Home ကဗျာ ကေအိုင်စီသို့ ကဗျာတစ်ပုဒ်

ကေအိုင်စီသို့ ကဗျာတစ်ပုဒ်

909

ကေအိုင်စီသို့ ကဗျာတစ်ပုဒ်

ခေတ်ရေစီးမှာ
ခေတ်ပြိုင်တွေနဲ့ အပြိုင်ရင်ပေါင်တန်း
ဒီလိုနဲ့ ….
၂၅-နှစ်သက်တမ်း ပြည့်ခဲ့ပြီ…။

ပြန်ကြားမယ် ပညာပေးမယ်
ဖျော်ဖြေတင်ဆက် ပြည်သူ့အတွက်ဆို
နား သို့မဟုတ် မျက်စိ
အချိန်နဲ့ တပြေးညီ ရှိနေမယ်…။

သတင်းဟာ
တိကျမယ် မှန်ကန်မယ်
မြန်ဆန်မယ် ဘက်လိုက်မှုကင်းမယ်
အတင်းအဖျင်း ကောလဟာလ မရှိစေရ
ဒါ … ကေအိုင်စီရဲ့ သင်္ကေတ…။

သမိုင်းမှာ လူခေါ်ခံရတဲ့
ကော်သူးလေမျိုးဟာ
ခေတ်စနစ်ဆိုး အမျိုးမျိုးနဲ့
သူသေကိုယ်သေ စီးချင်းထိုးခဲ့တော့
ကေအိုင်စီဟာလည်း
လှိုင်းတွေ လေတွေကြား မွေးဖွား ရှင်သန်
အဖိနှိပ်ခံ တော်လှန်အံတု
လူ သို့မဟုတ် လူထုနဲ့အတူတူ…။

ကေအိုင်စီရေ…
သူလိုင်ပင်နဲ့ စိမ်းလန်း
ဖားစည်ဂီတနဲ့ ငြိမ်းချမ်းခဲ့တဲ့ပြည်မှာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တိုင်းရင်းသား တန်းတူညီမျှမှု
အလေးမပြု ရှေ့မရှုသရွေ့တော့
မဆုံးတဲ့ တော်လှန်ခရီး
လူ့တာဝန်တွေ မပြီးသေးသမို့
ဆက်လျှောက်ပေဉီးစို့…. ကေအိုင်စီရေ…။

မင်းဆုလဒ်(မြစ်ဝကျွန်းပေါ်) (ခေတ္တ – ဒေါနမြေ) ၁.၇.၂၀၂၂
(ကေအိုင်စီ၊ ငွေရတုအထိမ်းအမှတ်)