Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)

ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)

418

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီး နော်စူစဲန် နာလှလှစိုးကို Free Burma Ranger(FBR)မှ Gold Medal ဆု ပေးအပ်ချီးမြင့်ခံရခြင်းနှင့် ၎င်း၏ ဝန်ကြီးဌာနအတွင်း လုပ်ဆောင်မှု အတွေ့အကြုံများကို ဆက်သွယ်မေးမြန်းခြင်း။

KIC – FBR ဆု ရရှိဖြစ်ပုံလေးနဲ့ ဒီဆုက ဘယ်လောက်ထိ အရေးပါ သလဲဆိုတာလေး ကနဦး ရှင်းပြပေးပါလား။
နော်စူစဲန်နာ – FBR ကနေ ကျမကို သူတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဖိတ်ခေါ်တယ်။ အဲ့မှာ သူတို့ရဲ့ FBR အဖွဲ့ ဝင်တွေဖြစ်တဲ့ ကရင်နီး၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းပေါင်းစုံက လူတွေ တက်ရောက်တာကို တွေ့ရတယ်။ အဲ့မှာ ကျမကို သူတို့က ခေါ်ပြီး FBR Gold Medal ဆုပေးတာပေါ့။ သူတို့ပြောတာက ဒီဆုက အမြင့်ဆုံး ဆုပဲပေါ့နော်။ ၁၀ နှစ်အထက် ရဲရဲရင့်ရင့် အလုပ်လုပ်တဲ့သူတွေကို ပေးတဲ့ဆုပေါ့။ ကျမကို သူတို့ မြင်တာက ဒီစစ်အာ ဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေ အများကြီးရှိတာပေါ့။ ကျမက ကျမရဲ့ ကရင်အမျိုးသားတွေ ကြားမှာနေပြီးတော့ စာလည်းသင်သလို အခက်အခဲ ရှိနေတဲ့သူတွေ၊ ကလေးသူငယ် အမျိုးသမီးတွေကို ကူညီပေး တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကူအညီတွေ လိုအပ်နေတဲ့အချိန်မှာ ကျမက ကိုယ့်လူမျိုးနဲ့အတူ ရပ်တည် လုပ်ဆောင်နေတဲ့အပေါ်မှာ ဒါကို သူတို့က ဂုဏ်ပြုတဲ့သဘောပါ။

KIC – NUG မှာလည်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာ ဝန်ကြီးတစ်ယောက်အနေနဲ့ တာဝန် ယူထားရတဲ့အပေါ် အဲ့ဒီဌာနမှာ ကိုယ်လုပ်ဆောင်လာခဲ့ရတဲ့ လုပ်ငန်းစဉ်တွေ ဘာတွေ ရှိသလဲဆိုတာ အများပြည်သူ သိအောင် ရှင်းပြပေးပါအုံး။
နော်စူစဲန်နာ – ကျမက အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှာ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလူ အစုအဖွဲ့ သုံးခုစလုံးအတွကို အလုပ်လုပ်ပေးရတာပေါ့။ တိုင်းပြည်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီအုပ်စုသုံးစုက လူဦး ရေ အများဆုံးရှိနေတာကို တွေ့ရတယ်။ ၈၀ရာခိုင်နှုန်းကျော်ရှိတာပေါ့။

တိုင်းပြည်မှာ အမျိုးသမီးဆိုရင် ၅၁ရာခိုင်နှုန်း ရှိတယ်။ လူငယ်ဆိုရင်လည်း အများကြီးရှိတာပေါ့။ ပြန်ကြည့်မယ်ဆိုရင် ဒီစစ်ပွဲတွေဖြစ်တော့ ပြေးလွှားတိမ်းရှောင်နေ ရတဲ့အထဲမှာ အမျိုးသမီးတွေတော်တော်များများပါတာပေါ့။ အဲ့ထဲမှာမှ ကိုယ်ဝန်သည်အမျိုးသမီးတွေလည်း ပါတယ်။ သူတို့တွေ တော်တော်လေး ခက်ခဲ့ကြရတယ်။ တောထဲ တောင်ထဲမှာ လိုက်ပုန်းပြေးနေရတာ။ မီးဖွားခါနီးတွေလည်း ပါတယ်။ သူတို့အတွက် ကျမတို့က Maternity case လေးတွေ ပို့ပေးတယ်။ အဲ့ထဲမှာ သူတို့ မီးဖွားဖို့ လိုအပ်တဲ့ ပစ္စည်း အားလုံးကို ထည့်ပေးထားတာပေါ့။ ရှေ့တန်းမှာ ကူညီပေးနေတဲ့ ဆေးပညာ အနည်းငယ် ကျွမ်းကျင်တဲ့သူတွေရှိရင် အဲ့ဒါတွေကို အသုံးပြုပြီး ကူညီမီးဖွားပေးလို့ရတာပေါ့။

