Home သတင်း ‌တောင်ငူမြို့နယ်အတွင်းမှ ‌ရေ‌ဘေး ဒုက္ခသည်များ အကူအညီမဲ့‌နေ

‌တောင်ငူမြို့နယ်အတွင်းမှ ‌ရေ‌ဘေး ဒုက္ခသည်များ အကူအညီမဲ့‌နေ

2484
ဩဂုတ်လ ၁ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)


ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ်အတွင်း မိုးရွာသွန်းမှုများခြင်းနှင့် ဆည်‌ရေများ ‌ဖောက်ချခြင်းတို့‌ကြောင့် မြို့နယ်အတွင်း ဒုက္ခ‌ရောက်‌နေကြရ သည့် ‌ရေ‌ဘေးဒုက္ခများအား ယခုအချိန်ထိ ကူညီ‌ပေးမည့် အဖွဲ့အစည်းများ မရှိ‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က ‌တောင်ငူမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခဲ့ပြီး ၎င်းမြို့နယ်အနီးရှိ ပသီဆည်၊ ‌သောက်‌ရေခပ်ဆည်နှင့် ခ‌ပေါင်းဆည် သုံးခုမှ ‌ရေ‌ဖောက်ချသဖြင့် မြို့‌ပေါ်ရပ်ကွက်အတွင်း အိမ်အချို့တွင် ‌ရေအနည်းငယ်နစ်မြုပ်‌နေသဖြင့် နီးစပ်ရာ ဘုန်းကြီး‌ကျောင်းနှင့် စာသင်‌ကျောင်းများတွင် သွား‌ရောက်‌နေထိုင်‌နေကြရသည်ဟု ‌တောင်ငူမြို့ရပ်ကွက်(၂၀) ‌ကျောက်တွင်းကုန်းမှ ‌စော‌ကော်စိုးက‌ပြောသည်။

‌စော‌ကော်စိုးက “မိုးရွာတာလည်း ပါတယ်။ ဆည် ၃ခုကလည်း ‌ရေနည်းနည်းစီ ‌ဖောက်ချတာ‌ကြောင့် အခုဆို မြို့ကြီး‌အောက်ပိုင်းက လူ ‌တွေက စကား‌ကျောင်းတိုက်မှာ လာ‌နေရတာ။ တချို့က အလက(၁) ‌ကျောင်းမှာလာ‌နေတာ။ ထမင်းထုပ်‌တွေ ဘာ‌တွေလည်း လာမ‌ဝေ ဘူးလို့ သိရတယ်”ဟု ‌ပြောသည်။

‌ရေ‌ဘေးဒုက္ခသည်များမှာ စုစု‌ပေါင်း ၃၀၀ဝခန့်ရှိပြီး ‌တောင်ငူမြို့‌ပေါ်တွင်သာမက ‌တောင်ငူမြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့နှင့် ထန်းတပင်၊ အုတ်တွင်းနှင့် ‌ရေတာရှည်မြို့နယ်များတွင် ‌ရေကြီးမှု‌ကြောင့် စပါးခင်းများ ‌ရေနစ်မြုပ်‌နေ‌ကြောင်း သိရသည်။

‌တောင်ငူမြို့‌ဒေသခံတစ်ဦးက “စပါး‌တွေက ‌ရေနစ်‌နေတာကြာပြီ။ စပါး‌တွေမ‌ကောင်း‌တော့ရင် ဆန်‌ဈေးက တက်မှာ‌ပေ့ါ”ဟု စပါးခင်းများ ‌ရေနစ်မြုပ်မှု‌ကြောင့် ဆန်‌ဈေးတက်မည်ကို စိုးရိမ်‌ကြောင်း ‌ပြောသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှု နည်းပါးသွားခဲ့‌သော်လည်း ‌ရေကျမသွား‌သေးဘဲ လမ်း‌ပေါ်တွင် လူကြီးအရွယ် ခါးအမြင့်ထိ ‌ရေကြီးကာ သွားလာ‌နေရ‌သေးသဖြင့် ‌တောင်ငူမြို့‌ပေါ်ရှိ အထက(၁)၊ အထက(၅)၊ အထက(၆)နှင့် အလက(၁) အစိုးရစာသင်‌ကျောင်းများကိုလည်း ပိတ်ထားရ‌ကြောင်း မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

ရပ်ကွက်‌ပေါင်း ၂ဝရှိသည့် ‌တောင်ငူမြို့တွင် နှစ်စဉ် ‌ရေကြီးမှုဖြစ်ပွားခဲ့သလို မြို့ပတ်ပတ်လည်ရှိ အဆိုပါဆည်သုံးခုကို ဆည်‌ရေ‌ဖောက်ချ သည့်အခါတိုင်း သက်ဆိုင်ရာက ‌ဒေသခံပြည်သူလူထုထံ အသိ‌ပေး အ‌ကြောင်းကြားခြင်းမျိုး ပြုလုပ်ခြင်းမရှိခဲ့‌ပေ။

၎င်းဆည်သုံးခု အရင်းခံတည်‌ဆောက်ထားသည့် ပသီ‌ချောင်း၊ ‌သောက်‌ရေခပ်‌ချောင်းနှင့် ခ‌ပေါင်း‌ချောင်းများမှာ စစ်‌တောင်းမြစ်ထဲသို့ စီးဝင် သွားကြသည့်အတွက်‌ကြောင့် ဆည်‌ရေများ‌ဖောက်ချပါက မြစ်ရိုးတစ်‌လျှောက်ရှိ ‌ဒေသခံများ ယခုလို နှစ်စဉ် ‌ရေ‌ဘေးဒဏ်ခံရကာ စပါးခင်း များလည်း ‌ရေနစ်မြုပ်သွား‌လေ့ရှိသည်။

စစ်‌တောင်းမြစ်‌ရေသည် ၃၁ရက်‌နေ့ ည‌နေ ၃နာရီခွဲအချိန် တိုင်းထွာချက်အရ ‌တောင်ငူမြို့တွင် ၅၈၈စင်တီမီတာသို့ ‌ရောက်ရှိ‌နေပြီး ယ‌နေ့ မွန်းတည့်မှ ‌နောက် ၄၈နာရီအတွင်း ‌တောင်ငူမြို့၏ စိုးရိမ်‌ရေမှတ် ၆၀ဝစင်တီမီတာသို့ ‌ရောက်ရှိနိုင်‌ကြောင်း ယ‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံ သတင်းစာတွင် ‌ဖော်ပြထားသည်။