Home ဆောင်းပါး ပြည်သူအပေါ် စာနာထောက်ထားမှုကို အပြောနဲ့မဟုတ် လက်တွေ့ဆောင်ရွက်မှုနဲ့ ပြသနိုင်ဖို့

ပြည်သူအပေါ် စာနာထောက်ထားမှုကို အပြောနဲ့မဟုတ် လက်တွေ့ဆောင်ရွက်မှုနဲ့ ပြသနိုင်ဖို့

537

ပြည်သူအပေါ် စာနာထောက်ထားမှုကို အပြောနဲ့မဟုတ် လက်တွေ့ဆောင်ရွက်မှုနဲ့ ပြသနိုင်ဖို့

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်)

တိုင်းပြည်နဲ့အဝန်းမှာ ယခုအခါ ပူပြင်းတဲ့နွေရာသီကနေ စွတ်စိုတဲ့ မိုးရာသီသို့ တစတစ ကူးပြောင်း ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ မိုးဦးရာသီအစကာလဖြစ်တာနဲ့အညီ လေပြင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကိုလည်း ကြုံတွေ့နေကြရပါပြီ။ ဒီလိုအချိန်အခါမှာ မိုးလုံလေလုံနေကြရတဲ့ ကျနော်တို့ ခင်ဗျား တို့ခေါင်းထဲကို ဝင်လာတဲ့အကြောင်းအရာကတော့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံနဲ့အဝန်းမှာ စစ်ဘေး ရှောင်နေကြရတဲ့ ပြည်သူတွေ အမိုးအကာနဲ့ လုံလုံခြုံခြုံနေကြရရဲ့လား။ အမိုးအကာနဲ့ လုံလုံခြုံခြုံနေနိုင်ဖို့ အဆင်သင့်ဖြစ်နေကြပြီလားဆိုတဲ့ စာနာထောက်ထားမှု ယှဉ်တဲ့တွေးခေါ်စဉ်းစားမှုပါပဲ။

စစ်ပွဲတွေက တိုင်းပြည်နဲ့အဝန်းမှာ မတူတဲ့အတိုင်းအတာနဲ့ နေ့စဉ်လိုလို ဖြစ်ပွားနေတာ မဟုတ်ပါ လား။ အဲဒီလိုဖြစ်ပွားနေတဲ့ စစ်မက်ဘေးကနေ လွတ်ကင်းရာကို ပြေးကြတဲ့အခါမှာ အဝတ်တစ်ထည် ကိုယ် တစ်ခုနဲ့ နိုင်သလောက်သာ ဆွဲပိုးပြေးကြရတာပါ။ မသယ်နိုင်မရွေ့နိုင်လို့ ကျန်ရစ်ခဲ့တဲ့ အိမ်နဲ့ပစ္စည်းတွေဟာ (စကစ)စစ်အုပ်စု ခါးပိုက်ဆောင်တပ်တွေရဲ့ မီးရှို့ပစ်တာနဲ့ လုယက်ယူငင်တာကို ခံကြရတာအများစုပဲ မဟုတ်ပါလား။ (လုယက်/သတ်ဖြတ်/မီးရှို့) “လု/သတ်/ရှို့” ဆိုတာ စစ်မြေပြင်တိုင်းမှာ စစ်မျက်နှာတိုင်းမှာ (စကစ)စစ်အုပ်စု ခါးပိုက်ဆောင်တပ်တွေက သွေးအေးအေးနဲ့ ကျင့်သုံးနေတဲ့ လက်တွေ့ပေါ်လစီဖြစ်ပါတယ်။