နောက်ပြီး သူတို့ စားသောက်ဖို့ လိုအပ်တာတွေကို ဝယ်ယူနိုင်ဖို့ ငွေကြေးထောက်ပံ့ပေးတာလည်း ရှိတယ်။ တစ်ယောက်ကို ကျပ် ၅သောင်းနှုန်းနဲ့ ပြီးခဲ့တဲ့ နှစ်ကဆိုရင် လူတစ်သောင်းကျော် နှစ်သောင်းလောက် ပေးနိုင်ခဲ့တယ်။ ဒီနှစ်လည်း ပေးဖို့ရှိတယ်။ အခုဆို ကရင်ပြည်နယ်မှာဆိုရင် KWO နဲ့ ပူးပေါင်းပြီး စပေးနေပြီး။ ကရင်နီမှာဆိုလည်း ကရင်နီအမျိုးသမီးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကူညီပေးနေပြီး။

နောက်ပြီး စစ်ကောင်စီတပ်သားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ အခုထိ လုပ်နေတာလည်း ရှိတာပေါ့။ အဲ့လို ခံခဲ့ရသူတွေကိုလည်း ဆေးဝါးတွေ၊ counselling တွေ ငွေကြေးအကူအညီတွေ ပေးအပ်တာပေါ့။ ပြီးတော့ ကလေးသူငယ်တွေပေါ့။ သူတို့ မိဘတွေကိုလည်း ဖမ်းဆီးသလို ကလေးတွေကိုပါ လိုက်ဖမ်း တာမျိုးရှိတဲ့အပေါ်မှာ သူတို့အတွက် လိုအပ်တဲ့ လုံခြုံတဲ့ နေရာတွေကို လုပ်ဆောင်ပေးတာလည်း ရှိတာပေါ့။ IDP ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ စာသင်ခန်းတွေ ဖန်တီးလုပ်ဆောင်ပေးတယ်။ CDM ကျောင်းဆရာ ဆရာမတွေ စာသင်ကျောင်းတွေ ဖန်တီးလုပ်ဆောင်တာကိုလည်း ကူညီပေးတယ်။ လွတ်မြောက်နယ်မြေကို လာခိုလှုံနေရတဲ့ လူငယ်တွေကိုလည်း သူတို့အတွက် နေရာထိုင်ခင်းတွေကို ကူညီလုပ်ဆောင်ပေးတယ်။ ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရ တဲ့ လူငယ်တွေကိုလည်း ဆေးဝါးအကူအညီအတွက် လိုအပ်တဲ့ ငွေကြေးတွေ ပေးအပ်တယ်။ ပြီးတော့ ဆက်ပြီး ပညာ သင်ကြားချင်တဲ့လူငယ်တွေကိုလည်း လိုအပ်တဲ့ Recommendation တွေ Scholarship တွေလည်း ပေးအပ်ပေးတယ်။

