Home သတင်း တကျော့ပြန် လေးကေကော်ဒေသ စစ်ရှောင်ပြည်သူများ၏ ပုံရိပ်များ

တကျော့ပြန် လေးကေကော်ဒေသ စစ်ရှောင်ပြည်သူများ၏ ပုံရိပ်များ

440

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းမကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ပြီးနောက်၊ စစ်အုပ်စုတပ်များသည် မြဝတီမြို့တောင်ပိုင်းဘက်သို့ စစ်အင်အားတိုးချဲ့ လှုပ်ရှားမှုများ တရွေ့ရွေ့ လုပ်ဆောင်လာခြင်းကြောင့် တကျော့ပြန် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြသော ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြလျက်ရှိသည်။

အဆိုပါ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော ဒေသခံများသည် လက်ရှိတွင် မြဝတီတောင်ပိုင်းရှိ စီစဉ်ထားသော ယာယီစစ်ရှောင်နေရာများတွင် ခိုလှုံနေထိုင်လျက်ရှိပါသည်။

ထိုစစ်ရှောင်ခိုလှုံနေရာသို့ ရောက်နေကြသော စစ်ရှောင်လာကြသော ပြည်သူများထဲတွင် ကျောင်းမတက်နိုင်တော့သည့် ကျောင်းသူ/ကျောင်းသားကလေးများ၊ နာမကျန်းဖြစ်နေသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများလည်း အများအပြား ပါဝင်လျက်ရှိသည်။ လက်ရှိတွင် နေရာထိုင်ခင်းနှင့် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ထိုစစ်ရှောင်လာကြသော ဒေသခံပြည်သူများ၏ အခြေအနေများကို ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက်များက မှတ်တမ်းတင်ထားသော ဓာတ်ပုံအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ – ကေအိုင်စီ