ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်တွေ့ရှိရသည့် ကာလဝမ်းရောဂါကြောင့် အပြည်ပြည်ဆိုင်ရာဝင်ပေါက်နှင့် နယ်စပ်ဂိတ်များအပါအဝင် ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကို စောင့်ကြည့်စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသနေရသူ ရာနှင့်ချီရှိနေပြီး ထိုအထဲတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုများလည်း...