အဲဒီလိုလူက လုပ်ဆောင်တဲ့ အကြမ်းဖက်မှုဆိုတဲ့ စစ်ဘေးဒဏ်ကို မိမိနေရာဒေသအလိုက် ရင်ဆိုင် ကြရတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ပြေးကြရတယ်။ အဲဒီလိုဘေးလွတ်ရာ ကိုပြေးရင်း သဘာဝဘေးတွေကိုပါ ထပ်ဆင့်ရင်ဆိုင်ကြရပြန်ပါတယ်။ အခုတော့ ပူပြင်းတဲ့ နွေရာသီကနေ စိုစွတ်မယ့် မိုးရာသီကို ရင်ဆိုင်ကြရပါတော့မယ်။ ပူပြင်းတဲ့နွေရာသီမှာ သောက်ရေသုံးရေသန့် ရှားပါးပြတ် လပ်တာကို ကြုံကြရသလို အပူကြောင့်ဖြစ်ရတဲ့ရောဂါတွေကို သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ရင်ဆိုင်ကြရပါတယ်။ အခုလည်း မိုးဦးလေဦးရာသီမှာ အဖြစ်များတတ်တဲ့ ခြင်/ယင်တို့ကြောင့် ဖြစ်ပွားတတ် တဲ့ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပါတယ်။

အမိုးအကာကလည်း မလုံမခြုံ၊ အစာအာဟာရကလည်း မပြည့်မစုံ၊ လုံလောက်တဲ့ ဆေးဝါးကုသမှုက လည်း ချို့တဲ့နေမယ်ဆိုရင်တော့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ လူကဖန်တီးတဲ့ စစ်မက်ဘေးနဲ့ သဘာ ဝကဖန်တီးလာတဲ့ ရာသီဥတုနဲ့ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေ ဆိုတဲ့ဘေးအန္တရာယ် ၂မျိုးရှေ့မှောက်မှာ လည်စင်းပေးကြရတဲ့ဘဝမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် နိုင်ငံနဲ့အဝန်း နေရာဒေသတိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ထောက်ထား ငဲ့ညှာပြီး လေးလေးနက်နက် ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အမိုး အကာလုံခြုံဖို့အတွက် ပထမဦးစားပေးစဉ်းစားမယ်ဆိုရင် ဒုတိယဦးစားပေးက ဆန်ဆိုတဲ့ အဓိကစားနပ်ရိက္ခာ ဖူလုံစေဖို့ (အနိမ့်ဆုံးအဆင့် လောက်ငှစေဖို့) တတိယဦးစားပေးက ရှောင်တခင်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေနဲ့ ထိခိုက်ရှနာမှုတွေကို ကာကွယ်ကုသနိုင်မယ့် ဆေးဝါး၊ ကိရိယာနဲ့ ကုသမှုကျွမ်းကျင်သူတွေ ရှိထားရမယ့် ကိစ္စ တွေပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီကိစ္စ ၃ခုကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက စီမံချက်ချဆောင်ရွက်နေကြပြီလို့ ယူဆပါ တယ်။ စေတနာရှင်တွေဆီက ကူညီထောက်ပံ့မှုတွေအပြင် သက်ဆိုင်ရာဒေသရှိ သဘာဝပစ္စည်းတွေ (ဥပမာ – သစ်/ဝါး စသဖြင့်)ကို မိမိတို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျွမ်းကျင်မှုလုပ်အားနဲ့ ပေါင်းစပ်ပြီး အမိုးအကာ လုံခြုံစွာ နေနိုင်ရေးအတွက် စီမံကြရမှာပဲ မဟုတ်ပါလား။ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေကိုလည်း ယာယီနားခိုရာအဖြစ် အသုံးပြုကြရမှာပဲ မဟုတ်ပါလား။ ကူးစက်မြန်ရောဂါတွေက ရရှိနိုင်တဲ့ ရေခံမြေခံတွေ ဖြစ်တဲ့ သောက်သုံးရေသန့်ရရှိဖို့နဲ့ အမှိုက်နဲ့ အညစ်အကြေးစွန့်ပစ်မှုကို ထိထိရောက်ရောက် ကြပ်ကြပ်မတ် မတ် ဆောင်ရွက်ကြရမှာပါ။ ဒါ့အပြင် (ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစအပါအဝင်) ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ သတ်မှတ်ချက်အတိုင်းပြည့်မီအောင် မပျက်မကွက် ထိုးနှံ ထားကြဖို့လည်း လိုအပ်မှာပါ။

