Home သတင်း ကျိုက်ဒုံမြို့တွင် ကရင်နှစ်သစ်ကူး‌နေ့ ‌ခေါင်းစဉ်တပ်ပြီး ‌လောင်းကစားဝိုင်းနှင့် ‌ဘောလုံးပွဲကိုသာ ကျင်းပသည့်အ‌ပေါ် ‌ဝေဖန်မှုမြှင့်တက်

ကျိုက်ဒုံမြို့တွင် ကရင်နှစ်သစ်ကူး‌နေ့ ‌ခေါင်းစဉ်တပ်ပြီး ‌လောင်းကစားဝိုင်းနှင့် ‌ဘောလုံးပွဲကိုသာ ကျင်းပသည့်အ‌ပေါ် ‌ဝေဖန်မှုမြှင့်တက်

1083
Photo: CJ

ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယခုနှစ်ကျ‌ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ အထိမ်းအမှတ်အဖြစ် ‌ခေါင်းစဉ်တပ်ထား‌သော်လည်း ‌လောင်းကစားဝိုင်းများနှင့် ‌ဘောလုံးပြိုင်ပွဲ သာကျင်းပပြီး နှစ်သစ်ကူး‌နေ့အခမ်းအနား ကျင်းပခြင်းမရှိသည့်အ‌ပေါ် ‌ဒေသခံလူထုများအကြား ‌ဝေဖန်မှုများမြှင့်တက်လျက်ရှိသည်။

အဆိုပါ ‌လောင်းကစားဝိုင်းနှင့် ‌ဘောလုံးပြိုင်ပွဲများကို စစ်‌ကောင်စီလက်‌အောက်ခံ မြို့အုပ်ချုပ်‌ရေးအဖွဲ့နှင့် နယ်‌မြေခံ နယ်ခြား‌စောင့်တပ်(BGF)တပ်တို့က ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး (၁၁)ရက်ခန့်ကြာကျင်းပသွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကျိုက်ဒုံမြို့ ပွဲကျင်းပ‌ရေး‌ကော်မတီနှင့်နီးစပ်သူတစ်ဦးက “ကရင်အလံတင်အခမ်းအနား၊ ကရင်ရိုးရာဖီ့ဘူး‌ယော်တို့၊ ဒုံးအကတို့ ‌ပြောရမယ်ဆိုရင် ကရင်နဲ့ပတ်သက်တာ ဘာတစ်ခုမှမလုပ်ဘဲ ကစားဝိုင်း‌ထောင်ချင်လို့ လုပ်လိုက်တာဖြစ်တယ်။ ကျ‌နော်တို့ ကရင်လူမျိုးအထွဋ်အမြတ်ထားတဲ့ နှစ်သစ်ကူး‌နေ့ကို ‌လောင်းကစား‌အောက်မှာပဲ နာမည်ခံပြီး ပြီးသွားတယ်။ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ အ‌စော်ကားခံရတာ‌ပေါ့။ နှစ်သစ်ကူးအတွက် စိတ်မ‌ကောင်းဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုလိုလုပ်‌ဆောင်ခြင်းသည် ကရင်လူမျိုးတို့၏ ‌နေ့ထူး‌နေ့မြတ်ကို အသုံးချသွားသည့်အတွက် လူထုများ မ‌ကျေမနပ်ဖြစ်ရခြင်းဖြစ်ရသလို ကျိုက်ဒုံမြို့တွင် နှစ်သစ်ကူးအလံတင်အခမ်းအနားမရှိ‌သော‌ကြောင့် ‌ဒေသခံလူထုအများစုသည် KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ ပူး‌ရေး‌ကျေးရွာတွင် ကျင်းပသည့် ကရင်အမျိုးသားနှစ်ကူး‌နေ့ပွဲ‌တော်ကို သွား‌ရောက်ဆင်နွှဲသွားကြရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

Photo: CJ

အဆိုပါ ကျင်းပသည့် ‌ဘောလုံးအားကစားပြိုင်ပွဲကိုလည်း ကရင်နှစ်သစ်ကူး‌နေ့တွင် ဆု‌ပေးပွဲမလုပ်ဘဲ ဇန်နဝါရီလ (၄)ရက် လွတ်လပ်‌ရေး‌နေ့အထိပါ ပွဲဆက်ကန်ပြီး ထို‌နေ့တွင် ဆု‌ပေးပွဲ‌ပေးသည့်အတွက် နှစ်ခါအသုံးချခံရသလို ဖြစ်သွား‌ကြောင်း ‌ဒေသခံလူထုများက ‌ပြောသည်။

ကျိုက်ဒုံ‌ဒေသခံတစ်ဦးက “ကျိုက်ဒုံကရင်နှစ်သစ်ကူးက ကရင်အလံတစ်ခုမှ မ‌တွေ့ရဘူး။ အရင် BGF ‌ခေါင်း‌ဆောင် အဖိုးဗိုလ်‌ဒေါ‌ဒေါရှိတုန်းကဆိုရင် နှစ်သစ်ကူး‌ရောက်ရင် အိမ်တိုင်း၊ အိမ်တိုင်း ကရင်အလံတင်ရတယ်။ အခု အိမ်‌တွေမှာလည်း အလံတင်တာမရှိဘူး။ ‌ဘောလုံးဒိုင်းမှာ ကရင်နှစ်သစ်ကူး‌နေ့အထိမ်းအမှတ်သုံးပြီး လွတ်လပ်‌ရေး‌နေ့မှာ အထိမ်းအမှတ်အဖြစ် ဆု‌ပေးသွားတယ်”ဟု ‌ပြောသည်။

ကျိုက်ဒုံမြို့သည် BGF (၁၀၂၃) ကြီးစိုးသည့် မြို့တစ်မြို့ဖြစ်သလို ယခင်နှစ်များတွင်လည်း ‌နွေရာသီ‌ရောက်သည့် အချိန်တွင် နယ်‌မြေခံ BGFက ဦးစီး၍ ‌နေ့၊ ည အာဝါ‌ဒေး ‌လောင်းကစားဝိုင်း ကျင်းပသည့် အစဉ်အလာရှိခဲ့သည်။ ၂၀၂ဝ ခုနှစ် ကိုဗစ်ကပ်‌ရောဂါ စတင်ဖြစ်ပွားသည့်ကာလမှစတင်ပြီး အာဝါ‌ဒေး ‌လောင်းကစားဝိုင်း ပိတ်ထားရကာ ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် အာဝါ‌ဒေး‌လောင်းကစားဝိုင်းများ ပြန်လည်ကျင်းပခြင်းလည်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကရင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင်လည်း ဘုရားပွဲ၊ ရဟန်းခံ ရှင်ပြုအလှူပွဲ၊ ‌နေ့ထူး‌နေ့မြတ်ပွဲ ‌ခေါင်းစဉ်တပ်ပြီး အလားတူ အာဝါ‌ဒေး‌လောင်းကစားဝိုင်းများ ကျင်းပမှုရှိသည့်အပြင် အချို့‌နေရာများတွင် နယ်‌မြေခံ လက်နက်ကိုင် အဖွဲ့နှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့တို့ပူး‌ပေါင်းကာ ဇာတ်သဘင်ပွဲငှားပြီး အာဝါ‌ဒေး ‌လောင်းကစား ဝိုင်း‌ထောင်၍ ဝင်‌ငွေရှာ‌ဖွေမှုများလည်းရှိသည်ဟု သိရသည်။