Home သတင်း တာကားလမ်း ‌ဖောက်လုပ်ခြင်း‌ကြောင့် ‌ရေကြီး မည်ကို ‌ဒေသခံများစိုးရိမ်

တာကားလမ်း ‌ဖောက်လုပ်ခြင်း‌ကြောင့် ‌ရေကြီး မည်ကို ‌ဒေသခံများစိုးရိမ်

2121
ဇူလိုင်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် အတွင်း၌ ‌ဆောက်လုပ်‌နေသည့် ‌ဇေကမ္ဘာကုမ္ပဏီ၏ ဘိလပ်‌မြေစက်ရုံနှင့် ဆက်သွယ်မည့် တာကားလမ်းမကြီး‌ဖောက်လုပ်ခြင်း‌ကြောင့် ၎င်း‌ဒေသတဝိုက်ရှိ ‌ကျေးရွာများ ‌ရေမြုပ်မည်ကို စိုးရိမ်‌နေကြသည်။

ယခင်လ ဇွန်လမှစ၍ စတင်‌ဖောက်လုပ်ခဲ့သည့် ထိုတာကားလမ်းသည် ဘိလပ်‌မြေစက်ရုံတည်ရှိရာ နှီးတုံ ‌တောင်မှ စံပယ်ဂူထိ တာလမ်းမကြီး‌ဖောက်လုပ်မည်ဖြစ်သည့်အတွက် နှီးတုံ‌ကျေးရွာအပါအဝင် ‌ကော့ဒွန်း၊ ‌ကော့ပ‌နော်အစရှိသည့် ‌ကျေးရွာ ၉ ရွာခန့် ‌ရေနစ်မြုပ်နိုင်‌ကြောင်း ‌ကျေးရွာရှိ ‌ဒေသခံ ဆရာ‌တော်များနှင့် ရွာသူ၊ ရွာသားများက စိုးရိမ်‌နေကြခြင်းဖြစ်သည်။

“လယ်‌မြေ‌တွေကို ဖြတ်ပြီး‌တော့ (တာကားလမ်း)လမ်း‌တွေ‌ဖောက်‌နေတာ၊ ဘိလပ်‌မြေစက်ရုံအတွက် ‌ကျောက် ‌တွေ သယ်တဲ့ ကားအကြီးကြီး သွားလာလို့ရ‌အောင် လမ်းကိုလည်း ခိုင်‌အောင် ‌ကောင်း‌အောင်‌တော့ ‌ဖောက် ‌နေတာ၊ လမ်းတ‌လျှောက်က လယ်‌တွေကို တချို့ ‌ငွေနည်းနည်း‌ပေးပြီး‌တော့ သိမ်းထားတာ‌လေ။”ဟု ‌ကော့ ဒွန်းရွာခံ အမျိုးသမီးတဦးက ‌ပြောသည်။

ယခု‌ဖောက်လုပ်သည့် ကားလမ်းသည် ၁၅ ‌ပေမြင့်သည်ထိ တည်‌ဆောက်မည်ဖြစ်သည့်အတွက် ‌ရေ မ‌ကျော်နိုင်ပဲ ‌ရေကြီးနိုင်မည့်အ‌နေအထားပင်ဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

‌ဒေသခံ ရွာသူ ရွာသားများအ‌နေဖြင့် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်သည်ကို မကန့်ကွက်‌သော်လည်း ယင်း ကဲ့သို့ လယ်‌မြေကို ဖြတ်ပြီး လမ်း‌ဖောက်လုပ်ပါက ‌ရေ‌ကျော်နိုင်အာင် ၃ ‌ပေအမြင့်ခန့်သာ ‌ဖောက်‌စေလို ‌ကြောင်း ၁၅ ‌ပေအမြင့်ထိ ‌ဖောက်လုပ်မည်ကို လက်မခံနိုင်ပဲ ကန့်ကွက်‌နေကြသည်။

