စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို/သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာရှိ ဝင်းဝတပ်စခန်းသို့အင်အားဖြည့်ရန် စက်တင်ဘာ(၂၀)ရက်နေ့မှစ၍ ဝင်ရောက်လာသော စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာခံအမျိုးသား(၁)ဦးသေဆုံးပြီး အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
ယမန်နေ့၊ စက်တင်ဘာ(၂၄)ရက်ဖြင့် အဆိုပါထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၄၀၃၊ ၄၀၄၊...