ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တစ်လအတွင်း ဆန်နှင့်ဆီဈေးနှုန်း အဆမတန်မြှင့်တက်လာသော ကြောင့် မြို့ပေါ် သို့ စစ်ဘေးလာရောက်တိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ပိုမိုအခက်တွေ့ နေကြရကြောင်း ၎င်းစစ်ရှောင်ပြည်သူများက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ယခုလ ဩဂုတ်လ ပထမအပတ်မှစ၍ ဆန်နှင့်ဆီဈေးနှုန်းများသည် ယခင်လများထက် သိသိ သာသာ ဈေးနှုန်းမြှင့်တက်လာသောကြောင့် ထားဝယ်မြို့ပေါ် ကြက်စားပြင်ရပ်ကွက်တွင် တိုင်းအတွင်းရှိ မြို့နယ် ဒေသအသီးသီးမှ လာရောက်စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံများအနေဖြင့် အခက်တွေ့နေရကြောင်း စစ်ဘေးတိမ်းရှောင်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“အရင်ကထက် ၂ ဆကျော်တယ်။ ဆန်တစ်ပြည်ကို (၆,၀၀၀) ။ ဆန်အကြမ်းက တစ်ပြည် (၄,၀၀၀) ထိတက် တယ်။ ဆီပုံးတစ်ပိဿာကို (၈,၀၀၀) ။ တစ်ဆယ်သားကို (၈၀၀) ထိတက်လာတယ်။ အလုပ်ကမရှိတော့ ငွေကြေး အခက်အခဲတွေရှိလာတယ်။ အခန်းခတွေ ဈေးမတက်လာတာဘဲ ကျေးဇူးတင်ရမယ်။ ကော်ဖီ တစ်ထုပ်ကို ၂၅၀ ကနေ ၃၅၀ ထိဖြစ်နေပြီး။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် အခြေခံလူတန်းစားများ အဓိကစားသောက်နေရသည့် စားသုံးဆီ ၁ လီတာတစ်ဘူးလျှင် ဇူလိုင်လတုန်း က (၄,၅၀၀) ကျပ်သာရှိသော်လည်း ယခုဩဂုတ်လတွင် (၅,၅၀၀) ကျပ်အထိ မြှင့်တက်လာခဲ့ပြီး ပဲလုံး ဆီ ၁ လီတာတစ်ဘူးလျှင် (၅,၄၀၀) ကျပ်မှ (၆,၀၀၀) ကျပ်အထိ ဈေးတက်လျက်ရှိကြောင်း ဒေသခံများ ပြောသည်။
ထို့အပြင် ကျေးရွာများဘက်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသဖြင့် ထားဝယ်မြို့အဝင်အထွက် ရှိ စစ် ဆေးရေးဂိတ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယာယီပိတ်ဆို့ထားမှုများ ပြုလုပ်ထားသောကြောင့် ကျေးရွာနေ ဒေသခံများအနေဖြင့် သွားလာရေး အခက်အခဲများရှိနေကြောင်း ဒေသခံများ ကပြောသည်။
ကျေးလက်နေ ဒေသခံတစ်ဦးက “မြို့ထဲမှာက နည်းနည်းအေးတယ်။ မြို့ဝင်ဂိတ် ရွာဖက်လမ်းပိတ်ထားတယ်။ အခု ထိမဖွင့် သေးဘူး။ နောက်သုံးလ ကြာရင် ပြန်ဖွင့်မယ်လို့ အသံကြားတယ်။ အတိကျတော့မသိရသေးဘူး။ စစ်ပွဲ တွေကြားမှာနေရတော့ အိမ်ပစ်ထားပြီး ပြေးရတာ ။” ဟု ကေအိုင်စီသို့ပြောသည်။
ထိုကျေးရွာများဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုများ လုပ် ဆောင် လျက်ရှိပြီး ကျေးရွာအတွင်း အရပ်သားနေအိမ်မီးရှို့ဖျက်ဆီးခြင်းနှင့် ကျေးရွာအတွင်းရှိ ဒေသခံများအား လူ သားဒိုင်းအဖြစ် ခေါ်ဆောင်ဖမ်းဆီးခြင်းများကို ပိုမိုပြုလုပ်လာနေကြောင်းလည်း ဒေသခံများက ပြောဆိုကြ သည်။



















