Home သတင်း ‌လောင်စာဆီကား မီး‌လောင်ခဲ့ပြီး‌နောက် စစ်‌ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်၊ ရွာသူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့

‌လောင်စာဆီကား မီး‌လောင်ခဲ့ပြီး‌နောက် စစ်‌ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်၊ ရွာသူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့

1196
Photo: KNU

ဇန်နဝါရီ ၈ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့အဝင် ကျိုက်ဒုံလမ်းခွဲ‌နေရာ အာရှလမ်းမ‌ပေါ်တွင် ယမန်‌နေ့ညက ‌လောင်စာဆီကား ပစ်ခတ်ခံရကာ မီး ‌လောင်ကျွမ်းခဲ့ပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်‌ကျေးရွာများသို့ ယ‌နေ့ ဇန်နဝါရီလ ၈ရက်တွင် လက်နက် ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ရွာသူအမျိုးသမီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရ သည်။

“မ‌နေ့ညက ဆီကား မီး‌လောင်ပြီး လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်‌နေတာရှိတယ်။ ဒီမနက်လည်း ၈နာရီခွဲကတည်းက စစ် တပ်က လက်နက်ကြီး‌တွေနဲ့ ထပ်ပစ်‌နေတာ အခုချိန်ထိဆို ၁၈လုံး‌လောက် ရှိပြီ။ အခုလည်း ပစ်‌နေတုန်းပဲ။ အရပ်သား ‌တွေချည်းပဲ ထိခိုက်‌နေတာ။”ဟု ‌ဒေသခံတစ်ဦးက ဇန်နဝါရီလ ၈ရက်၊ မနက် ၁ဝနာရီခွဲခန့်တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

ထိုသို့ စစ်‌ကောင်စီဘက်က ပစ်ခတ်‌နေသည့် လက်နက်ကြီးမှာ ‌ကော့ကရိတ်‌တောင်ပိုင်း၊ မြို့‌ဟောင်းရွာသို့ ကျ‌ရောက် ‌ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ် ၃လုံး ထိမှန်သည့်အပြင် အရပ်သားပြည်သူ ၈ဦး ဒဏ်ရာရရှိခဲ့ရာ အများ စုမှာ အမျိုးသမီးများဖြစ်‌ကြောင်း သိရသည်။

ဒူးပလာယာခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌ ‌နော်‌မေရီ‌ဌေးက “သူတို့(စစ်‌ကောင်စီ)ရဲ့ ပစ်မှတ်က သူ့ ရန်သူပဲ မဟုတ်‌တော့ဘဲ လူထု‌တွေဖြစ်‌နေပြီ။ ‌ပြောချင်တာက စစ်‌ရေးပဋိပက္ခ‌တွေဖြစ်ရင် ခံစားကြရတဲ့သူ‌တွေထဲမှာ အမျိုးသမီး‌တွေ၊ မိန်းက‌လေးငယ်‌တွေပဲ ဖြစ်‌နေတယ်ဆိုတာ ဒါ လက်‌တွေ့တစ်ခုပဲ။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာဆို ရင် အမျိုးသမီး‌တွေအသံကို နားမ‌ထောင်ကြဘူး။ စစ်‌ရေးစစ်ရာဟာ အမျိုးသမီး‌တွေနဲ့ မဆိုင်ဘူးလို့ပဲ ‌ပြော‌နေကြတယ်။ ဒါ‌ပေမယ့် စစ်‌ရေးအကျိုးသက်‌ရောက်မှု အားလုံးဟာ အမျိုးသမီး‌တွေလည်းပါဝင်‌နေတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့ ဖြစ်ပွားသည့် လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် မြို့‌ဟောင်းရွာရှိ ‌အေး‌အေး၊ ‌အေးသိန်းနှင့် ‌မောင်‌ဌေး‌အောင်တို့၏ ‌နေအိမ်များ ထိခိုက်ပျက်စီးသွားပြီး ဘုန်းကြီး‌ကျောင်းရှိ ဆွမ်းချက်‌ဆောင်၌ လက်နက်ကြီးကျ‌ရောက် ‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ‌‌ဒေါ်မြ၊ ‌ဒေါ်ခင်‌ဌေးရီ၊ ‌နော်‌ဟော့ချု့၊ ‌မောင်‌ငွေရီ၊ ‌နော်ဒါး‌ချေ့၊ ‌အေးမူ၊ ‌နော်သဇင်ဦးနှင့် ‌နော် မိုးဝသန်တို့ဖြစ်ကြသည်ဟု ‌ကျေးရွာတာဝန်ခံများ ‌ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ဦး‌ခေါင်း၊ ‌ခြေ‌ထောက်နှင့် လက်များတွင် ထိခိုက်ဒဏ်ရာရရှိသွားသည့် ရွာသူအမျိုးသမီးများကို KNU-ကရင်အမျိုးသားအစည်းအရုံး၏ နယ်‌မြေခံကျန်းမာ‌ရေးဝန်ထမ်းများက ကုသ‌ပေးလျှက်ရှိပြီး ၃ဦးမှာ ဒဏ်ရာပြင်းထန် ‌ကြောင်း သိရှိရသည်။

နယ်‌မြေခံ KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၏ ‌ပြောဆိုချက်အရ စစ်‌ကောင်စီတပ်၏ ‌ကော့ကရိတ် အ‌ခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂) လက်‌အောက်ခံ အ‌မြှောက်တပ်နှင့် (၉၇)အ‌မြှောက်တပ်တို့က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

ယမန်‌နေ့ည ၆နာရီခွဲခန့်က ‌လောင်စာဆီတင်‌ဆောင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားတစ်စီး မီး‌လောင်သွား ခဲ့သည့်အ‌ပေါ် AwRa Trading Co.,ltd.(ThaiGas)၏ လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့ကုမ္ပဏီကား တင်‌ဆောင်လာ သည်မှာ အများပြည်သူသုံး ထင်းအစားထိုး‌လောင်စာ ‌ရေနံဓာတ်‌ငွေ့ရည် (LPGas) တင်‌ဆောင်လာသည့် တွဲကားဖြစ် ‌ကြောင်း ယခုလို ‌ဖော်ပြထားသည်။

“ကျွန်‌တော်တို့ ဩရကုမ္ပဏီရဲ့ အများပြည်သူသုံး ထင်းအစားထိုး‌လောင်စာ ‌ရေနံဓာတ်‌ငွေ့ရည် LPGas (ထမင်းချက် သည့်ဂက်စ်) တင်လာသည့် တွဲကားဖြစ်ပါတယ် Pressure Gas (120 Psi) ထည့်တဲ့ အ‌ငွေ့ Gas Bowser ဆိုတာမျိုးက ‌လေအလုံပိတ်ထားရပါတယ်။ ဆီထည့်လို့ရတဲ့ တိုင်ကီမျိုး မဟုတ်ပါ။ အ‌ပေါက်ဖြစ်သွားတဲ့‌နေရာက ဖိအားနဲ့ အထဲက Gas ‌တွေ တွန်းကန်ပန်းထွက်ပြီး မီး‌လောင်‌နေတာကြည့်ရင် သိနိုင်ပါတယ်။ ‌လေယာဉ်ဆီဆိုတာ ‌ရေနံဆီနဲ့ဆင်တူပါ တယ်။ Pressure ဖိအား မရှိပါ။”ဟု ဇန်နဝါရီ ၈ရက်၊ မနက် ၆နာရီတွင် ‌ရေးသား‌ဖော်ပြထားသည်။