Home သတင်း TNLA နှင့် စစ်တပ်အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ် နှစ်မြို့ ပြန်ပေးရမည်

TNLA နှင့် စစ်တပ်အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ် နှစ်မြို့ ပြန်ပေးရမည်

645
Photo: TNLA

အောက်တိုဘာ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် စစ်တပ်တို့ ယနေ့ မှစ၍ နှစ်ဖက် အပစ်ရပ် သဘောတူ လက်မှတ်ထိုးလိုက်ပြီး ဖြစ်သည်ဟု TNLA က ထုတ်ပြန်ပြောသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့နှင့်(၂၈)ရက်နေ့တို့တွင်(၉)ကြိမ်မြောက် ဆွေးနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့်အတူ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်အပစ်ရပ်သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် (၉)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်အုပ်စုဘက်မှ ထိုးစစ်ဆင်ဆင်ခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း နှင့် မိုးကုတ်၊မိုးမိတ်မြို့များကို စစ်အုပ်စုအားပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်TNLAမှယနေ့တွင် ထုတ်ပြန်လိုက်သည်။

သဘောတူသတ်မှတ်ထားသည့်ကာလကို၂၀၂၅ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ (၀၀:၀၀)နာရီအချိန်မှစတင်ပြီး နှစ်ဖက်ရောက်ရှိသည့်နေရာများမှ တပ်များပြန်လည်ဆုတ်ခွါရမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်း နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါ မိုးမိတ်နှင့် မိုးကုတ်မြို့များကို တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပြီးခဲ့သည့်၂၀၂၄ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း TNLAမှထုတ်ပြန်ထားသည်။

ထို့အပြင် TNLAအနေဖြင့် ၂၀၂၃ အောက်တိုဘာလ၂၇ရက်ကစတင်သည့် ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကိုသိမ်းယူနိုင်ခဲ့သည်။

၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရသိရသည်။