Home သတင်း KIO ဥက္ကဌဟောင်းကြီး ကွယ်လွယ်မှုအပေါ် ကေအဲန်ယူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

KIO ဥက္ကဌဟောင်းကြီး ကွယ်လွယ်မှုအပေါ် ကေအဲန်ယူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

633
Photo - KLA & Kachin News Group

မေလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်-KIO ဥက္ကဋ္ဌ ဦးလညော်ဇောင်းဟရား ကွယ်လွန်မှုအပေါ် ဝမ်းနည်း အလေးပြုကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဋ္ဌာနချုပ်က ယနေ့ မေလ ၁၇ ရက်နေ့ရက်စွဲဖြင့် သဝဏ်လွှာပေးပို့သည်။

ဘဝတူတိုင်းရင်းသားများနှင့်အတူလက်တွဲကာ ကချင်လူမျိုးများ၏ တန်းတူညီမျှမှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် KIO ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကာလပတ်လုံး ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဦးလညော်‌ဇောင်းဟရား၏ သေဆုံးမှုအပေါ် ကေအဲန်ယူအနေဖြင့် ကြေကွဲဝမ်းနည်းရပါကြောင်း သ၀ဏ်လွှာတွင် ဖော်ပြသည်။

Photo – KLA & Kachin News Group

ဦးလညော်ဇောင်းဟရား၏ သေဆုံးမှုသည် KIO အပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နှင့် ကချင်ပြည်သူတစ်ရပ်လုံး၏ ဆုံးရှုံးမှုလည်း ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

မေလ (၁၅)ရက်၊ နံနက် ၇နာရီ ၁၅ မိနစ် က လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်၊ အသက် (၈၇)နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးလညော်ဇောင်းဟရားသည် ၁၉၆၄ ခုနှစ်မှစတင်ကာ KIA အဖွဲ့အတွင်းစတင်ဝင်ရောက်ခဲ့သည်။ သူသည် KIO ဥက္ကဋ္ဌတာဝန်မှ အနားယူသည့်အချိန်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ ‌နိုင်ငံရေး၊ စစ်ရေးဖြတ်သန်းမှုရှိ‌သူလည်းဖြစ်ကြောင်း သိရသည်။

၎င်းကွယ်လွန်ခြင်းအ‌ပေါ် ရက္ခိုင်အမျိူသားအဖွဲ့ချုပ်-ULA၊ ကျောင်းသားတပ်မတော်-ABSDF တို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့သလို ၎င်း၏မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များကလည်း လူမှုကွန်ရက်မှတဆင့် ဝမ်းနည်းကြောင်း ပြောဆိုထားကြသည်။