KIC – ဒီလို ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာကော ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ကြုံတွေ့ရ တာမျိုးရှိလဲ။ ဒါကိုကော ဘယ်လိုကျော်ဖြတ်နေရလဲ။
နော်စူစဲန်နာ – စိန်ခေါ်မှုကတော့ အများကြီးရှိတာပေါ့။ လိုအပ်ချက်တွေကလည်း အများကြီးရှိတာကို။ ပြည်သူတွေ ကလည်း အများကြီး ကူညီလှူဒါန်းပေးတာမျိုးရှိတယ်။ ဒါတွေကို ကျမတို့က ပြန်ကူညီပေးရတာပေါ့။ ငွေကြေးကတော့ လုံလောက်မှုမရှိဘူး။ စကစဘက်က ဖမ်းဆီး အရေးယူမှုတွေ အကြမ်းဖက်မှုတွေ အမျိုးသမီးတွေကို အကြမ်းဖက်တာ တွေကို လုပ်ဆောင်တာလည်း ပိုများလာတာကိုတွေ့ရတယ်။ ပြောရမယ်ဆိုရင် ပြည်သူလူထုတွေက ကြောက်ရွံ့စိုးရိမ်မှု တွေအောက်မှာ နေနေရတာပေါ့။ သူတို့က တောတောင်တွေလည်း ပြေးလွှာပုန်းရှောင်နေရကြရတော့ စိန်ခေါ်မှု အခက်အခဲတွေ အများကြီး ကြုံတွေ့ကြရတာပေါ့။

တချို့ Counselling တွေကို အွန်လိုင်းကနေပဲ ပေးရတယ်။ တချို့ နေရာတွေက အွန်လိုင်းမရတဲ့ အခက်အခဲရှိ တယ်။ ပြီးတော့ Cash Transfer လုပ်တဲ့နေရာမှာ လိုင်းမရတော့ ငွေကြေး လက်ခံရရှိမှု မရှိတဲ့ အခက်အခဲလည်း ရှိကြ တာပေါ့။ ထောင်ထဲရောက်နေတဲ့ ကလေးတွေလည်း ထောင်က မဆံ့လို့ ရဲစခန်းအချုပ်ခန်းတွေမှာ ထားထားရတာတွေ ရှိတယ်။ အဲ့မှာ လူငယ်တွေမှာ အစာမစားရတာတွေ ရှိတယ်။ ရေမချိုးရတာတွေ၊ ကိုဗစ်ထိတာတွေရှိတော့ အသားအ ရေတွေ မပြည့်တော့ဘဲ ပိန်ညောင်လာတာတွေရှိတော့ သူတို့အတွက် စိုးရိမ်ရတာပေါ့။

ပြောရမယ်ဆိုရင် အခု နိုင်ငံတကာ ကူညီမှုတွေက ယူကရိန်းကိစ္စဖြစ်လာတော့ ယူကရိန်းရဲ့ဖြစ်စဉ်က လွှမ်းမိုး လာပြီး ကျမတို့ တိုင်းပြည်ရဲ့ အခက်အခဲ ထိခိုက်နစ်နာမှုတွေကို မေ့ဖျောက်ခံရမှာကိုလည်း စိုးရိမ်မိတာပေါ့။

KIC – NUG ဝန်ကြီး ဌာနအနေနဲ့က တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက ဘယ်အစုအဖွဲ့မျိုးနဲ့ ဘာတွေပူးပေါင်းဆောင် ရွက်တာမျိုးရှိလဲ။
နော်စူစဲန်နာ – ကျမတို့ကတော့ အတတ်နိုင်ဆုံး တိုင်းရင်းသားအဖွဲ့အစည်းတိုင်းနဲ့တော့ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျမတို့က ဖက်ဒရယ်ကို သွားချင်နေကြတာလေ။ ဖက်ဒရယ်ဆိုတာကလည်း ကိုယ့် ပြည်တွင်းထဲမှာပဲ Local Government တွေ Local Governance တွေမှာပဲရှိတော့ သူတို့ကို အားကောင်းအောင် အားပေးရမှာပဲ။ ကျမတို့ အော်ပရေးရှင်း လုပ်တာပဲဖြစ်ဖြစ်၊ အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်တာပဲ ဖြစ်ဖြစ် ကူညီဆောင်ရွက်တာတွေပဲဖြစ်ဖြစ် ကျောင်းတွေ ထူထောင်တာ ဆေးရုံဆေးခန်းတွေ၊ ထူထောင်ပြုပြင်ပေးတာ တွေ အားလုံးကို တိုင်းရင်းသားအဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာပဲ။ ကေအဲန်ယူမှာဆိုလည်း သူတို့ဌာန တွေ အများကြီးရှိတယ်။ အဲ့ဒီ ဌာနအဖွဲ့အစည်းတွေနဲ့ အဓိက ပူးပေါင်း ဆောင်ရွက်တာပေါ့။ နောက်ပြီး ကရင်နီကော၊ ချင်းကော သူတို့မှာလည်း ဌာနတွေ အများကြီးရှိတဲ့အပေါ်မှာ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိတာပေါ့။

