ဩဂုတ် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ(ကရင်ပြည်)တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ငြိမ်းချမ်းရေးကို အာမခံနိုင်ရန် စသည့် ရည်မှန်းချက်များဖြင့် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်(KWAN) ကို ဩဂုတ်လ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပ အရပ်ဖက် ကရင်လူမှုအဖွဲ့အစည်းများပူးပေါင်းစုဖွဲ့ထားသည့် KWAN အား မြန်မာအပါအဝင်...