Home သတင်း ထိုင်း-မြန်မာနယ်စပ်၌ ယာဉ်တိမ်းမှောက် မြန်မာအမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ်၌ ယာဉ်တိမ်းမှောက် မြန်မာအမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

575
Photo: Bangkokpost

ဇန်နဝါရီ ၈ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီခရိုင်၊ နယ်စပ်အနီးတွင် ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ရာ တရားမဝင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကား (၂) စီး တိမ်းမှောက်မှု အမျိုးသမီး (၁) ဦး သေဆုံးပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဘန်ကောက်ပိုစ့် သတင်း၌ ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ဇန်နဝါရီ ၈ ရက် နံနက် အစောပိုင်းအချိန်တွင် အမှတ် (၃၂၃) လမ်းမ၊ ဆန်ခလာဘူရီ-ဘုရားသုံးဆူ လမ်း၊ ညောင်လူမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုလို ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာရွှေ့ပြောင်း အမျိုးသမီး ၁ ဦးသေဆုံးကာ၊ အခြားအမျိုးသား ၂ ဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ပြီး ဖဟူပိုးပယူဟာဆီနဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်မောင်းနှစ်ဦးစလုံးသည် ယာဉ်ပေါ်ပါ အခြားတရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့်အတူ ထွက်ပြေးသွားခဲ့သည်။

ထို့အပြင် ယာဉ်မတော်တဆ ဖြစ်ရခြင်း အကြောင်းအရင်းကို မသိရသေးသလို ရဲတပ်ဖွဲ့မှ မှတ်ပုံတင်ထားသည့် ယာဉ်ပိုင်ရှင်များကို စစ်ဆေးမှုများနှင့် အခြား စုံစမ်းမှုများပါ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။


ကိုးကား-ဘန်ကောက်ပို့စ်