‌ကော့ဒွန်းရွာခံ လယ်သမားတဦးကလည်း “တချို့လယ်‌တွေက သူတို့(ကုမ္ပဏီ) ပိုက်ဆံနည်းနည်း‌ပေးပြီး ဝယ်ထားကြတယ်။ ဒါ‌ပေမယ့် လူအနည်းစုပဲ အများစုက မ‌ရောင်းထားကြဘူး။ ကုမ္ပဏီက အဲဒီလယ်‌တွေကို အကုန်လုံး လိုချင်‌နေ‌ပေမယ့် ပိုင်ရှင်‌တွေက မ‌ပေးလိုကြဘူး။ အခုလည်း လမ်း‌ဖောက်‌နေတယ်။ ‌မြေ‌တွေ ဖို့‌နေတယ်။ လယ်မှာဆို‌တော့ ‌ရေ‌တွေ သွားလာလို့ မရဘူးဆိုရင် ‌ရေ‌တွေ ကြီးနိုင်တယ်။”ဟု ‌ပြောသည်။

အဆိုပါ‌ဒေသတွင် နှစ်စဉ် နှစ်တိုင်း မိုးများသည့် ဝါဆို၊ ဝါ‌ခေါင်လတွင် တစ်လနီးပါး ‌ရေကြီး‌လေ့ရှိပြီး ယခု ‌ဆောက်လုပ်မည့် တာကြီးသာ ဖို့လိုက်မည်ဆိုပါက တစ်လထက်ပိုပြီး ‌ရေကြီးနိုင်သည်ဟုလည်း ‌ဒေသခံများက ခန့်မှန်းကြသည်။

‌ဇေကမ္ဘာကုမ္ပဏီအ‌နေဖြင့် ဘိလပ်‌မြေ‌ဆောက်လုပ်‌နေသည့်‌ဒေသတဝိုက်ရှိ လယ်‌မြေများကို သိမ်းဆည်း လိုသည့် ရည်ရွယ်ဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ‌ဒေသခံများ သုံးသပ်‌ပြောဆို‌နေကြသည်။

ဦးခင်‌ရွှေပိုင် ‌ဇေကမ္ဘာကုမ္ပဏီမှ တည်‌ဆောက်‌နေသည့် ပျား‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်းအတွက် ‌ဒေသခံတို့ ပိုင်ဆိုင်သည့် ရာဘာခြံ‌မြေနှင့် လယ်ယာ‌မြေများကို ‌လျော်‌ကြေးအနည်းငယ်‌ပေးပြီး သိမ်းဆည်း ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်တွင် တန် ၁,ဝဝဝ ကျ ဘိလပ်‌မြေစက်ရုံ နှစ်ရုံ တည်‌ဆောက်မည်ဖြစ်ပြီး ‌ဇေကမ္ဘာကုမ္ပဏီအ‌နေဖြင့် အ‌မေရိကန်‌ဒေါ်လာ သန်း ၂၂ဝ ကုန်ကျခံကာ ၂၀၁၁ ခုနှစ်မှ သုံးနှစ် စီမံကိန်းဖြင့် စတင်အ‌ကောင်အထည်‌ဖော်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ် မြန်မာ၊ ထူး၊ က‌မ္ဘောဇ၊ ‌ရွှေ‌တောင်၊ G-4၊ ‌အေးရှားဝါးလ်၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်းလင်းအင်တာ‌နေရှင်နယ်၊ Jade Land၊ မြန်မာ‌ကောင်းတုံ၊ မြန်မနိုင်၊ YIG၊ ရှမ်းရိုးမ အင်မိုင်း၊ မင်းအ‌နော်ရထာ၊ ‌ငွေရည်ပုလဲ၊ ထွန်းသွင် မိုင်းနင်း၊ သံ‌တော်မြတ်၊ ‌အေပီစီလင့်ခ်တို့ဖြစ်ပြီး လက်ရှိ လည်ပတ်‌နေသည့် ဘိလပ်‌မြေစက်ရုံ‌ပေါင်း ၁၄ ရုံ ရှိသည်ဟု ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်‌နေ့ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။