နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး(တောင်ငူ)ခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ လိပ်သို-တောင်ငူလမ်းကြောပေါ်ဖြတ်သန်း၍ ဆန်အိတ်ပမာဏများများ သယ်ဆောင်ရာတွင် စစ်အုပ်စုတပ်အထိုင်ချဂိတ်များက အစစ်အဆေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။
အထူးသဖြင့် ဆန်အိတ်များသယ်ဆောင်ရန် လမ်းတစ်လျှောက်ရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်များကို ငွေကြေးပေးနေရသူအချို့က အခြေအနေကို လူမှုကွန်ရက်မီဒီယာပေါ် ထုတ်ဖော်ပြောကြားပြီးနောက် ဆန်အိတ်အများအပြား သယ်ဆောင်ခြင်းကို...