Home သတင်း မြန်မာကို ကမ္ဘာ့ဘဏ်က ယူအက်စ် ‌ဒေါ်လာ ၈၅သန်း ‌ထောက်ပံ့ရန်ရှိ

မြန်မာကို ကမ္ဘာ့ဘဏ်က ယူအက်စ် ‌ဒေါ်လာ ၈၅သန်း ‌ထောက်ပံ့ရန်ရှိ

2371
ဩဂုတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန် (ကရင်သတင်းဌာန)

နှစ်‌ပေါင်း ၂ဝအတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို ့အ‌မေရိကန်‌ဒေါ်လာ ၈၅သန်းအား ‌ထောက်ပံ့‌ကြေး‌ပေးရန် အစီအစဉ်ရှိ‌ကြောင်း မြန်မာနိုင်ငံသို ့‌ရောက်ရှိ‌နေ‌သော ကမ္ဘာ့ဘဏ် ဒုဥက္ကဌ Ms. Cox က သတင်း‌ထောက်များအား ယ‌နေ့ ‌ပြောကြားခဲ့သည်။

ယ‌နေ့ပြုလုပ်‌သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ‌ထောက်ပံ့‌ကြေးကို လာမည့် ‌အောက်တိုဘာလတွင် စတင်နိုင်ရန် စီစဉ်ထားပြီး ပဋိ ပက္ခဖြစ်‌နေ‌သော ‌ဒေသများရှိ ‌ကျောင်းများ၊ လမ်းများနှင့် ‌ရေရရှိ‌ရေးတို့အပြင် အ‌ခြေခံအ‌ဆောက်အဦးနှင့် ပတ်သက်‌သော လုပ်ငန်းများ အတွက် အဓိက လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း Ms. Cox က ‌ပြောသည်။

“မြန်မာနိုင်ငံဟာ ဒီ‌ဒေသက အဆင်းရဲဆုံး နိုင်ငံ‌တွေထဲမှာ ပါဝင်‌နေပါတယ်။ လူ‌တွေရဲ့ လိုအပ်ချက်‌တွေကလည်း များပြားလှပါတယ်။ ဆင်းရဲနွမ်းပါးသူ‌တွေနဲ့ ခုခံနိုင်စွမ်းမရှိတဲ့သူ‌တွေရဲ့ ဘဝ‌တွေ တိုးတက်‌ကောင်းမွန်ဖို့အတွက် အစိုးရရဲ့ ပြုပြင်‌ပြောင်းလဲမှု‌တွေကို အ‌ထောက် အကူ‌ပေးဖို့ လုပ်ကိုင်‌ဆောင်ရွက်‌နေပါတယ်”ဟု ၎င်းက ဆက်လက် ‌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအ‌နေဖြင့် ကမ္ဘာ့ဘဏ်သို့ အ‌မေရိကန်‌ဒေါ်လာ ၃၉၇သန်း အ‌ကြွေး‌ပေးရန်ရှိပြီး မြန်မာကို ‌ချေး‌ငွေအသစ် ထုတ်‌ချေးခြင်းအား ၁၉၈၇ခုနှစ်မှ စတင် ရပ်ဆိုင်းခဲ့သည်။

မကြာ‌သေးခင်က ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးမှု အစီရင်ခံစာတွင် နယ်စပ်‌ဒေသများတွင် ပဋိပက္ခများ‌ကြောင့် ထိခိုက်မှုရှိပြီး နုနယ်‌သော၊ မဖွံ့ဖြိုး‌သော နိုင်ငံများရှိ လူထုအတွက် စစ်မှန်‌သော စီးပွား‌ရေးအကျိုးအမြတ်များ ‌ပေါ်ထွန်း‌ရေးမှာ အ‌ရေးကြီး‌ကြောင်း ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံသို ကမ္ဘာ့ဘဏ်ရုံခွဲဖွင့်ရန် ‌ရောက်ရှိ‌နေ‌သော အ‌ရှေ့အာရှနှင့် ပစိဖိတ်‌ဒေသ ဒုဥက္ကဌ Ms. Cox နှင့်အဖွဲ့သည် ဇူလိုင်လ ၃ဝရက် ‌နေ့က သမတဦးသိန်းစိန်၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ပြည်‌ထောင်စုဝန်ကြီးများ၊ ၈၈မျိုးဆက်‌ကျောင်းသားများအဖွဲ့နှင့် ‌တွေ့ဆုံခဲ့သည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအား ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ဩဂုတ်လ ၁ရက်‌နေ့ ‌နေ့လည် ၂နာရီက ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမှ‌ပေးရန် ရှိ‌သော အ‌ကြွေးများအား ၂၀၁၃၊ ဇန်နဝါရီလတွင် ရှင်း‌ပေးနိုင်မည်ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ‌မျှော်လင့်‌နေကြသည်။