Home သတင်း မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်း‌အောင် တွန်းလှန်ကြရန် ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး တိုက်တွန်း

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်း‌အောင် တွန်းလှန်ကြရန် ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး တိုက်တွန်း

1486

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ‌ကေအိုင်စီ

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွား‌အောင် တွန်းလှန်ကြရန် ‌ကေအဲန်ယူ -ကရင်အမျိုး သားအစည်းအရုံး ဒူးပလာယာခရိုင် အတွင်‌ရေးမှူး ပဒို‌စောလစ္စတန်က ယမန်‌နေ့ (ဇန်နဝါရီ ၃၁ ရက်) ဒူးပလာယာခရိုင် မိုက်ဖလ(ကိုယ်ဒူးခွဲ)ရွာတွင် ကျင်းပသည့် ၇၃ နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး အခမ်း အနား၌ တိုက်တွန်း‌ပြောကြားခဲ့သည်။

ပဒို‌စောလစ္စတန်က “တစ်နိုင်ငံလုံး သတ်ဖြတ်နှိပ်ကွပ် ဖိနှိပ်ခံ‌နေရတယ်။ ‌နောင်လည်းနည်းမျိုးစုံနဲ့ ပရိ ယာယ်သုံးပြီး ပြန်လှည့်‌ခေါ်အုံးမယ်။ ဒီလိုအုပ်ချုပ်မှု‌အောက် လွတ်‌မြောက်ဖို့ ပြည်သူလူထုတစ်ရပ်လုံး ‌ပေါင်စည်းပြီး‌တော့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်း‌အောင် တွန်းလှန်ကြဖို့ လိုတယ်” ဟု အခမ်းအနားတွင် ‌ပြောကြားသည်။

‌ခေတ်အဆက်ဆက်၏ အုပ်ချုပ်မှု‌အောက်တွင် လွတ်လပ်မှုနှင့် တည်ငြိမ်ခြင်း ကင်းမဲ့မှုဖြင့်သာ ဖြတ်သန်း လာခဲ့ရပြီး မှားယွင်းသည့် အုပ်ချုပ်မှုစနစ်‌အောက်တွင် လွတ်‌မြောက်ရန် ဘဝတူပြည်သူလူထု တစ်ရပ်လုံး အာဏာရှင်စနစ်မှန်သမျှ ‌တော်လှန်ကြရန်လည်း ပဒို‌စောလစ္စတန်က ဆက်လက် တိုက်တွန်းသည်။

ယမန်‌နေ့ ၇၃ နှစ်‌မြောက် အခမ်းအနားတွင် ခရိုင်‌ခေါင်း‌ဆောင်များအပါအဝင် ဝင်း‌ရေး၊ နို့တ‌ကော်၊ ‌ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်ရှိ ‌ဒေသခံများ တက်‌ရောက်ခဲ့ကြပြီး ‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့ လာ‌သော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ကရင်‌တော်လှန်‌ရေး‌နေ့ ဖြစ်‌ပေါ်လာပုံ သမိုင်းအ‌ကြောင်း အရာများကိုလည်း ရှင်းလင်းဖတ်ကြားခဲ့သည်။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင် ရန်ကုန်မြို့ အလုံ၊ စမ်း‌ချောင်း၊ အင်းစိန်မြို့ရှိ KNU ၏ ဌာနချုပ်‌နေရာများ တိုက်ခိုက်ခံခဲ့ရသည့်‌နေ့ကို အစွဲပြုပြီး အဆိုပါ‌နေ့ကို ကရင်လူထုတစ်ရပ်လုံး၏ ‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်လာခဲ့ပြီး ကရင်လူမျိုးများ၏ ‌နေထိုင်ရာ‌ဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။