Home သတင်း ဆက်ဆံ‌ရေးရုံး သုံး‌နေရာစလုံး KNPP ဖွင့်လှစ်ပြီးစီး

ဆက်ဆံ‌ရေးရုံး သုံး‌နေရာစလုံး KNPP ဖွင့်လှစ်ပြီးစီး

2951
ဩဂုတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (ကရင်သတင်းဌာန)


ကရင်နီ(ကယား)ပြည်နယ်၌ ဇူလိုင်လအတွင်း ဆက်ဆံ‌ရေးရုံးသုံး‌နေရာဖွင့်လှစ်ရန်ရှိသည့် ကရင်အမျိုးသားတိုးတက်‌ရေးပါတီ-KNPP သည် ရှား‌တောမြို့ရှိ စုစည်းရပ်ကွက်တွင် ယမန်‌နေ့မနက် ၈နာရီက ‌နောက်ဆုံး ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ခဲ့သည်။

“ကျ‌နော်တို့ သုံး‌နေရာဖွင့်မယ်လို့ ‌ပြောထားတာရှိတယ်။ လွိုင်‌ကော်၊ ဖား‌ဆောင်းနဲ့ အခု ရှား‌တော သုံး‌နေရာရှိ သွားပြီ။ ဒီဆက်ဆံ‌ရေးက‌နေ ကတဆင့် အစိုးရနဲ့ အလုပ်ဆက်လုပ်သွားဖို့ပဲ ရှိတယ်”ဟု KNPP ဆက်ဆံ‌ရေး တာဝန်ခံ ခူးဒယ်နီယာက ကရင်သတင်းဌာနသို့ ‌ပြော သည်။

KNPP သည် မြန်မာအစိုးရနှင့် သ‌ဘောတူညီမှု ယူထားသည့်အတိုင်း ဇူလိုင်လ ၂၅ရက်၌ လွိုင်‌ကော်ဆက်ဆံ‌ရေးရုံး၊ ဇူလိုင်လ ၂၇ရက်‌နေ့ ၌ ဖား‌ဆောင်းဆက်ဆံ‌ရေးရုံးနှင့် ဇူလိုင်လ ၃၁ရက်‌နေ့၌ ရှား‌တောဆက်ဆံ‌ရေးရုံး စုစု‌ပေါင်း သုံး‌နေရာ ဖွင့်လှစ်ပြီးခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားဖွင့်ပွဲတွင် KNPP ဘက်မှ ခူးဒယ်နီယာပါဝင်သည့် ဗဟို‌ကော်မတီ ၂ဦးနှင့် အရံဗဟို ‌ကော်မတီ အဖွဲ့ဝင် ၃ဦးတို့က ဦး‌ဆောင်ခဲ့ပြီး အစိုးရဘက်မှ စီမံ‌ရေးရာဝန်ကြီး ဦး‌ကောရယ်၊ သစ်‌တောဌာနဝန်ကြီး ဦးရဲဝင်း အပါအဝင် ဝန်ကြီး ၄ဦးနှင့် ပရိဿတ် ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဆက်ဆံ‌ရေးနှင့်ပတ်သက်၍ ခူးဒယ်နီယာက “ကျ‌နော်ဖွင့်တဲ့ ဆက်ဆံ‌ရေး‌တွေက‌တော့ အထူးသဖြင့် အစိုးရတပ်နဲ့ ကျ‌နော်တို့တပ်ကြား နှစ်ဖက်တပ်သွားလာမှုကိစ္စ၊ လူထုဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ တွဲလုပ်သွားဖို့ရှိတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

အခမ်းအနားတက်‌ရောက်သည့် အစိုးရဘက်ကလည်း နှစ်ဖက်တပ်သွားလာမှု၊ လူထုဖွံ့ဖြိုး‌ရေးနှင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရာတွင် လူထုအင်အား အများကြီး ပါဝင်လာရန် အ‌ရေးကြီးသည်ဟု ‌ပြောဆိုသွားခဲ့‌ကြောင်း KNPP က ဆိုသည်။

KNPP သည် မြန်မာအစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၉ရက်‌နေ့က ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံ‌ဆွေး ‌နွေးခဲ့စဉ်က အစိုးရအား အချက် ၂ဝ တင်ပြ‌ဆွေး‌နွေးခဲ့ရာ ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်ထားရှိ‌ရေး အပါအဝင် အချက် ၁၄ချက်ကို အစိုးရနှင့် သ‌ဘောတူညီမှု ရရှိခဲ့သည်။