KIC – နောက်ပိုင်း ဝန်ကြီးရဲ့ဌာနမှာပဲ ဒုဝန်ကြီးဖြစ်တဲ့ မအိသဉ္ဇာမောင် ဆိုလည်း Women of courage award ဆုတာမျိုးတွေ့ရတဲ့အပေါ်မှာ ဘယ်လို မှတ်ချက်ပြု ပြောချင်တာမျိုးရှိလဲ။
နော်စူစဲန်နာ – ဒါကို အသိအမှတ်ပြုပါတယ်။ ဘာဖြစ်လဲဆိုတော့ သူက လူငယ်တစ်ယောက်ဖြစ်တယ်။ ကျမတို့ တိုင်း ပြည်မှာ နွေဦးတော်လှန်ရေးဖြစ်တော့ သူကပဲ အဓိက ဦးဆောင်ပြီး လူငယ်တွေ အမျိုးသမီးတွေကို ဦးဆောင်မှု ပေးခဲ့ တာ။ စစ်အာဏာရှင်အောက်မှာ မနေလိုတဲ့ သူတို့ရဲ့ ဆန္ဒကို သူတို့ ဖော်ထုတ်ပြသခဲ့တယ်။ ကျမယုံကြည်တာက သူက တကယ်ရဲရင့်တဲ့ အမျိုးသမီးဖြစ်တာကြောင့် လူငယ်တွေကိုလည်း ဦးဆောင်နိုင်တဲ့အပေါ်မှာ ဒီဆုနဲ့ ထိုက်တန်တယ်လို့ တော့ ကျမယုံကြည်တယ်။

KIC – ထူးခြားမှုက ဝန်ကြီးဌာနတစ်ခုထဲမှာပဲ နှစ်ဦးစလုံးက ဆုတွေ အသီးသီးရရှိတဲ့အပေါ်မှာ ခွန်အားဖြစ်စေပြီးတော့ ရှေ့ဆက် ဒီဝန်ကြီးဌာနအတွက်ဖြစ်စေ၊ နိုင်ငံရဲ့ရှေ့အနာဂတ်အတွက်ဖြစ်စေ ပိုကောင်းအောင် ဘာတွေ ဆက်လက် တည်ဆောက်လုပ်ဆောင်သွားဖို့ မျှော်မှန်းထားတာမျိုးရှိလဲ။

နော်စူစဲန်နာ – ပြောရမယ်ဆိုရင် စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ကျော်သွားပြီး။ အခုချိန်ထိက ပြည်သူလူထုတွေ က စိတ်ဓါတ်ကျတာမျိုးမတွေ့ရဘူး။ သူတို့လမ်းမတွေပေါ်မှာထွက်ပြီး ဒီစစ်တပ်ကို မလိုလားဘူးဆိုတာ အော်ကြွေး ဆန္ဒဖော်ထုတ်ပြသနေတုန်းပဲ။ ပြောရမယ်ဆိုရင် ဒါက The longest demonstration in the world ပဲ။ ကမ္ဘာမှာ ဒီလောက် နှစ်နဲ့ချီ ဆန့်ကျင်ဆန္ဒဖော်ထုတ်ပြသတာ မတွေ့ဖူးဘူး။ ဒါကြောင့် ကျမတို့ ပြည်သူတွေမှာ ဘယ်လိုမှ စိတ် ဓါတ်ကျ အလျှော့ပေးတာမျိုး မတွေ့ရတာကြောင့် ကျမယုံကြည်တယ် ကျမတို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ရနိုင်မယ်ဆို တာ ငြင်းစရာမရှိဘူး။ အခု စစ်အာဏာရှင်တွေအနေနဲ့က နည်းလမ်းတွေ ရှာမရဖြစ်နေတယ်။ သူတို့မှာရှိတဲ့နည်းက ပြည်သူတွေကို အကြမ်းဖက်တဲ့ နည်းလမ်းပဲရှိတယ်။ သူတို့အတွက် တခြားနည်းလမ်းမရှိတော့ဘူး။

