ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့ရှိ ခရိုင်၊ မြို့အဆင့် စစ်ကောင်စီ အုပ်ချုပ်ရေးရုံးများတွင် ရုံးလုံခြုံရေးစိုး ရိမ်မှုများကြောင့် ဋ္ဌာနဆိုင်ရာရုံးများတွင် ပြည်သူများအနေဖြင့် ဝင်ခွင့်ကဒ်များ ထုတ်ယူပြီးမှ ရုံးလုပ်ငန်းလုပ်ဆောင်မှုကို ခွင့်ပြုရန် အမိန့်ထုတ် ညွှန်ကြားထား ကြောင်း စစ်ကောင်စီ၏ ဋ္ဌာနဆိုင်ရာနှင့် ရုံးလုပ်ငန်းချိတ်ဆက်လုပ်ဆောင်ရ သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါ အုပ်ချုပ်ရေးရုံးများရှိ ဋ္ဌာနဆိုင်ရာရုံးများကို ဝင်ရောက်ခွင့်ရရန် ကိုယ်ရေး အချက်အလက်ဖြည့်ပေးရပြီး ဋ္ဌာနဆိုင်ရာရုံးများသို့ ဝင်ရောက်နိုင်မည့် သက်သေခံ ကဒ်ပြားများကို ပြန်လည်ထုတ်ပေးကာ ကဒ်များကိုလည်း ဋ္ဌာနအလိုက် အရောင်ခွဲထားပေးကြောင်း ကိုယ်တွေ့ကြုံရသူ ဖားအံမြို့ခံတစ်ဦးက ယခုလိုပြောသည်။
“မှတ်ပုံတင် နဲ့ သန်းခေါင်စာရင်း လုပ်ဖို့သွားတာ ဖားအံ စုပေါင်းရုံးက အရင်ခေတ် ကလို မဟုတ်တော့ဘူး။ သူတို့ လုံခြုံရေးကို တင်းကြပ်လာတော့ ရုံးကိစ္စဆို ဘယ်သူမှ မသွားချင်ကြတော့ဘူး။ သူတို့ရုံးကိုလာတဲ့ သူတွေကို ရန်သူလိုပဲကြည့် တယ်။ ဆက်ဆံတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် အကုန်ဖြည့်ရတယ်။ ပြီး တော့ လည်စွဲ ကဒ်ထုတ်ရတယ်။ ကိစ္စပြီးရင် ပြန်အပ်ရတယ်။ ကဒ်ပျောက်ရင် (၃၀,၀၀၀)လျော်ရမယ်တဲ့။ သူတို့ အဲ့လို စနစ်ပြောင်း လိုက်တယ်။ တစ်လလောက်ရှိပြီး ”ဟု ထိုမြို့ခံက ကေအိုင်စီ သို့ပြောသည်။
ယခုကဲ့သို့ လုံခြုံရေးခွင့်ပြုချက်ဖြင့် ဝင်ခွင့်ကဒ်လုပ်ရခြင်းမှာ ဋ္ဌာနဆိုင်ရာ ရုံးများ တိုက်ခိုက် ဖောက်ခွဲခံရမည်ကို စိုးရိမ်ကြသလို ထိုသို့ တိုက်ခိုက်ခံရလျှင်လည်း တိုက်ခိုက်ခံရသည့်ဆိုင်ရာ ဋ္ဌာနများအနေဖြင့် တာဝန်ယူဖြေရှင်း ရမည့် အခြေအနေ အထိ ဋ္ဌာနဆိုင်ရာရုံးဝန်ထမ်းများတွင် လုံခြုံမှုမရှိတော့သည့် သဘောဖြစ်လာ နေကြောင်း စစ်ကောင်စီ၏ ဖားအံစုပေါင်းရုံးကို ရုံးစာရွက်စာတမ်းထောက် ခံချက် ကိစ္စသွားရောက်လုပ်ဆောင်ခဲ့သူ မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “ကဒ်က တစ်မျိုးထဲမဟုတ်ဘူး။ တစ်ဋ္ဌာနကို သွားမယ်ဆိုရင် တစ်ရောင်တစ် မျိုးတင်ပြပြီးလည်ပင်းမှာ ဆွဲထားပြီးမှ သွားလို့လုပ်လို့ရတယ်။ ကဒ်တွေက ဌာန ဆိုင်ရာ အလိုက်ခွဲထားတယ်။ ကဒ်အရောင်ကို ပေါ့နော်။ အဲ့ဒီ မှာကြည့်ရင် သိနိုင်တယ်။ ဌာနအလိုက် နေရာတစ်ခုမှာ ပြဿနာတစ်ခုတက်မယ်ဆိုရင်တောင် ဘယ်ဌာနက တာဝန်ယူဖြေရှင်းရမယ်ဆိုတာမျိုး ဖြစ်နေတယ်။ သူတို့ ဝန်ထမ်း တွေလည်း မချောင်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က ဖားအံမြို့ရှိ ပြည်နယ်တရားရုံးနှင့် ပြည်နယ်အစိုးရရုံး အဝင်အထွက်ကို ကန့်သတ်ခွင့်ပြုချက်ကဒ်ဖြင့်သာ ဝင်ရောက်သွားလာရသည့် စနစ် ရှိခဲ့ပြီး ယခုစစ်ကောင်စီအုပ်ချုပ်သည့် မြို့နယ်အဆင့် ရုံးများအထိ လုံခြုံရေးကန့် သတ်ချက်များဖြင့် ရုံးလုပ်ငန်းလုပ်ကိုင်ရသည့် အခြေအနေအထိ ဖြစ်လာခြင်းဖြစ် သည်။
အလားတူ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံရုံးများဖြစ်သည့် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မြဝတီနှင့် ဖာပွန် ဒေသမြို့ နယ်များ ရှိ ရုံးအဆောက်အအုံများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအတွင်းပစ်ခတ်မှုများကြောင့် ရုံးအဆောက်အဦး ပျက်စီးသည့်အခြေအနေများရှိနေကြောင်းလည်း နီးစပ်သည့် သတင်းအရင်း အမြစ်များထံမှ သိရပါသည်။
လတ်တလော သံတောင်မြို့၊ လှိုင်းဘွဲမြို့ နှင့် ဖားအံစစ်ကောင်စီ အုပ်ချုပ်ရေးဌာန ဆိုင်ရာရုံးများလည်း တိုက်ခိုက်ခံရမှု မရှိစေရေး လုံခြုံရေးဂရုပြုရန် ပြည်နယ် စစ်ကောင်စီက ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း စစ်ကောင်စီဝန်ထမ်း အရင်းအမြစ်များက ပြောသည်။



















