အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေသည့်မြန်မာစစ်အုပ်စုကို အလျှော့ပေးမဆက်ဆံသင့်ဟု အမေရိကန်အစိုးရကို Justice for Myanmar-JFM က ယမန်နေ့ အောက်တိုဘာ(၁၁)ရက်တွင် ထောက်ပြပြောဆိုသည်။
စစ်အုပ်စုကို စစ်လက်နက်အထောက်အပံ့များ ပေးနေသည့် လုပ်ငန်းရှင်များကို အမေရိကန်၏...