Home သတင်း ဒေသအသီးသီးမှ ကရင်လူငယ်များ ပါဝင်ယှဉ်ပြိုင်သည့် Miss and Mister Global Karen ပြိုင်ပွဲ စတင်ကျင်းပ

ဒေသအသီးသီးမှ ကရင်လူငယ်များ ပါဝင်ယှဉ်ပြိုင်သည့် Miss and Mister Global Karen ပြိုင်ပွဲ စတင်ကျင်းပ

711

ဒီဇင်ဘာ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း၊ ပြည်တွင်းနှင့် အမေရိကန်ဖွား ကရင်လူငယ်မောင်မယ်များ ပါဝင်ယှဉ်ပြိုင်ကြသည့် Miss and Mister Global Karen (2026) ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ညက စတင်ကျင်းပခဲ့ပြီး ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု သိရသည်။

Miss and Mister Global Karen ပြိုင်ပွဲများကို ၃ ကြိမ်တိုင်တိုင် ကျင်းပထားခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ် ၂၀၂၆ အတွက် စခန်းသွင်းလေ့ကျင့်မှုများကို မဲဆောက်မြို့ ဟိုဖိုင်ကျေးရွာရှိ Oxygen Food House ၌ ပြုလုပ်နေခြင်း ဖြစ်ပြီး ပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့တွင် မဲဆောက်မြို့ Robinson ကုန်တိုက်၌ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲ ဦးဆောင်ကျင်းပသူ Miss မော်ဒယ်ဟောင်း နော်စေးဖောက “ကျမတို့ ကရင်လူမျိုးတွေက ဒေသ အသီးသီးမှာ ကွဲပြားနေထိုင်ကြတယ်။ ဒါကြောင့် လူငယ်တွေ အားလုံးကို ပြန်လည်ဖိတ်ခေါ်ပြီး ပြန်လည်တွေ့ ဆုံကြကာ ကိုယ့်စာပေ၊ စကား၊ ယဉ်ကျေးမှုတွေ မျှဝေကြဖို့ တစ်နှစ်တစ်ခါ တွေ့ဆုံနိုင် ဖို့ပါ။ ဒါကလည်း အရေးကြီးတဲ့ အကောင်အထည်ဖော်လုပ်ဆောင်မှုတစ်ခုလို့ မြင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်၊ မဲ့တန့်၊ အုန်းဖန် ဒေသများနှင့် မယ်လ၊ အုန်းဖန် စသည့် နယ်စပ်ဒုက္ခသည်စခန်းများအပြင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့် ပြည်တွင်းဒေသများမှ ကရင်လူငယ် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပါရမီရှင် ကရင်လူငယ်များအတွက် အခွင့်အလမ်း ရှားပါးနေချိန်တွင် ယခုကဲ့သို့ ကျင်းပခြင်းသည် ရှားပါးသည့် အခွင့်အရေးတစ်ရပ်ဖြစ်သလို မော်ဒယ်လောက (Modeling Industry) တွင် အခွင့်အလမ်းရစေသည်ဟု ပြိုင်ပွဲဝင် နော်အယ်ထီးထာစွေးက ကေအိုင်စီသို့ ပြောသည်။

“ကျမက အခုပြိုင်တာ နှစ်ကြိမ်ရှိပြီးပါပြီ။ ကျမရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျမတို့ရဲ့ ကရင်ယဉ်ကျေးမှုကို ပြသချင်တာပါပဲ။

အထူးသဖြင့် ကျမတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်ပုံတွေကို ဆိုရှယ်မီဒီယာကနေတစ် ဆင့် တစ်ကမ္ဘာလုံးက မြင်တွေ့ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာကိုယ့်ကရင်ယဉ်ကျေးမှုကို ပြသရုံသာမက နိုင်ငံတကာအထိ မော်ဒယ်လောကကို ခြေဆန့်နိုင်ဖို့ အခြေခံအစကောင်းတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခင်နှစ် ဒုတိယအကြိမ် Miss and Mister Global Karen 2025 ပြိုင်ပွဲကို မဲဆောက်မြို့ရှိ Robinson Supermarket ၌ ကျင်းပခဲ့ပြီး နေရာဒေသအသီးသီးမှ ပြိုင်ပွဲဝင် ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမ စသည့် ဆု ၅ ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။

၂၀၂၅ မယ်နှင့် မောင်ဆုအတွက် ပြည်တွင်းနှင့် နယ်စပ်မှ ကရင်အနုပညာရှင်များက ဒိုင်အဖြစ် ပါဝင် ကူညီပေးခဲ့ပြီး အလှမယ်ဆုကို ထိုင်းနိုင်ငံ မဲဆောက်ကိုယ်စားပြု Namsai Saisiri နှင့် မောင်ဆုကို ဆာသူးလေ ကျောင်းကိုယ်စားပြု Saw Thay Moo တို့က အသီးသီး ရရှိခဲ့ကြသည်။