Home သတင်း စစ်ကောင်စီတပ် ကင်းပုန်းဝပ်လာသဖြင့် အလူးရွာဒေသခံများ လုံခြုံရေးသတိဖြင့် နေထိုင်နေရ

စစ်ကောင်စီတပ် ကင်းပုန်းဝပ်လာသဖြင့် အလူးရွာဒေသခံများ လုံခြုံရေးသတိဖြင့် နေထိုင်နေရ

654
Photo: Crd.

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ အ လူးရွာအုပ်စုသို့ စစ်ကောင်စီတပ်က အကြိမ်ကြိမ် ကင်းပုန်းလာဝပ်သည့်အတွက် ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် လုံခြုံရေး သတိဖြင့် နေထိုင်နေရကြောင်း ရွာခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ အလူးရွာအုပ်စုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး နောက် စစ်ကောင်စီက ရွာများအတွင်း မကြာခဏ စစ်ကြောင်းထိုး ဝင်လာခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ထိခိုက် သေဆုံးရသည့်ဒေသခံများလည်းရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ယခု အောက်တိုဘာလအတွင်း နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ် မော်တော်ယာဥ်တန်းများအား လုံခြုံရေးယူပေးရန် ကားလမ်းနှင့်ပိုနီးကပ်သော အလူး အနောက်ရွာလေးသို့ စစ်ကောင်စီတပ်ဖွဲ့များက အကြိမ်ကြိမ် ကင်းပုန်း ဝပ်လာဆဲဖြစ် သည့်အတွက် အလူးရွာအုပ်စုရှိ အနောက်ရွာလေးအပါအဝင် ကျန် (၄)ရွာမှ ဒေသခံ များလည်း သတိထားနေထိုင်ရသည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အရင်က နှစ်ရက်ခြားတစ်ခါလောက် စစ်ကြောင်း ဝင်ဝင်လာတာ ဒီနေ့အထိဆို အကြိမ်နှစ်ဆယ် ဘယ်ကတော့မလဲ၊ မနေ့ကလည်း လမ်းကြောင်းရှိလို့ ကင်းပုန်း ဝပ်ဖို့ဆိုပြီး အနောက်ရွာလေးကို ဝင်သွားတာ ညနေ(၄)နာရီလောက်မှ ပြန်ထွက် သွားတယ်။ သူတို့လာတာနဲ့ တချို့ရွာသားတွေက ကြောက်ပြီး ရှောင်တယ် ။ ကျမတို့ ကတော့ ရှောင်ရတာခဏခဏ ကြာတော့မပြေးနိုင်တော့ဘူး ရိုးနေပြီ။ အသံလာရာနား ထောင်ပြီး စားလည်းသတိ ညအိပ်လည်းသတိနဲ့တော့ နေရတာပေါ့။” ဟု ၎င်းက ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

ခြံထွက်သီးနှံစိုက်ပျိုးရောင်းချခြင်း၊ ရာဘာနှင့် တောင်ထန်းခုတ်ခြင်း၊ ဝါးခုတ်ခြင်း အများဆုံးလုပ်ကိုင်ကြသည့် ဒေသခံများမှာ ယခင်က စစ်ကြောင်း ထိုးမှုနှင့် လက်နက် ကြီး ဒဏ်များကြောင့် အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်ရာတွင် စားဝတ်နေ ရေး အခက်အခဲများကြုံတွေ့ခဲ့ရသလို ယခုလို တိုက်ပွဲငြိမ်သက်ချိန် အနည်းငယ် ပြန်လည်လုပ်ကိုင်နိုင်သော်လည်း စိုးရိမ်မှုရှိနေဆဲဖြစ်သည်ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “အခုလောလောဆယ်တော့ ငြိမ်နေတယ်။ နှစ်ဖက်မှာ တစ်ဖက် ငြိမ်နေတယ် ဆိုရင် နည်းနည်းလုပ်စားလို့ရသေးတယ်လေ။ ဖြစ်လာပြီဆိုရင်တော့ တချို့က ဘုန်းကြီးကျောင်း ဒါမှမဟုတ် ဆွေမျိုးအိမ်မှာသွားရှောင်တယ်။ တောထဲမှာက လက် နက်ကြီးကျလို့ ရှောင်တဲ့သူမရှိဘူး။ အဲ့လိုအချိန်ဆို တော်ရုံတန်ရုံ အလုပ်မ လုပ်ရဲကြတော့ ရှိတာလေးနဲ့ပဲထိန်းစားရတာ။” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အလူးလေးရွာအတွင်း စစ်ကြောင်း ဝင်ရောက် လာသည့်အတွက် အိမ်ခြေ ၉၀၀ ခန့်ရှိ အလူးရွာ (၅)ရွာနှင့် ဝင်းပြန်ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

အာဏာသိမ်းကာလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သော ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)ထိန်းချုပ်သည့် အလူးရွာအုပ်စုသည် စစ်ကောင်စီဘက်မှ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ပြီး တော်လှန်ရေးအင်အားစုများမှ နုတ်ထွက်ရန် သတိပေး မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ဝံ့သူမရှိဘဲ ရပ်မိရပ်ဖများ၏ဝိုင်းဝန်း စောင့်ရှောက်မှုဖြင့် သတိထားနေထိုင်နေရသည့် နယ်မြေတစ်ခုဖြစ်သည်။