုင်း‌တော့မည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ‌ရောက်ရှိ‌နေသည့် ဒုက္ခသည်များဆိုင်ရာ အ‌မေရိကန် အကြီးအကဲ (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) ‌ဒေးဗစ်‌ရောဘင် ဆန် (Mr.David Robinson)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ‌ခေါ်ယူခြင်းနှင့် ပတ်သက်၍ အ‌မေရိကန်နိုင်ငံတစ်ခုတည်းသာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ‌ဒေးဗစ်‌ရော ဘင်ဆန် ‌ပြောဆိုခဲ့‌ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ ‌စောသာကဲက ‌ကေအိုင်စီသို့ ယခုလို ပြန်လည်‌ပြောဆိုသည်။

“သူလာရတဲ့ အ‌ကြောင်းက‌တော့ ဒုက္ခသည်‌တွေကို အသိလာ‌ပေးတဲ့သ‌ဘောပဲ။ ဒါဟာ အ‌မေရိကန်နိုင်ငံ တနိုင်ငံအတွက်ပဲ သူ လာ‌ပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံ‌တွေက‌တော့ မဆိုင်ဘူး။ ဒီ‌နေ့က‌နေ ဇွန်လ ၅ရက်‌နေ့အထိ အ‌မေရိကန်နိုင်ငံ သွားလိုသူ ‌တွေကို နာမည်စာရင်းလာ‌ပေးရမယ်။ ‌နောက်ဆိုရင် မလက်ခံ‌တော့ဘူး။ စာရင်းပိတ်‌တော့မယ်‌ပေါ့”ဟု ‌စောသာကဲက ‌ပြောသည်။

ထို့အပြင် အ‌မေရိကနိုင်ငံသို့ သွား‌ရောက်အ‌ခြေချလိုသည့် ဒုက္ခသည်များသည် နာမည်စာရင်းလာသွင်းပါက ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ အသိအမှတ်ပြုလက်မှတ် ကိုင်‌ဆောင်ထား‌သောသူဖြစ်ပြီး UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရ‌သေးသည့် PAB လက်မှတ်ကိုင်‌ဆောင်ထားသည့် ဒုက္ခသည်များ မပါဝင်‌ကြောင်း သိရ သည်။

သို့‌သော် PAB လက်မှတ်ကိုင်‌ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း ပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ပြန်လည်လုပ်‌ပေးသင့်မသင့်ကို UNHCR အ‌နေဖြင့် ပြန်လည်ပြုလုပ်‌ပေးသွားရန် ရှိ‌ကြောင်းလည်း ‌စောသာကဲက ဖြည့်စွက်‌ပြော ဆိုသည်။

ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိ‌သော လူသစ်များအား အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအ‌နေဖြင့်လည်း လက်ခံသွားမည့် အစီအစဉ် ရှိ‌တော့မည်မဟုတ်‌ကြောင်း သိရသည်။

ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိ‌သေးသူ မယ်လစခန်း‌နေ ‌အောင်ခိုင်ထွန်းက “ကျ‌နော်တို့က‌တော့ ဖြစ်နိုင်ရင် လူ‌ဟောင်း အဖြစ် အခွင့်အ‌ရေးရချင်တယ်။ အခု လာရှင်းပြတာက လူသစ်အတွက် ဘာမှ‌ပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ် လည်း မြန်မာနိုင်ငံကို‌တော့ ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း ‌နေသွားမယ်”ဟု ‌ပြောသည်။

အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်၍ ယ‌နေ့မနက်တွင် မယ်လစခန်း ‌ဘောလုံး ကွင်း၌ ဒုက္ခသည်များအား လာ‌ရောက်ရှင်းလင်း‌ပြောဆိုရာတွင် US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်များ လည်း ပါဝင်သည်။

ယခုလ ဇန်နဝါရီ ၁၆ရက်‌နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲ‌ရေးဝန်ကြီး (နိုင်ကျာရုဖုန် ‌ရေယန်ဆုဝမ်)က မယ်လဒုက္ခသည်စခန်းအ တွင်း ဒုက္ခသည်၏ အ‌ခြေအ‌နေများကို လာ‌ရောက်‌လေ့လာခဲ့ပြီး ထိုင်းအစိုးရအ‌နေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်းမည် မဟုတ်‌ကြောင်း ‌ပြောဆိုသွားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်းနှင့် ထမ်းဟင် စသည့် UNHCR မှ အသိအ မှတ်ပြုထား‌သော ကရင်ဒုက္ခသည်စခန်း ၇ခုရှိပြီး ၂၀၀၆ခုနှစ်မှစ၍ အ‌မေရိကန် ပြည်‌ထောင်စုအစိုးရက ဒုက္ခသည်များကို ၎င်းတို့ နိုင်ငံသို့ သွား‌ရောက်အ‌ခြေချ‌နေထိုင်ရန် ‌ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အ‌မေရိကန်အပြင် ဩစ‌တြေးလျား၊ က‌နေဒါ၊ အဂင်္လန်၊ ‌နော်‌ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများမှလည်း ‌ခေါ်ယူလျှက်ရှိသည်။