Home သတင်း မူတြော်ခရိုင်တွင် နေ့စဉ်နီးပါးမိုးရွာသွန်းမှုကြောင့် တောင်သူလယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံ

မူတြော်ခရိုင်တွင် နေ့စဉ်နီးပါးမိုးရွာသွန်းမှုကြောင့် တောင်သူလယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံ

757

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ ၅ နယ်မြေ) လူသောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ နေ့စဉ် နီးပါး မိုးရွာသွန်းနေမှုကြောင့် ကျေးရွာအုပ်စု ၄ ခုရှိ ကျေးရွာပေါင်း ၂၁ ရွာမှ ဒေသခံများ စ ပါးရိတ်သိမ်းရန် အခက်အခဲရှိနေကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က နိုဝင် ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင်တွင် ယခုနှစ် မိုးရာသီအကုန် စပါးရိတ်သိမ်းသည့်အချိန်ကာလ ရောက်ရှိနေ သော်လည်း မိုးထပ်မံရွာသွန်းနေသည့်အတွက် စပါးများမရိတ်သိမ်းနိုင်ဘဲ စပါး စေ့များပြန် လည်အပင်ပေါက်လာသောကြောင့် လူသောမြို့နယ် ခေးပူကျေးရွာအုပ်စုတွင် ကျေးရွာ ၆ ရွာ၊ ဃိုးလိုကလိုးကျေးရွာအုပ်စုတွင် ကျေးရွာ ၈ရွာ၊ လယ်မူပလော ကျေးရွာ အုပ်စုတွင် ကျေးရွာ ၃ ရွာနှင့် စောမူပလော ကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာမှ ရွာသား များအနေဖြင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကေအဲန်ယူ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စပါးများမရိတ်သိမ်းနိုင်ရခြင်းနှင့်ပတ်သက်၍ ဒေသခံတောင်သူတစ်ဦးက “ ကျမတို့ စပါးစိုက်စက မိုးကရွာလိုက်တိတ်လိုက်နဲ့၊ စပါးလည်း စိုက်ပြီးရော မိုးတွေလည်း အသား ကုန်ရွာ၊ ရေတွေလည်းကြီး၊ မြေလဲပြိုဖြစ်ပြန်ရော တချို့သောစပါးတွေတောင် ပျက်စီး သွားခဲ့ရတယ်။ အခုလည်း စပါးကရိတ်သိမ်းဖို့ အချိန်တန်နေပြီး သို့သော်လည်း မိုးတွေက အဆက်မပြတ်ဆက်တိုက်ရွာနေတာ‌ကြောင့် စပါးတွေရိတ်သိမ်းမရတော့ပဲ စပါးစေ့တွေပါ အပင်ပြန်ပေါက်ရခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် မူတြော်(ဖာပွန်)ခရိုင်ဘက်တွင် ကုန်းလမ်းရေလမ်းပိတ်ဆို့ခံထားရ၍ ဖာပွန် မြို့အတွင်းသို့ အခြေခံစားသောက်ကုန်များမရောက်ရှိဘဲ ဆန်စပါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ရပ်တည်ရန်ခက်ခဲလာပြီး နေရပ်စွန့်ခွာမှုများရှိနေကြောင်း ဖာပွန်မြို့ခံ၏ ပြောဆိုချက်အရ သိရသည်။

၎င်းအပြင် ကေအဲန်ယူ မူတြော်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ စပါးစတင်စိုက်သည့်အချိန်ကလည်း စစ်ကောင်စီတပ်ဘက်က ဒေသအတွင်းရှိကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် တောင်ယာလုပ်ကိုင်သူများက စပါး စိုက်ရန် အဆင်ပြေမှုမရှိကြောင်း ကေအဲန်ယူ တပ်မဟာ ၅၊ မူတြော်ခရိုင်ပြောရေးဆိုခွင့် ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုနှစ်ဇူလလိုင်းတွင် ကေအိုင်စီ-ကရင်သ တင်းဌာနကို ပြောဆိုဖြေကြားထားသည်။

ထို့အတူ မူတြော်ခရိုင်တွင် တောတောင်သဘာဝစိုက်ခင်းများပေါများပြီး တောင်ယာလုပ် ကိုင်ကြသူများပြားလျက်ရှိကာ တောင်ယာလုပ်ကိုင်သည့် စိုက်ခင်း ၈၀၂၁ ခင်း၊ ဧက ၂၆,၇၇၅ ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေနှင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ယာလုပ်ကိုင်သူအရေအတွက်သည် ယခင်နှစ်ကထက် သုံးပုံ တစ်ပုံခန့် လျော့နည်းသွားသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်၏ မှတ်တမ်းအရ သိရှိရသည်။

အလားတူ မူတြော်ခရိုင်တွင် စပါးရိတ်သိမ်းလို့မရတော့သည့် အခက်အခဲနှင့်ကြုံတွေ့နေရ သည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊ စားနပ်ရိက္ခာပြတ်လပ်နေခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုမရရှိခြင်းနှင့် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းဝင်ရောက်ပြီး ပြည်သူများ၏ ပစ္စည်းများနှင့် အခြေခံစား သောက်ကုန်များကိုလည်း ယူဆောင်နေမှုများကြောင့် ဒေသခံပြည်သူများမှာ ရှေ့ဆက်လုပ် ကိုင်ရမည့်အရာထက် တရက်တာ မိသားစုစားဝတ်နေရေးအတွက်ကိုသာ ရပ်တည်ရန် ရုန်းကန်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။