Home သတင်း ‌ကေအဲန်ယူ သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်အား ခရိုင်ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြှောက်

‌ကေအဲန်ယူ သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်အား ခရိုင်ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြှောက်

1288
Photo: KNU

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေ သထုံ(ဒူးသထူ)ခရိုင်၏ (၁၂) ‌မြောက် ကွန် ဂရက်တွင် ယခင်ခရိုင် အတွင်း‌ရေးမှူး ဖြစ်သည့် ပဒို‌စောစိုးမြင့်အား ခရိုင် ဥက္ကဌအဖြစ် ‌ရွေးချယ်တင် ‌မြှောက်လိုက်သည်ဟု သိရသည်။

ဘီးလင်းမြို့နယ် လယ်ကတယ်‌ကျေးရွာတွင် ဇန်နဝါရီလ ၂၄ရက်မှ ၃ဝ ရက်‌နေ့အထိ ကျင်းပသည့် (၁၂) ကြိမ်‌မြှောက် ဒူးသထူခရိုင် ကွန်ဂရက်ကိုသို့ မြို့နယ် (၄)မြို့နယ်နှင့် အထူး‌ဒေသတစ်ခုမှ ကိုယ်စားလှယ် များနှင့် ‌လေ့လာသူများအပါအဝင် စုစု‌ပေါင်း (၁၀၀)‌ကျော် တက်‌ရောက်ခဲ့ကြပြီး ကွန်ဂရက်တွင် ခရိုင် ဥက္ကဌအဖြစ် ပဒို‌စောစိုးမြင့်၊ ဒုဥက္ကဌအဖြစ် တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောစိုးမြင့်‌ထွေး၊ အတွင်း‌ရေးမှူး ပဒို‌စော‌အေးနိုင်၊ တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စော‌ကော်သဘ‌လေးနှင့် ခရိုင်တရားသူကြီးချုပ်ကို ယခင် တာဝန်ယူသည့် ပဒို‌စောဘရင်ကို ထပ်မံ ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်ဟု သိရသည်။

ခရိုင်‌ရွေး‌ကောက်ပွဲတွင် ပါဝင်တက်‌ရောက်ခဲ့သူ ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO)ဥက္ကဋ္ဌ ‌နော်အယ်က မလယ်‌တောက “ဒီသက်တမ်းမှာ ကျမတို့ ပြန်‌ရွေးတဲ့လူ‌တွေက လုပ်နိုင်မယ်လို့‌တော့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌တော်‌တော်များများက အသက်အရမ်းမကြီးဘူး လုပ်နိုင်ကိုင်နိုင် ‌ခြေရှိတယ်။ အရင်တုန်းကလည်း အတိုင်းအတာ တစ်ခုအထိ ကျရာတာဝန်မှာ သူတို့လုပ်ခဲ့တာပဲ ။ ဒီနိုင်ငံ ‌ရေးအ‌ခြေအ‌နေနဲ့ အ‌ကောင်းဆုံးသူတို့လုပ်နိုင်မယ်လို့ ‌မျှော်လင့်တယ်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

Photo: KNU

(၇)ရက်တာကျင်းပပြုလုပ်သည့် ခရိုင်ကွန်ဂရက်တွင် ပြီးခဲ့သည့် (၄)နှစ်တာ လုပ်‌ဆောင်ချက်များကို တင်ပြခြင်း၊ ‌ဆွေး‌နွေးသုံးသပ်ခြင်း၊ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေတွင် ခရိုင်အတွင်း ရင်ဆိုင်ကြုံ‌တွေ့ ‌နေရ သည့်စိန်‌ခေါ်မှုများနှင့် ‌ရှေ့ဆက်လုပ်ငန်းစဉ်များကိုလည်း ‌ဆွေး‌နွေးသည့်အပြင် သက်ဆိုင်ရာဌာ နအသီး သီး၏ တာဝန်ရှိသူများလည်း ‌ရွေးချယ်တင်‌မြှောက်ခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ဒူးသထူခရိုင်ကို သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဖားအံမြို့ နယ်(၄)မြို့နယ်အပြင် ‌မော်စကို အထူး‌ဒေသတစ်ခုနှင့် ပါဝင်ဖွဲ့စည်းထားသည်။ KNU ၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့်‌ခေါင်း‌ဆောင်များကို (၄)နှစ်တစ်ကြိမ် ကွန်ဂရက်ကျင်းပပြီး ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

စစ်အာဏာသိမ်းသည့်‌နောက် ‌ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)နယ်‌မြေတွင် စစ်‌ရေးအ‌ခြေအ‌နေများ တင်းမာလာမှုနှင့်အတူ ပစ်ခတ်တိုက်ခိုက်မှုများလည်း ‌နေ့စဉ်လိုလို ဖြစ်ပွားခဲ့လျက်ရှိသည်ဟု ‌မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။