ကျန်းမာရေးနဲ့ ပေါ့ဆမီး မလောင်ကျွမ်းစေဖို့အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပညာပေးဟော ပြောခြင်းတွေကို ကျောင်းသားလူငယ်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ပြီး လိုအပ်တဲ့ လုပ်ဆောင်မှု တွေကို လုပ်အားနဲ့ပေါင်းစပ်ပြီး ထိထိရောက်ရောက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုအပ်ပါလိမ့်မယ်။

အခြားတစ်ဖက်မှာလည်း (စကစ)စစ်အုပ်စုခါးပိုက်ဆောင်တပ်တွေက လူနေအိမ်၊ ဘုရားရှိခိုးကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းမကျန် လက်နက်ကြီးနဲ့ပစ်၊ လေယာဉ်ပျံနဲ့ဗုံးကြဲခြင်းစတဲ့ အကြမ်း ဖက်ရမ်းကားမှုတွေအတွက်လည်း ကြိုတင် လှုံ့ဆော်ပညာပေးတာတွေ ဘေးအန္တရာအချက်ပေးစနစ် ပြုလုပ် တာတွေ၊ ရှောင်တိမ်းပုန်းခိုရမယ့်နေရာတွေ သတ်မှတ်တည်ဆောက်တာ စသဖြင့် ဘက်စုံထောင်စုံကနေ ပြင် ဆင်ထားကြရမှာပါ။

ကျနော်တို့တော်လှန်ရေးတွေဟာ ဒီလိုလုပ်ငန်းတွေကို ပြည်သူများနဲ့အတူ ဒိုးတူဘောင်ဘက် လုပ် ဆောင်ခြင်းအားဖြင့် တော်လှန်ရေးဟာ ပြည်သူတွေဘဝနဲ့အသက်ကို လုံခြုံဘေးကင်းစေဖို့ အေးချမ်းစွာ လုပ် ကိုင်စားသောက်နိုင်ဖို့၊ ပိုမိုကောင်းမွန်သာယာတဲ့ ဘဝသစ်ကို တည်ဆောက်ဖို့ တကယ်တမ်း ရည်ရွယ်လုပ် ဆောင်နေကြတာဖြစ်တယ်ဆိုတာကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့နဲ့ သာဓကပြသနိုင်မှာလည်းဖြစ်ပါ တယ်။ ပြည်သူတွေနဲ့ အသဲနှလုံးနဲ့ ယုံကြည်မှုကို ဒီနည်းနဲ့ပဲ ကျနော်တို့ ရယူနိုင်ပါလိမ့်မယ်။ ပြည်သူတွေက ကျနော်တို့ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေအနက် ဘယ်သူဟာ ဘယ်အဖွဲ့အစည်း ဟာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသလဲ ဆိုတဲ့အချက်ကို လက်တွေ့ထဲကနေကြည့်ပြီး အကဲဖြတ်ပါ လိမ့်မယ်။ တန်ဖိုးဖြတ်ပါလိမ့်မယ်။

တော်လှန်ရေးဆိုတာဟာ ဖိနှိပ်သွေးစုပ်အကြမ်းဖက်တဲ့ စနစ်ဆိုးကို (ပြည်သူများအား စည်းရုံးပြီး) တွန်းလှန်ဖြိုချရတာဖြစ်သလို စနစ်ကောင်းစနစ်သစ်ကိုလည်း (ပြည်သူတွေတွေကို စည်းရုံးပြီး) တစ်ဆင့်ပြီး တစ်ဆင့်၊ တစ်လှမ်းပြီးတစ်လှမ်း လက်ရည်တစ်ပြင်တည်း တည်ဆောက်သွားကြရမှာပါ။

တော်လှန်ရေးဆိုတာ အဟောင်းကို အခြေအမြစ်ကနေ ဖြိုဖျက်ပစ်ပြီး ပိုမိုကောင်းမွန်သစ်လွင်တဲ့ ခေတ်စနစ်သစ်တည်ဆောက်မှုဆိုတဲ့ ဆန့်ကျင်ဘက် လုပ်ငန်းစဉ် ၂ရပ်ကို အပြန်အလှန် ပေါင်းစပ်ထားတဲ့ ဝေါဟာရပဲ မဟုတ်ပါလား။