Home သတင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျုးလွန်သည့် စစ်ကောင်စီအား ICC မှ အရေးယူ ပေးရန် DYC တိုက်တွန်း

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျုးလွန်သည့် စစ်ကောင်စီအား ICC မှ အရေးယူ ပေးရန် DYC တိုက်တွန်း

678
Photo: DYC

မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေဖြင့် မြန်မာနိုင်ငံရှိ လူသားမျိုးနွယ်အပေါ် ရာဇဝတ် မှုများ ကျုးလွန်နေသည့် စစ်ကောင်စီအား လျင်မြန်စွာအရေးယူပေးရန် ဒီမိုကရက်တစ် လူငယ်ကောင်စီ(DYC) က ယနေ့ မတ်လ(၁၈)ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။

ရုရှားနိုင်ငံသမ္မတဗလာဒီမီယာပူတင်ကို ယူကရိန်းနိုင်ငံမှ ကလေးများအား ရုရှားနိုင် ငံသို့ အတင်းအဓမ္မပို့ဆောင်ခဲ့မှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိ သဖြင့် ယမန်နေ့ ယမန်နေ့ မတ်လ(၁၇)ရက်နေ့တွင် ICC က ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းအပေါ် ကြိုဆိုကြောင်းနှင့်ပူးတွဲ၍ မြန်မာအာဏာသိမ်း စစ်ကောင်စီအားလည်း ဖမ်းဝရမ်းထုတ်၍ ဆင့်ခေါ်အရေးယူပေးရန် ထိုသို့တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည် ဟု DYC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ခုခံမှုများဖြစ်ပေါ်ရခြင်းမှာ နိုင်ငံတကာ၏ကြားဝင်စေ့စပ်မှု အားနည်း ခြင်းကြောင့်ဖြစ်သလို DYC အနေဖြင့် ရုရှားနိုင်ငံ၏ယူကရိန်းနိုင်ငံအပေါ် ကျုးလွန်မှုများအား ကမ္ဘာနိုင်ငံ သားအနေဖြင့် လက်မခံနိုင်၍ ICC ၏ အရေးယူမှုကို ကြိုဆိုရခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံသား များအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများစွာရှိသည့်အတွက်ကြောင့် အလားတူအရေးယူပေးရန် တိုက်တွန်း တောင်းဆိုရခြင်းဖြစ်ကြောင်း DYC ဥက္ကဋ္ဌ ဂျေဆင်က ဆိုသည်။

၎င်းက “မြန်မာနိုင်ငံမှာဆိုရင်လည်း ရုရှားနဲ့ဆင်တူတဲ့ပြစ်မှုတွေ စစ်ကောင်စီက လူသားတွေအပေါ်ကျုးလွန်တဲ့ ပြစ်မှုတွေအများကြီးရှိတယ်။ ဥပမာ ကချင်ပြည်နယ် အနန့်ပါကျေးရွာမှာ ကျုးလွန်တဲ့ကိစ္စတွေ၊ ရှမ်းပြည်နယ် နမ်းနိန်းကျေးရွာမှာ ဖြစ်သွားတဲ့ကိစ္စတွေပေါ့။ ဒါ့ကြောင့် ရုရှားကို ICC က အရေးယူတာ ကျနော်တို့ အင်မတန်ကိုလက်ခံကြိုဆိုတယ်။ ဒီလိုပဲ ရုရှားရဲ့လက်ဝေခံဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာ ဥပဒေလမ်း ကြောင်းအရ အမြန်ဆုံးအရေးယူဖို့ ကျနော်တို့ တိုက်တွန်းတောင်းဆိုတာပါ။” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီ၏ ဒေသတွင်းအကြမ်းဖက်မှုများသည် ပြည်တွင်း၌သာမက နိုင်ငံတ ကာငြိမ်းချမ်းရေးကိုပါ ထိပါးလာစေသော လုပ်ရပ်များဖြစ်သည့်အတွက် ICC မှ အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကူညီကယ်ဆယ်ရာ ရောက်ပြီး မြန်မာ့အရေးဖြေရှင်းရာတွင် ထိရောက်မှုရှိလာမည့်အကြောင်း DYC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: DYC

အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်ကောင်စီကျုးလွန်ခဲ့သောရာဇဝတ်မှုများစွာရှိ ခဲ့သောကြောင့် ယခင်စစ်ခေါင်းဆောင်ဟောင်းများနှင့် လက်ရှိ အာဏာသိမ်းစစ် ကောင်စီအား ICC မှ အရေးယူမှု လုပ်ဆောင်ရန် ရာခိုင်နှုန်းအားဖြင့် (၁၀၀) ရာခိုင်နှုန်းအထက်တွင်ရှိနေသည်ဟု ယုံကြည်သော်လည်း လူထုနှင့် အဖွဲ့အစည်းအား လုံး၏ ပေါင်းစည်းလုပ်ဆောင်မှုလိုအပ်ကြောင်းလည်း DYC ဥက္ကဋ္ဌက သုံးသပ်ပြောဆိုသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီ(DYC)ကိုနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ တက်သိပညာရှင်များဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အာဏာရှင်စနစ် နိဂုံးချုပ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် နိဂုံးချုပ်ရေးနှင့် လူငယ်များ နိုင်ငံရေးတွင်ပိုမိုပါဝင်လာ၍ လူငယ့်ကံကြမ္မာ ဖန်တီးရေး စသည့် ရပ်တည်ချက်သုံးရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် CDM လှုပ်ရှားမှု ပိုမိုတိုးတက်လာရန်လုပ်ဆောင်ခြင်း၊ လူငယ်များသို့ နိုင်ငံရေးရာနှင့် သင်တန်းပို့ချမှုများအား NUG ၏ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနနှင့်သာမက အခြားသောအဖွဲ့အစည်းများဖြင့် ပူးပေါင်းဖွင့်လှစ် ပေးခြင်း အစရှိသည်တို့ကို လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။