ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့၊ မြဝတီတောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့ ဩဂုတ်လ (၂၂)ရက်ကစပြီး ယနေ့အချိန်ထိ စစ်အုပ်စုက လက်နက်ကြီးအများအပြားပစ်ခတ်၍ တိုက်စစ်ဆင်နေကြောင်း မြဝတီနယ်စပ်အခြေစိုက် ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်တပ်များ ထိန်းချုပ်လှုပ်ရှားသည့်မြေပြင်တဝိုက် ရှေ့တိုးတိုက်ခိုက်၍မရနိုင်သောကြောင့် စစ်အုပ်စုက ၎င်းတို့တပ်စွဲထားသည့်နေရာများမှ...