Home သတင်း ပဲခူးတိုင်း၊ တော်လှန်ရေးအင်အားစုများထံ စစ်သင်တန်းလာတက်သည့် လူငယ်များအတွက် ရိက္ခာလို အပ်နေ

ပဲခူးတိုင်း၊ တော်လှန်ရေးအင်အားစုများထံ စစ်သင်တန်းလာတက်သည့် လူငယ်များအတွက် ရိက္ခာလို အပ်နေ

155
Photo crd- ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းရှိ သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရန် လာရောက်ခို လှုံသူများအတွက် စားနပ်ရိက္ခာထောက်ပံ့မှုအပိုင်းတွင် အခက်အခဲရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်ကောင်စီက စစ်သင်တန်းတက်ရန် အလျင်အမြန် လူအင်အားစုဆောင်းမှုများကြောင့် ပဲခူးတိုင်း ဒေသကြီးနေ လူငယ်၊ လူရွယ်များမှာ လက်လှမ်းမီရာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရန် ဝင်ရောက်ခိုလှုံလာကြခြင်းဖြစ်သည်။

သို့ရာတွင် စစ်သင်တန်းရန်၊ ခိုလှုံရန် လာရောက်သူများကို စားနပ်ရိက္ခာထောက်ပံ့ရေးအပိုင်းတွင် အခက်အခဲရှိသဖြင့် တပ်ရင်း၊ တပ်ဖွဲ့မှ ခွဲတမ်းဖြင့်ရသော ရိက္ခာကိုမျှဝေထောက်ပံ့နေရကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၃၅၀၁ ထံမှ သိရသည်။

တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့လည်း ရနိုင်သမျှရိက္ခာနဲ့ဝယ်ဖြည့်နေရတယ်။ လုံလောက်မှု ကတော့မရှိဘူးပေါ့၊ စစ်သင်တန်းလာတက်ရုံနဲ့တော့ သူတို့စားနပ်ရိက္ခာကို သီးသန့်တောင်းလို့ မရဘူး လေ။ အခုကတော့ တပ်ရင်းကခွဲတမ်းကိုပဲ မျှစားနေရတာပဲ။ ကျနော်တို့က မဖြစ်မနေ ရှောင်ထွက်ရမယ့်ပြည်သူတွေကို လက်ခံထားတာရှိတယ်။ ရဲဘော်အ သစ်တွေခေါ်ဖို့အစီအစဥ် လည်းရှိတော့ အဲဒီကျမှပဲ သင်တန်းပေါင်းဖွင့်မှာပါ။” ဟု ၎င်းက ပြောသည်။

Photo crd- ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တပ်ဖွဲ့အနေဖြင့်လည်း ၎င်းတို့စစ်ရေးလှုပ်ရှားမှုနယ်မြေအတွင်း ပဋိပက္ခကြောင့်ဒုက္ခရောက်ရသော ပြည်သူလူထုအားလည်း ထောက်ပံ့နေရခြင်းရှိသဖြင့် ရိက္ခာအပိုင်းတွင် အခက်အခဲရှိနေခြင်းဖြစ်သည်ဟု ၃၅၀၁ ၏ ပြန်ကြားရေးတာဝန်ခံက ဖြည့်စွက်ပြောသည်။

ထို့အတူ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ဖိအားပေးမှုကြောင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လာရောက်ခိုလှုံ စစ်ပညာသင်ကြားသူ လူငယ်အများ အပြားရှိသော်လည်း NUG ထံမှ ရိက္ခာမရရှိသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် ထပ်မံလက် ခံသင်တန်းပေးရန် အခက်အခဲရှိနေကြောင်း အဖွဲ့တာဝန်ရှိသူက ဒေသတွင်းသတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီဘက်ကမူ နိုင်ငံသားတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်သက်ဆိုင်သောကြောင့် ဥပဒေမှ ရှောင် ဖယ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသည်ကိုသိရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေး ယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တပ်ပြန်ကြားရေးသတင်းဌာနများမှ ပြောဆိုထားသလို စစ်မှုထမ်းဥပဒေအား စနစ်တကျအကောင်အထည်ဖော်သွားမည်ဟူ၍လည်း စစ်ကောင်စီခေါင်းဆောင်က ယမန်နေ့က ပြုလုပ်ခဲ့သော (၇၉)နှစ်မြောက် တပ်မတော်နေ့တွင် ပြောဆိုထားသည်။