Home သတင်း တော်ဝင်ဂေဇက်က အစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန် ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့ခံရ

တော်ဝင်ဂေဇက်က အစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန် ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့ခံရ

407
Photo: Thai PBS

ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းတော်ဝင်ဂေဇက်က ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန်ကို အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေခံဥပဒေခုံရုံးက မစ္စပေတုံတန်ရှင်နာဝပ်ကို ဖယ်ရှားသော အမိန့်သည် ကမ္ဘောဒီး ယားဝန်ကြီး ဟောင်းနှင့်ပြောဆိုသော အသံဖိုင်ပေါက်ကြားမှုကို ရုံးတော်က လက်ခံစစ်ဆေးမည်ဟု သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် ပြောဆိုရာမှာ မစ္စပေတုံတန်သည် အမှတ် (၂) စစ်ဒေသကွပ်ကဲရေးမှူးသည် သူနှင့် ဆန့်ကျင်ဘက်မှာရှိနေသည်ဟုပြောဆိုပြီး ဝန်ကြီးချုပ်ကျင့်ဝတ်နှင့် ကိုက်ညီမှုရှိ/မရှိကို အခြေခံဥပဒေ အမြင့်ဆုံးရုံးတော်မှ လက်ခံစစ်ဆေးမည်ဖြစ်သည်။

ထိုင်းတော်ဝင်အသိုင်းအဝိုင်းက မစ္စပေတုံတန်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်ဆောင်ရွက်စေမည်ဟု ဘုရင့် အမိန့်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်း ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြိးချုပ်ရာထူး ဆိုင်းငံ့အမိန့်ကို မဲခွဲဆုံးဖြတ်ခဲ့သည်။

Photo: Thai PBS

ထို့ကြောင့် ထိုင်းအစိုးရအဖွဲ့အသစ်တွင် မစ္စပေတုံတန်သည် ယဥ်ကျေးမှုဝန်ကြီးဖြစ်လာနိုင်ပြီး လက်ရှိ ဒုဝန်ကြီး ချုပ်တစ်ဦးဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သော မစ္စမတာဆူရီယာကို ယာယီဝန်ကြီးချုပ် အဖြစ်ခန့် အပ်ထားမည်ဟု သိရသည်။

လက်ရှိ သယ်ယူပို့ဆောင်ရေးဝန်ကြီး မစ္စတာ ဆူရီယာသည် ဝန်ကြီးချုပ်ရာထူးနှင့် ညီမျှသော လုပ်ပိုင်ခွင့် အာဏာ များရှိပြီး အစိုးရအဖွဲ့ခန့်အပ်ခြင်းနှင့် ဘတ်ဂျက်များကို စီမံခန့်ခွဲနိုင်မည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားကြသည်။

လာမည့်ကြာသပတေးနေ့တွင် ကျင်းပမည့်အစိုးရအဖွဲ့ဝန်ကြီးခန့်အပ်ပွဲကို မစ္စပေတုံတန်သည် ယဥ်ကျေးမှုဝန်ကြီး အဖြစ်တက်ရောက်လာပြီး ထိုပွဲကို ဝန်ကြီးချုပ်အသစ်က ဦးဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

ကိုးကား

Khaosod English, Thai PBS World, The Nation