Home သတင်း နှစ်သစ်ဆုတောင်းနှင့် ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ

နှစ်သစ်ဆုတောင်းနှင့် ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ

660

နှစ်သစ်ဆုတောင်းနှင့် ကောက်သစ်စား ရိုးရာဓ‌လေ့ အနှစ်သာရ

(အယ်ဒီတာ့ အာဘော်)

မကြာမီ ရက်ပိုင်းအတွင်း ကရင်နှစ် ၂၇၆၃ ခု ကုန်ဆုံးကာ ၂၇၆၄ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာတော့မည်ဖြစ် သည်။ ယခုလို ကရင့်နှစ်သစ်ကူးအချိန်ခါသမယ၌ နေရပ်၊ ဒေသအသီးသီးရှိ ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်အမျိုးမျိုး ကင်းဝေးပြီး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ကေအိုင်စီ သတင်းဌာန၊ အဖွဲ့သူအဖွဲ့သားများက ကနဦး ဆုမွန်ကောင်း တောင်းလိုပါသည်။

မိမိတို့ကရင်လူမျိုးတို့သည် ရှေးယခင်ကတည်းက တောင်ပေါ်၊ မြေပြန့်၊ မြစ်ဝှမ်းနေရာဒေသအသီးသီးတွင် နေထိုင်ခဲ့ကြ ပြီး အများစုသည် တောင်ယာ၊ လယ်ယာ စိုက်ပျိုးခြင်းတို့ကို အဓိကထား အသက်မွေးဝမ်းကြောင်းပြုလေ့ရှိကြသည်။ ယခုအချိန်ခါသည် ဆောင်းလေပြေ၊ နှင်းမြူစက်တို့နှင့်အတူ စိုက်ပျိုးသီးနှံကောက်သစ်ဦးများ ပေါ်ထွက်လာချိန်လည်း ဖြစ်သည်။

ယခုလို စိုက်ပျိုးထားသည့် ကောက်သစ်များ ပေါ်ချိန်တွင် ရှေးယခင်ကတည်းက ကရင့်ဘိုးဘေးများက ဒေသအလိုက် ပေါ်ဦး၊ ပေါ်ဖျား သီးနှံတို့ကို မိသားစုအလိုက်သော်လည်းကောင်း၊ ဘိုးဘွား၊ မိဘ၊ မိတ်ဆွေများကို ဖိတ်ခေါ်ချက်ပြုတ် ကျွေးမွေးသည့် ကောက်သစ်စားရိုးရာဓလေ့ကို ရှေးယခင်ကတည်းက ပြုလုပ်ခဲ့ကြရာမှ ကောက်သစ်စားပွဲ ရိုးရာဓလေ့ ပေါ်ပေါက်လာသည်။

နေရာဒေသအလိုက် ကောက်သစ်စားပွဲတော်များကို စုစည်းကာ ကရင်နှစ်သစ်ကူးပွဲတော်အဖြစ် ကရင့်ဘိုးဘေးတို့က သတ်မှတ်ပြုလုပ်ခဲ့ကြသည်။ နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားရာတွင်လည်း ကောက်သစ်ဦး‌ပေါ်စတွင် ကောက်ညှင်း‌ ပေါင်းများကို ဝေငှ‌ကျွေး‌မွေး‌လေ့ရှိကြသည်။ ယင်းသည် ကောက်သစ်စားခြင်း ရိုးရာဓ‌လေ့၏ စည်းလုံးခြင်း အမှတ် သ‌င်္ကေတပင် ဖြစ်သည်။

ယခုလို ကရင့်ဘိုးဘေးဘိုးဘွားတို့ လက်ဆင့်ကမ်း အမွေပေးခဲ့သည့် ကောက်သစ်စားခြင်း ရိုးရာဓလေ့ အနှစ်သာရ စုစည်းညီညွတ်မှုရှိကြရန် ဆုံးမသွန်သင် လမ်းပြပေးခဲ့သည့်အတိုင်း မိမိတို့ စုစည်းညီညွတ်မှု မည်မျှအထိ ရှိနေကြသ နည်းဆိုသည်ကို ယခုလို နှစ်သစ်ကူးချိန်တွင် ပြန်ဆန်းစစ်ကြရပေမည်။

မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် နည်းပညာအရပ်ရပ် ထွန်းကားလာသည့်နည်းတူ ရုပ်ဝတ္ထုပိုင်း တိုးတက်လာပြီး အခြား တစ်ဖက်တွင်မှု သဘာဝဘေးအန္တရာယ် ပိုမို များပြားလာသလို လူသားတို့၏ လောဘ၊ အတ္တ အကျိုးစီးပွားများကြောင့် ကမ္ဘာကြီးမှာ မငြိမ်းချမ်းဘဲ စစ်ပွဲများသာ တိုးလာခဲ့သည်ကို သိသာစွာ တွေ့ရှိနေရသည်။

မြန်မာနိုင်ငံတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တော်လှန်နေချိန်ဖြစ်သည်။ နိုင်ငံတဝှမ်းလုံးတွင် စစ်၏ အကျိုးဆက်များကို အများပြည်သူတိုင်း ခံစားနေရ သကဲ့သို့ ဒုက္ခအထွေထွေကို ရင်ဆိုင်ဖြတ်သန်းနေချိန်ဖြစ်သည်။ ထိုသို့ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် တော်လှန်ရေးဆင်နွှဲနေချိန်တွင် ကရင်တိုင်းရင်းသားတို့အပြင် ကျန်တိုင်းရင်းသားပြည်သူတစ်ရပ် လုံး စုစည်းညီညွတ်မှုရှိရှိ၊ လက်တွဲညီညီ မဟာဗျူဟာကျကျ၊ နည်းစနစ်ကောင်းကောင်းနှင့် သတိရှိရှိ တော်လှန်မှသာ ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။

မိမိတို့ဘက်တော်သားအချင်းချင်းကြား အမြင်မတူမှုများ ရှိနေလင့်စကား အမျိုးသားရေးပန်းတိုင်၊ တိုင်းသူပြည်သား များအတွက်ပန်းတိုင်ရောက်ရှိရေး စုစည်းညီညွတ်ကြရန် လိုသည်။ ကရင်တို့သည် နေရာဒေသ ပြန့်ကြဲနေထိုင်မှု အခြားသောအကြောင်းအရာများအပေါ် မှီတည်ကာ သမိုင်းအဆက်ဆက် ကြုံတွေ့ခဲ့ရသည့် သွေးခွဲ၊ သပ်လျှို ဖြိုခွဲမှုများ ကို သတိထားဆင်ခြင်ကာ တော်လှန်ရေးရည်မှန်းချက် ဆုံးခန်းတိုင် ချီတက်ကြရမည်ဖြစ်သည်။

ထို့ကြောင့် ကောက်သစ်ဦးပေါ်စ၊ နှစ်သစ်ကူးချိန်တွင် ကောက်သစ်စားခြင်း ရိုးရာဓလေ့၏ အနှစ်သာရနှင့် စုစည်းညီ ညွတ်မှုကို နယ်ပယ်ကဏ္ဍစုံတွင် တည်ဆောက်ရင်း ကရင့်အမျိုးသားရေး ရည်မှန်းချက်၊ တိုင်းပြည်၏ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်ပန်းတိုင်ဆီသို့ ညီညာစွာ လျှောက်လှမ်းသွားကြစေလိုပါသည်။