တစ်ခုရှိတာက သူတို့ အင်အားလည်း ကုန်တော့မယ်။ ကျမတို့ မြင်တွေ့နေရတာက သူတို့ကြားမှာလည်း အကွဲ အပြဲတွေ ရှိလာတယ်။ သူတို့ အချင်းချင်းကြားမှာလည်း ချစ်ခြင်းမေတ္တာ မရှိကြဘူး။ ရာထူးကြီးတဲ့သူက ရာထူးနိမ့်သူကို ဖိနှိပ်တယ်။ အဆင့်ဆင့် ဖိနှိပ်မှုတွေ ရှိကြတယ်။ အမုန်းတရားနဲ့ အကြမ်းဖက်တဲ့ နည်းလမ်းတွေသုံးနေတာက ခိုင်မှာတဲ့ ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ အဲ့အတွက် စစ်အာဏာရှင်က မုချ ကျဆုံးပြီး ဒီမိုကရေစီကို အမြန်ဆုံး အကောင်အထည်ဖော် ရရှိနိုင်မယ်လို့တော့ ယုံကြည်တယ်။ ပြီးတော့ တိုင်းပြည်ကို ပြန် ပြုပြင်တည်ဆောက်ရမယ်။ ဘာဖြစ်လဲဆိုတော့ တိုင်း ပြည်က အမုန်းတရားတွေ စစ်ပွဲတွေ အမြင်မကြည်မှုတွေနဲ့ ရှိနေခဲ့တာ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး။ အခုက တိုင်း ပြည်အတွင်း ငြိမ်းချမ်းမှု စည်းလုံးညီညွတ်မှု ရဲရင့်ပြတ်သားမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်အခါရောက်နေပြီးဆိုတာ ကိုတော့ အကြွင်းမဲ့ ယုံကြည်တယ်။

KIC – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာမျိုးရှိသေးလဲ။
နော်စူစဲန်နာ – ကျမတို့ ကရင်ပြည်နယ်မှာ စစ်ပွဲတွေနဲ့ နေလာခဲ့ရတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီး။ ဒါပေမဲ့ ကျမတို့ ကရင်လူမျိုးတွေ စိတ်ဓါတ်မကျကြသေးဘူး။ တော်လှန်ရေးက ဆက်ရှိနေတုန်းပဲ။ ဒါတင်မကဘူး ဒုက္ခရောက်တဲ့သူ တွေ ကရင်ပြည်နယ်ထဲကို ပြေးလာတော့ သူတို့တွေ ကောင်းကောင်းမွန်မွန် ကြည့်ရှုစောင့်ရှောက် တာဝန်ယူပေးတယ်။ ကျမတို့ အမျိုးသားသီးချင်းထဲကလိုပဲ ဧည့်သည်တွေကို ဧည့်ဝတ်ကျေတယ်ဆိုတဲ့အတိုင်း လုပ်ဆောင်တယ်။ နာမည် လည်း မပျက်ဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက်လည်း ကြည့်တယ်။ အဲ့တော့ ကျမ ယုံကြည်တာက ကျမတို့ လွတ်မြောက် ရေးနဲ့ ငြိမ်းချမ်းရေးအပြင် တိုးတက်ဖွံ့ဖြိုးမှုကို ရမယ်လို့ ကျမတကယ် ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ ကရင်အမျိုး သားတွေကို တိုက်တွန်းချင်တာက စိတ်ဓါတ်မကျဖို့နဲ့ တော်လှန်လာခဲ့တာ နှစ်ပေါင်းကြာပြီးဖြစ်တဲ့အတွက် ကျမတို့ ပန်းတိုင်ကိုရောက်ဖို့ နောက်ဆုံးအချိန် ကျရောက်ပြီးဖြစ်တဲ့အတွက် ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွားဖို့ ကျမ တိုက် တွန်းလိုတယ်။