Home သတင်း မြဝတီမြို့တွင် အမျိုးသား‌ရေးအင်အားစုများနှင့် တပ်မိသားစုများ စစ်‌ကောင်စီ‌ထောက်ခံပွဲ ပြုလုပ်

မြဝတီမြို့တွင် အမျိုးသား‌ရေးအင်အားစုများနှင့် တပ်မိသားစုများ စစ်‌ကောင်စီ‌ထောက်ခံပွဲ ပြုလုပ်

1442

‌ဖေ‌ဖော်ဝါရီ ၁ ရက် ၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်း (၁) နှစ်ပြည့် စစ်‌ကောင်စီ ‌ထောက်ခံပွဲ နှင့် NUG အမျိုးသားညီညွတ်‌ရေး အစိုးရအဖွဲ့အား ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲကို မြဝတီမြို့တွင် ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁ ရက် နံနက် ၁ဝ နာရီအချိန်ခန့်က အမျိုးသား‌ရေး အင်အားစုများနှင့် စစ်တပ်‌ထောက်ခံသူ တပ်မိသားစု အသိုင်းအဝိုင်းများက ကျင်းပပြုလုပ်ခဲ့ကြသည်။

မြဝတီမြို့နှင့် အနီးဝန်းကျင် ‌ကျေးရွာများမှ လာ‌သော အင်အား ၄၀ဝ နီးပါးရှိသည့် စစ်‌ကောင်စီ‌ထောက်ခံသူများသည် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင် စုရပ်ပြုလုပ်ပြီး ဘုရင့်‌နောင်လမ်းမကြီးတ‌လျှောက်ချီတက်ကာ အမှတ် ၁ ချစ်ကြည်‌ရေး တံတား‌အောက်မှဖြတ်ကာ ဗိုလ်ချုပ်လမ်းအတိုင်းဆက်သွားပြီး တရားရုံးလမ်းမှတဆင့် မြစန္ဒီပန်းခြံသို့ ဝင်ကာ ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြသည်။

ယ‌နေ့ ‌ထောက်ခံပွဲတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး‌ကောင်စီ (စစ်‌ကောင်စီ)အား ‌ထောက်ခံပါသည်၊ တပ်မ‌တော် အပြည့်အဝ‌ထောက်ခံပါသည်၊ NUG၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ လူသတ်အကြမ်းဖက် PDF အလိုမရှိ အလိုမရှိ၊ NUG အား ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ CRPH အားလက်ခံသူ ဒို့ရန်သူ ဒို့ရန်သူ၊ ပြည်‌ထောင်စုမပြိုကွဲ‌ရေး၊ ဒို့အ‌ရေး ဒို့အ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ‌ရေး ဒို့အ‌ရေး ဒို့အ‌ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ‌ရေး ဒို့အ‌ရေး ဒို့အ‌ရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ နှင့် ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်‌ချေမှုန်းကြ စသည့်‌ကြွေး‌ကြော်သံများကို ‌ကြွေး‌ကြော်ခဲ့ကြသည်။

ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ (၁)ရက်‌နေ့ စစ်‌ကောင်စီအာဏာသိမ်းမှု (၁) နှစ် ပြည့်‌မြောက်‌နေ့တွင် မြဝတီမြို့အတွင်း စစ်‌ကောင်စီ‌ထောက်ခံပွဲကို လုံခြုံ‌ရေးယူ‌ဆောင်ရွက်ခွင့်‌ပေးထား‌သော်လည်း ယ‌နေ့တွင် ‌ရွေး‌ကောက်ပွဲအနိုင်ရ NUG အစိုးရ‌ထောက်ခံသူများ၏ ‌ဈေးပိတ် ဆိုင်ပိတ် အသံတိတ်သပိတ်များ ပြုလုပ်ရန် ကြံစည်‌ဆောင်ရွက်မှု များကိုမူ စစ်‌ကောင်စီအဖွဲ့က ‌စောင့်ကြည့်အ‌ရေးယူမှုများရှိ‌နေသည်။

ထို့အပြင် ရုံးတက်ချိန်နှင့် စာသင်‌ကျောင်းတက်ချိန်များကိုလည်း နံနက် ၁ဝ နာရီ နှင့် မွန်းလွဲ ၃ နာရီထိ တိုးမြှင့်ထားပြီး ရပ်ကွက်အချို့တွင် အားကစားပြိုင်ပွဲများ ပြုလုပ်ကာ လမ်းတွင်လူစည်ကားသ‌ယောင် ပုံ‌ဖော်‌ဆောင်ရွက်လျက်ရှိသည်မြို့ခံများက ‌ပြောသည်။

သို့‌သော်လည်း မြဝတီမြို့‌ပေါ် လမ်းများတွင် ယ‌နေ့ ၁ဝ နာရီ ‌နောက်ပိုင်း ဆိုင်များကို မဖြစ်မ‌နေ ဖွင့်ထားခြင်းများ ရှိ‌သော်လည်း လမ်း‌ပေါ်တွင် လူအသွားအလာ ယခင်ရက်များထက် ထက်ဝက်‌ကျော် ‌လျော့နည်းလျက်ရှိ‌ကြောင်း သိရသည်။