Home သတင်း စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် KNLA နှင့် KNDO အသိပေးစာပေးပို့

စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် KNLA နှင့် KNDO အသိပေးစာပေးပို့

201
Photo- KNDO

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့ တောင် ဘက် စုကလိတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလာရောက်ပူးပေါင်းမှုလုပ် ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (၁၀၃)နှင့် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၈)တို့၏ အသိပေးစာတစ်စောင် ယမန်နေ့က လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ထွက်ပေါ်လာသည်။

KNLA တပ်ရင်း (၁၀၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောသေဂေးနှင့် KNDO တပ်ရင်း(၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးတို့ လက်မှတ်ရေးထိုးထားသည့် အဆိုပါ အသိပေးစာတွင် စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက် တိုက်ခိုက်ခြင်း မပြုမီ လက်နက်ချလာရောက်ပူးပေါင်းရန်၊ ၎င်းတို့နှင့်လာရောက်ပူးပေါင်းပါက အသက်အန္တရာယ်များကို အာမခံပေးနိုင်သလို ပူးပေါင်းခြင်းမလုပ်ဆောင်ပါက စခန်းကိုရရှိအောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ထိုအသိပေးစာကို စုကလိစခန်းတွင် အခြေချသည့် ခြေမြန်တပ်ရင်း -ခမရ(၅၆၀)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးသူရိန်ဦး (စုကလိလှုပ်ရှား)နှင့် ခြေလျင်တပ်ရင်း -ခလရ(၃၂) စုကလိစခန်းထိုင် တပ်မှူး၊ တပ်သားများအား ပေးပို့ပေးခြင်းဖြစ်ကာ တပည့်သားသမီးများ၏အသက်လုံခြုံရေးကို ထည့် တွက်စဉ်းစားရန်အတွက် ယခုလို အသိပေးခြင်းလည်းဖြစ်ကြောင်း ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက“ဒါကပူး ပေါင်းတပ်ဖွဲ့ အား လုံး တိုင်ပင်ပြီးတော့ သတိပေးခိုင်းတာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ကတော့ နာမည်တော့မဖော်ဘူး။ အားလုံးဆုံးဖြတ်ချက်နဲ့ ပေးပို့တာဖြစ်ပါတယ်။ သတိပေးတဲ့အတိုင်းမလုပ်ရင်တော့ ဒီဘက်ကတော့ စခန်းကို တိုက်မှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

စုကလိတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်ခန့်ရှိပြီး အဆိုပါ တပ်ရင်း၏ ဗျူဟာမှူးမှာ ကျိုက်ဒုံမြို့ဗျူဟာကုန်းစခန်းမှ ဗိုလ်မှူးကြီး အောင်ကျော်စိုးဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြုလုပ်သော ကျိုက်ဒုံ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် ၆၆ ဦးထဲတွင် ဗျူဟာမှူး အောင်ကျော်စိုး လည်း အပါအဝင်ဖြစ်သည်။

ထို့ကြောင့် စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လာရောက်ပူးပေါင်းမည်ဆိုပါက လက်နက်ငယ်အသံပေးပြီး အော်ခေါ်အချက်ပေးစေလိုကြောင်းလည်း KNLA/KNDO အသိပေးစာတွင် ပြောဆိုထားသည်။

ဝေါလေဒေသတွင် စုကလိအပါအဝင် ဝေါလေ၊ ဥကရစ်ထ၊ ထီးကပလယ်စသည့် စစ်ကောင်စီတပ် စခန်းများ တည်ရှိနေဆဲဖြစ်ကြောင်း နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။