Home သတင်း ဝန်ကြီးချုပ်နှင့် မစ္စတာဟွန်ဆန် အသံဖိုင်ပေါက်ကြားပြီးနောက် ထိုင်းညွန့်ပေါင်းအစိုးရ၏ ဒုတိယအကြီးဆုံး အဖွဲ့ဝင်ပါတီ နှုတ်ထွက်

ဝန်ကြီးချုပ်နှင့် မစ္စတာဟွန်ဆန် အသံဖိုင်ပေါက်ကြားပြီးနောက် ထိုင်းညွန့်ပေါင်းအစိုးရ၏ ဒုတိယအကြီးဆုံး အဖွဲ့ဝင်ပါတီ နှုတ်ထွက်

742
Photo: Bangkok Post

ဇွန်လ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းဝန်ကြီးချုပ် မစ္စပေတုံတန်ရှင်နာဝပ် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်တို့၏ နယ်စပ်အရေး ဖုန်းခေါ်ဆွေးနွေးသော အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်း ညွန့်ပေါင်းအစိုးရ၏ ဒုတိယအကြီးဆုံးပါတီက အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်၏ ဦးဆောင်မှုအပေါ် ထားရှိသော ယုံကြည်မှုကို ခြိမ်းခြောက်လာသောကြောင့် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူ/တာဝန်ခံရန် ထိုင်း ဖုမ်ကျိုင်ထိုင်းပါတီက တောင်းဆိုလိုက်သည်။

ထိုင်းအာဏာရအစိုးရ၏ မိတ်ဖက်ပါတီဖြစ်သော ဖုမ်ကျိုင်ထိုင်းပါတီက ထိုင်းအကျိုးစီးပွား၊ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ်၊ ညီညွတ်မှုကို ထိန်းသိမ်းသော ထိုင်းစစ်တပ်နှင့် အရာရှိများကို ထောက်ခံရင်း ထိုင်းအားလုံးအတွက် အလုပ်လုပ်မည်ဟု ဖုမ်ကျိုင်ထိုင်းပါတီ၏ ထုတ်ပြန်ချက်တွင် ကြေငြာထားသည်။

Photo: Bangkok Post

ထိုင်းဝန်ကြီးချုပ်အနေဖြင့် ပြောဆိုဆွေးနွေးမှုအတွင်း ထိုင်းစစ်တပ်ကို ထည့်သွင်းပြောဆိုခြင်းသည် နက်ရှိုင်းသော ဒုက္ခတွင်းထဲ သက်ရောက်နိုင်ကြောင်းကိုလည်း ၎င်းပါတီက ပြောဆိုသည်။

၁၇ မိနစ်ကျော်ကြာမြင့်သော အဆိုပါ အသံဖိုင်တွင် လက်ရှိဖြစ်ပေါ်နေသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး မစ္စတာ ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ပြီး ပေတုံတန်ရှင်နာဝပ်က ထိုင်း စစ်တပ်၏ အဓိကကွပ်ကဲရေးအကြီးပိုင်းတစ်ဦးကို အဓိပ္ပါယ်လွဲမှားသော စကားလုံးများ ပြောဆိုခဲ့ဖြစ်သည်ဟု ဆိုသည်။

မစ္စ ပေတုံတန်ရှင်နာဝပ် ၏ အပြောအဆိုများသည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး စစ်တပ်နှင့် လူထုဆက်ဆံရေးကို အစွန်းအထင်းဖြစ်စေသည်ဟုလည်း ထိုင်းအစိုးရ၏ ဒုတိယအကြီးဆုံးအဖွဲ့ဝင် ပါတီဖြစ်သော ဖုမ်ကျိုင်ထိုင်းက ထောက်ပြသည်။